spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းဂီတမွန် ၃၅ နှစ်ပြည့်အထိန်းအမှတ်ပွဲတော် ကျင်းပမည်

    ဂီတမွန် ၃၅ နှစ်ပြည့်အထိန်းအမှတ်ပွဲတော် ကျင်းပမည်

    -

    မွန်သတင်းအေဂျင်စီ (မတ် ၁၃)

    လက်ရှိ မွန်အဆိုတော်နှင့် ဂီတအနုပညာရှင်များ မွေးထုတ်ပေးခဲ့သော “ဂီတမွန်” ၃၅ နှစ်ပြည့့်အထိန်းအမှတ်ပွဲတော်ကို လာမည့်မတ်လ ၃၀ ရက်နေ့တွင် သံဖြူဇရပ်မြို့ ကြာကန်ကွင်း၌ ကျင်းပရန်စီစဉ်ထားကြောင်း သိရသည်။

    “အဖွဲ့အစည်းတစ်ခု ခုလိုရေရှည်တည်တန့်လာဖို့အတွက် ကျနော်တို့ဂီတမွန်အဖွဲ့သားတွေအားလုံးရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အသိအမှတ်ပြုစေချင်တယ်၊ ဒီလိုပွဲတော်တစ်ခု ကျင်းပပြီးစီးတဲ့အခါမှာ ကျနော်တို့ဂီတသမားတွေအချင်းချင်း ရင်းနှီးချစ်ကြည်မှုကို ပိုမိုတည်ဆောက်နိုင်မယ်လို့မျှော်လင့်ပါတယ်၊ အမျိုးသားရေးကဏ္ဍမှာဆိုရင်လည်း ဂီတအနုပညာဆိုတာ မရှိမဖြစ်လိုအပ်နေတဲ့အတွက် ရှေ့ကဆရာကြီးတွေ လမ်းပြတည်ဆောက်ခဲ့သလို ကျနော်တို့လူငယ် Generation မျိုးဆက်သစ်ဂီတသမားတွေအနေနဲ့ ဂီတမွန်ကို လက်ဆင့်ကမ်းသွားနိုင်ဖို့ပါ” ဟု လက်ရှိ ဂီတမွန်အဖွဲ့ခေါင်းဆောင် အဗ္ဘဏ်က မွန်သတင်းအေဂျင်စီကို ပြောသည်။

    အဆိုပါ အထိန်းအမှတ်ပွဲတော်တွင် မွန်ဂီတပညာရှင်များ၊ ဂီတမွန်အဖွဲ့သားဟောင်းများအပါအဝင် လက်ရှိအဖွဲ့ဝင်များ၊ မွန်ဂီတအဆိုတော်များနှင့် ရှေးဟောင်းမွန်ရိုးရာကျေးလက်ဂီတအဖွဲ့တို့ တက်ရောက်သီဆိုတီးခတ်ကြမည်ဟု ဂီတမွန်အဖွဲ့ခေါင်းဆောင်က ဆက်ပြောသည်။

    အဗ္ဘဏ်က “နောက်ပြီး အထူးအစီအစဉ်အနေနဲ့ ပရိတ်သတ်တွေနဲ့အတူ ဂီတသမားတွေ Game ကစားတဲ့ကဏ္ဍပါရှိတယ်၊ ဖြေဖျော်ရေးကိုလည်း တမူထူးခြားစွာ တင်ဆက်ပေးသွားမယ်၊ မွန်အမျိုးသားဂီတတိုးတက်မြင့်မားလာဖို့အတွက် ပရိတ်သတ်တွေလည်း ကျနော်တို့နဲ့အတူ ပါဝင်ဆင်နွှဲဖို့ ဖိတ်ခေါ်ပါတယ်” ဟု ဆိုသည်။

    ဂီတမွန်အဖွဲ့၏ ၃၅ နှစ်ကြာကာလသက်တမ်းတွင် အဆိုတော်၊ တီးခတ်သူ၊ တေးရေးသံစဉ်ဖန်တီးသူများစွာ မွေးထုတ်နိင်ခဲ့ပြီး ယခုအခါ မွန်တီးဝိုင်း Stage Show-Music Band များဖြစ်သော ဂီတမွန်၊ MMB, The Sheldrake (ရမျှာင်ၐိုပ်) ၊ လျးဂီတအပြင် အခြားသောအဖွဲ့ငယ်များနှင့် တစ်ကိုယ်တော် လှုပ်ရှားနေသူများကိုလည်း တွေ့ရှိရသည်။

    မွန်ပြည်နယ်နှင်အတူ မွေးဖွားလာခဲ့သော ပထမဦးဆုံး ခေတ်ပေါ်မွန်တေးဂီတအဖွဲ့ဖြစ်သည့် “လျးဟံသာ” အဖွဲ့မှ ဂီတမှူး အိုင်းမွန်(အာဲမန်) နုတ်ထွက်ခဲ့ပြီး ၁၉၈၄ ခုနှစ်ခန့်တွင် “ဂီတမွန်” အဖွဲ့ကို ဦးဆောင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

    ထို့အတူ ဂီတမွန် အနှစ် ၃၀ ပြည့်ပွဲတော်ကိုလည်း ၂၀၁၄ ခုနှစ်တွင် သံဖြူဇရပ်မြို့၌ ကျင်းပခဲ့ရာ မွန်ဂီတအနုပညာလောကတွင် ပါဝင်လှုပ်ရှားခဲ့သော ဝါရင့်မွန်သီချင်း တေးရေးဆရာများကိုလည်း ပူဇော်ကန်တော့သည့် အခမ်းအနား ပါဝင်ကြောင်း တွေ့ရှိရသည်။

    Photo- ဂီတမွန် စင်တင်ဖြေဖျော်ရေးအစီအစဉ်(ဂီတမွန်)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks