spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် ဆောင်းသီးနှံချေးငွေ သိန်း ၆ သောင်းကျော်ထုတ်ပေး

    မွန်ပြည်နယ်တွင် ဆောင်းသီးနှံချေးငွေ သိန်း ၆ သောင်းကျော်ထုတ်ပေး

    -

    မင်းချမ်းညီ(မော်လမြိုင်၊ ဇန်-၅)
    ယခု ဆောင်းရာသီကာလအတွက် မွန်ပြည်နယ်က တောင်သူများကို ဆောင်းသီးနှံချေးငွေ ကျပ်သိန်းပေါင်း ၆ သောင်းကျော်ထုတ်ပေးခဲ့ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(မွန်ပြည်နယ်ရုံး) မှ သိရသည်။

    မွန်ပြည်နယ် ရေးမြို့နယ်မှလွဲ၍ ကျန်မြို့နယ် ၉ ခုရှိ ကျေးရွာပေါင်း  ၉၉ ရွာမှ တောင်သူ  ၇,၅၉၉ ဦးအတွက် ဆောင်းသီးနှံချေးငွေအဖြစ် ငွေကျပ်သိန်းပေါင်း  ၆,၂၁၇,၅၃၀,၀၀၀ ထုတ်ချေးခဲ့ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(မွန်ပြည်နယ်ရုံး) မှ  ပြည်နယ်ညွှန်ကြားရေးမှူး ဦးကျော်စွာလှိုင်က ဆိုသည်။

    “အရင်သီးနှံတုန်းက အကြွေးတွေကိုတော့ မွန်ပြည်နယ်က တောင်သူတော်တော်များများက အလိုက်သိစွာနဲ့ ပြန်ဆပ်ကြပါတယ်။ ဆောင်းသီးနှံချေးငွေကို ရေးမြို့နယ်က တောင်သူတွေ မချေးကြဘူး။ ကျန်မြို့နယ်က တောင်သူတွေကို ထုတ်ချေးပေးခဲ့တယ်။” ဟု ၎င်းက မွန်သတင်းအေဂျင်စီကို ပြောသည်။

    ဆောင်းသီးနှံဆန်စပါးစိုက်ပျိုးသည့်တောင်သူများအပါအဝင် ပဲလွန်း၊ ဘိုကိတ်၊ ပဲပုပ်၊ နှမ်း၊ မြေပဲ၊ မတ်ပဲ နှင့် ပဲတီစိမ်း စိုက်ပျိုးမြေဧက ၅၄,၂၂၀ ဧကအတွက်  ချေးငွေ ထုတ်ချေးပေးခဲ့ခြင်း ဖြစ်သည်။
    Photo- ဆောင်းသီးနှံစိုက်ခင်းတစ်နေရာ(MNA)
    ယခင်ရာသီသီးနှံစိုက်ပျိုးစရိတ်မကြေသေးသူများလည်း ဆောင်းသီးနှံချေးငွေတစ်ဧက တစ်သိန်းနှုန်းဖြင့် ရယူနိုင်ကြောင်း  ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလကုန်ပိုင်းက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က တရားဝင် ထုတ်ပြန်ခဲ့သည်။
    နိုင်ငံတော်သမ္မတ၏ ပြီးခဲ့သည့်ဒီဇင်ဘာလ မွန်ပြည်နယ်ခရီးစဉ်အတွင်း ဆန်စပါးစိုက်ပျိုးမှုများနှင့်ပတ်သက်၍ မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံက ၂၀၁၈-၂၀၁၉ ခုနှစ်၊ မိုးစပါးစိုက်ပျိုးမှု လျာထားဧက ၆၉၀,၀၀၀ အနက်မှ ၆၈၀,၀၀၀ စိုက်ပျိုးထားပြီး  ၂၀၁၇-၂၀၁၈ ခုနှစ်၊ နွေစပါးစိုက်ပျိုးမှု လျာထားဧက  ၇၉,၀၀၀ မှ ၄၁,၀၀၀ စိုက်ပျိုးထားပြီးဖြစ်ကြောင်း သမ္မတဦးဝင်းမြင့်ထံ တင်ပြခဲ့သည်။

    သို့ရာတွင် မော်လမြိုင်မြို့မှ လယ်စိုက်တောင်သူ ဦးသန်းဝင်းက “ချေးငွေထုတ်ယူတဲ့အခါမှာ အရင်ကနဲ့မတူတာက ပုံစံ(၇) ကိုသိမ်းထားတယ်။ ပြေစာသိမ်းထားတယ်။ ချေးငွေပြန်ဆပ်ရင်တော့ ပြန်ရမှာပေါ့။မိုး တွင်းတုန်းကလည်း လယ် ၈ ဧက စပါးက တင်း ၂၀ လောက်ပဲရတယ်။ အားလုံးသေကုန်တယ်။ မိုးရာသီ စမ်းချောင်းတွေတူးလို့မရလို့ သက်ဆိုင်ရာက နွေပေါက်ရင်လုပ်ပေးမယ်လို့ပြောပြီး အခုချိန်ထိတော့ တယောက်မှ မလာဘူး။ ဆောင်းတွင်းကျတော့လည်း လယ်ထဲကို ရေတက်ရေ မရောက်တော့ဘူး။ စမ်းချောင်းတွေကောင်းရင်တော့ ရေရောက်တယ်။ အခုဆောင်းရာသီမှာလည်း စိုက်စားပျိုးလို့ အဆင်မပြေသေးဘူး” ဟု ဆိုသည်။
    မြန်မာ့လယ်ယာဖွံ့ဖြိုးဘဏ်မှ ချေးယူထားသည့် မိုးစပါးချေးငွေများကို လည်း ၂၀၁၉ ခုနှစ် ဇန်နဝါရီလကုန်နောက်ဆုံးထားပြီး အကြေဆပ်ကြရန် ကြေညာထားကြောင်း၊ ပြီးခဲ့သည့်နှစ်က  ဆောင်းသီးနှံချေးငွေအဖြစ်   မွန်ပြည်နယ်မြို့နယ် ၉ ခုရှိ ကျေးရွာပေါင်း  ၉၀ မှ တောင်သူ  ၇,၃၇၆ ဦး၏ စိုက်ပျိုးမြေဧက  ၅၅,၁၈၅ အတွက် ငွေကျပ်   ၄၅,၃၃၄  ဒဿမ  ၅ သိန်း ထုတ်ချေးပေးခဲ့ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(မွန်ပြည်နယ်ရုံး) မှသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks