spot_img
Monday, January 20, 2025
More
    spot_img
    Homeသတင်း“ဘာများ ပြောင်းလဲနေလို့လဲ” မွန်ပြည်လူ့အခွင့်ရေးအဖွဲ့ HURFOM အစီရင်ခံစာထုတ်ပြန်

    “ဘာများ ပြောင်းလဲနေလို့လဲ” မွန်ပြည်လူ့အခွင့်ရေးအဖွဲ့ HURFOM အစီရင်ခံစာထုတ်ပြန်

    -

    မွန်သတင်းအေဂျင်စီ(ဒီဇင်ဘာ ၁၂)

    “ဘာတွေ ပြောင်းလဲနေပြီလဲ” အမည်ရှိ အစီရင်ခံစာတစ်ရပ်ကို မွန်ပြည်လူ့အခွင့်ရေးဖောင်ဒေးရှင်း HURFOM မှ ယမန်နေ့က မော်လမြိုင်မြို့တွင် ထုတ်ပြန်ခဲ့ရာ အခမ်းအနားသို့ သီးသန့်ဖိတ်ကြားသူ (၅၀) ခန့်နှင့် မီဒီယာများ တက်ရောက်ကြောင်း တွေ့ရှိရသည်။

    မွန်ပြည်နယ် (၆) မြို့ နယ်အတွင်း လူ့အခွင့်အရေးအခြေအနေများကို ကွင်းဆင်းလေ့လာပြုစုခဲ့သော ၎င်းအစီရင်ခံစာတွင် “လူ့ အခွင့်ရေး ချိုးဖောက်ခံရတဲ့ လူတွေက တရားမျှတရေးအတွက် မည်သည့်နေရာတွင် တိုင်ကြားရမည်ကို မသိရှိသူ အလွန်များပြီး တိုင်ကြားပြီး အမှုဖြစ်သည့်အခါ တရားသူကြီး၏ ဆုံးဖြတ်ချက်တွေကို မကျေနပ်သူ အလွန်များနေသည်” ဟု ရေးသားထားသည်။

    မွန်ပြည်လူ့ အခွင့်ရေးဖောင်ဒေးရှင်း၏ စီမံကိန်းတာဝန်ခံ နိုင်အာနွံက “ဒီအစီအစဉ်အတွက် ပါဝင်လှုပ်ရှားသူတွေကို ရက် (၂၀) လောက် သင်တန်းပေးရပါတယ်။ သင်တန်းသားတွေက မြို့ နယ်အလိုက် ရွာတွေကို ဆင်းပြီးတော့ အချက်အလက်တွေကို တစ်လလောက် အချိန်ယူကောက်ခံရပါတယ်။ နောက်ပြီး ရလာတဲ့ အချက်အလက်တွေကို ကွန်ပျူတာ ပရိုဂရမ်မှာ ထည့်သွင်းပြီး အသေးအစိတ်သုံးသပ်မှုတွေ လုပ်ပြီးတော့ အစီရင်ခံစာမှာ ထည့်သွင်းရေးသားရပါတယ်။ အားလုံး အချိန် (၆) လ လောက်ယူပြီးတော့ လုပ်ဆောင်ရပါတယ်” ဟု ပြောသည်။

    Photo-အစီရင်ခံစာမျက်နှာဖုံး(Copy)

    ယင်းအချက်အလက် ကောက်ခံသူများသည် လူပုဂ္ဂိုလ် (၅၆၃) ဦးအား တွေ့ဆုံမေးမြန်းခဲ့ရာတွင် ထက်ဝက်ခန့်မှာ လူ့ အခွင့်အရေးအကြောင်း မကြားဖူးရုံသာမက မသိရှိသေးကြောင်း၊ လူ့အခွင့်ရေးချိုးဖောက်ခံရမှုတွင်လည်း လယ်ယာမြေသိမ်းဆည်းမှုနှင့် ကလေးသူငယ်အပါအဝင် အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုကိစ္စများမှာ မွန်ပြည်နယ်တွင် များစွာဖြစ်ပေါ်ခဲ့ကြောင်း အချက်အလက်များဖြင့် ဖော်ပြခဲ့သည်။

    ဖွံ့ဖြိုးရေးမဏ္ဍိုင် အမှုဆောင်ဒါရိုက်တာ ဒေါ်ပင်စီထွန်းသိန်း ကလည်း “အစီရင်ခံစာကို ကြည့်မယ်ဆိုရင် ပြည်သူလူထုတွေ လူ့ အခွင့်ရေးအပေါ် သိရှိမှု အလွန်အားနည်းပါတယ်၊ ဒါ့ကြောင့် ဒီအစီရင်ခံစာ ထုတ်ရုံနဲ့ မပြီးပါဖူး ၊ ပြည်သူလူထုကို အသိပညာတွေ အများကြီး ပေးရဦးမှာ ဖြစ်တယ်” ဟု ဆိုသည်။

    ယင်းအစီရင်ခံစာ ဖြစ်မြောက်ရေးအတွက် ဥရောပသမဂ္ဂမှ ငွေကြေးအကူအညီထောက်ပံ့ကာ အခြားသော လူမှုအဖွဲ့အစည်းများဖြစ်သည့် တန်းတူညီမျှမှုမြန်မာ၊ ဖွံ့ဖြိုးရေးမဏ္ဍိုင်နှင့် ဥရောပ NGO ဖြစ်သည့် Danish Church Aid and Norwegian Church Aid တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

    မွန်ပြည်လူ့ အခွင့်ရေးဖောင်ဒေးရှင်း HURFOM သည် (၂၀၁၀) ခုနှစ်မတိုင်ခင် စစ်အစိုးရလက်ထက်ကတည်းက လူ့ အခွင့်အရေးချိုးဖောက်ခံခဲ့ရသည့် ဒေသသို့သွားရောက်ကာ အချက်အလက်များကို စုစည်းကောက်ခံနေသည့် ထိုင်းမြန်မာနယ်စပ်အခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,200SubscribersSubscribe
    spot_img

    Latest posts