Homeသတင်းရဲတပ်သားမောင်နှင်းလာသော လိုင်စင်မဲ့ကား ဖမ်းမိ

ရဲတပ်သားမောင်နှင်းလာသော လိုင်စင်မဲ့ကား ဖမ်းမိ

-

မင်းသူရိန် (မော်လမြိုင်၊ ဇန်-၁၅)

မွန်ပြည်နယ် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် စည်းကမ်းပျက်ယာဉ်များ ဖမ်းဆီးအရေးယူရေး ရက် ၁၀၀ လင်းယုန်စီမံချက်တွင် ဇန်နဝါရီလ ၁၄ ရက် ညနေပိုင်းက မော်လမြိုင်စက်မှုဇုန် လုံခြုံရေးကင်းရှေ့၌ ရဲတပ်သားမောင်နှင်းလာသော လိုင်စင်မဲ့ကား ဖမ်းမိခဲ့ကြောင်း မော်လမြိုင်မြို့၊ စက်မှုဇုန်နယ်မြေရဲစခန်းမှ သိရသည်။

အဆိုပါ လိုင်စင်မဲ့ယာဉ်အား မောင်းနှင်သူ မွန်ပြည်နယ် ရဲအကူတပ်ဖွဲ့ခွဲမှ ရဲတပ်သား မောင်မောင်နှင့် ယာဉ်ပိုင်ရှင် သီဟ(ခ) မင်းသီဟတို့ကို စက်မှုဇုန်နယ်မြေရဲစခန်းမှ (ပ) ၈/၂၀၁၉၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ-၈ နှင့် ပုဒ်မ-၁၀ ဖြင့် အရေးယူခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ဘဲ (ဇန်နဝါရီလ ၁၅ ရက်) မော်လမြိုင်မြို့နယ်တရားရုံးမှာ ရမာန်ယူလိုက်ပြီ”ဟု ရဲအုပ် နိုင်နိုင်ဝင်းက ဆိုသည်။

မော်လမြိုင်စက်မှုဇုန် မော်တော်ယာဉ်များအား ရပ်တန့်စစ်ဆေးနေစဉ် ဘားအံဘက်မှ မော်လမြိုင်ဘက်သို့ မောင်းနှင်လာသော MARK II အမျိုးအစားမော်တော်ယာဉ်၊ ခဲရောင်အား စစ်ဆေးခဲ့ကြောင်း စက်မှုဇုန်နယ်မြေရဲစခန်း မှတ်တမ်းတွင် ရေးသားထားသည်။

မွန်ပြည်နယ်အတွင်း ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် စည်းကမ်းပျက်ယာဉ်များ ဖမ်းဆီးအရေးယူရေး ရက် ၁၀၀ လင်းယုန်စီမံချက်အရ ဇန်နဝါရီ ၁၅ ရက်နေ့က မော်တော်ကား၊ မော်တော်ဆိုင်ကယ်၊ ဘေးတွဲယာဉ် စသည့်စည်းကမ်းပျက်ယာဉ် ၄၄၁ မှုကို ဖမ်းဆီးအရေးယူခဲ့ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှ သိရသည်။

Photo- လိုင်စင်မဲ့ယာဉ်အား မောင်းနှင်သူနှင့် ပိုင်ရှင်(မော်လမြိုင် စက်မှုဇုန်နယ်မြေရဲစခန်း)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts