Homeသတင်းကျိုက်ထိုမြို့ စတိုးဆိုင်ဓါးပြတိုက်သူတပ်ပြေး ၂ ဦးအား နာရီပိုင်းအတွင်းဖမ်းမိ

ကျိုက်ထိုမြို့ စတိုးဆိုင်ဓါးပြတိုက်သူတပ်ပြေး ၂ ဦးအား နာရီပိုင်းအတွင်းဖမ်းမိ

-

မင်းချမ်းညီ(ကျိုက်ထို၊ ဇန်-၁၆)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ဗိုလ်ချုပ်လမ်းရှိ One Stop Mart စတိုးဆိုင်၌ ဇန်နဝါရီလ ၁၅ ရက်နေ့ ည ၁၁ နာရီက AK 47 သေနတ်ဖြင့် ဓါးပြတိုက် လုယက်ခဲ့သူတပ်ပြေး ၂ ဦးကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိကြောင်း ကျိုက်ထိုမြို့မ ရဲစခန်းမှသိရသည်။

အဆိုပါ ပြစ်မှုကျူးလွန်သူနှစ်ဦးမှာ ရေတပ်ဗျူဟာစစ်ရေယာဉ်စု၊ ဗျူဟာ (၁) ၊ သန်လျင်မြို့မှ ရဲထက်(အသက် ၂၃ နှစ်) နှင့် ကွပ်ကဲထိန်းသိမ်းရေးစခန်း(မစ်ဇိုင်း)၊ ရေတပ်ပေါင်းစု ၊ သန်လျင်မြို့မှ အောင်ကိုကိုဦး(အသက် ၂၀ နှစ်) တို့သည် ၂၀၁၈ ခုနှစ် ဇူလိုင်လတွင် ယင်းတပ်အသီးသီးမှ ထွက်ပြေးလာကြသူများဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ရေးသားထားသည်။

ကျိုက်ထိုမြို့မ ရဲစခန်းမှူး ဒုရဲမှူး အေးမြင့်က “ဓါးပြတိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး လက်ရှိမှာ ပြစ်မှုကျူးလွန်သူတွေကို အမှုဖွင့်ပြီးတော့ ဖမ်းဆီးအရေးယူထားပြီးပါပြီ” ဟု ပြောသည်။

အခင်းဖြစ်ပွားသည့် စတိုးဆိုင်မှငွေသားတချို့နှင့် ဈေးဝယ်သူ အမျိုးသားတစ်ဦး၏ဆိုင်ကယ်ကို လုယုထွက်ပြေးသွားပြီး ကင်မွန်းချောင်းကျေးရွာအနီးတွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ပြစ်မှုကျူးလွန်သူများထံမှ ငွေသား ၂၂၃၆၀၀ ကျပ်၊ AK 47 သေနတ်တစ်လက် ၊ ကျည်အတောင့် ၄၀ နှင့် လုယူခဲ့သည့် ဆိုင်ကယ်တစ်စီးကို သိမ်းဆည်းထားပြီး ကျိုက်ထိုမြို့မရဲစခန်းမှ (ပ) ၄၃/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်အရေးယူထားခြင်း ဖြစ်သည်။


Photo- ဓါးပြတိုက် လုယက်ခဲ့သူ ၂ ဦး(ကျိုက်ထိုမြို့မ ရဲစခန်း)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,600SubscribersSubscribe

Latest posts