Homeသတင်းအရပ်သားတစ်ဦးအား တပ်အရာရှိတစ်ဦးပစ်သတ်ခဲ့သည့်အမှုကို မော်လမြိုင်ခရိုင်တရားရုံးတွင် စတင်စစ်ဆေး

အရပ်သားတစ်ဦးအား တပ်အရာရှိတစ်ဦးပစ်သတ်ခဲ့သည့်အမှုကို မော်လမြိုင်ခရိုင်တရားရုံးတွင် စတင်စစ်ဆေး

-

ရေးမြို့နယ်၊ ကုလားဂုတ်ကျွန်း၌ လွန်ခဲ့သောမေလအတွင်း အရပ်သားတစ်ဦးအား တပ်မတော်အရာရှိတစ်ဦးမှ သေနတ်ဖြင့် ပတ်သတ်ခဲ့သည့်အမှုကို ရာဇသတ်ကြီး ပုဒ်မ – ၃၀၂ လူသတ်မှုဖြင့် တရားစွဲဆို၍ မော်လမြိုင်ခရိုင်တရားရုံး၌ ယမန်နေ့က စတင်စစ်ဆေးခဲ့ကြောင်း တွေ့ရှိရသည်။

အဆိုပါ ပထမအကြိမ်ရုံးချိန်း၌ ဖြစ်စဉ်အစမှ အဆုံးအထိ တရားရုံးမှ စစ်ဆေးမေးမြန်းခဲ့ခြင်းဖြစ်ပြီး ဒုတိယအကြိမ်ရုံးချိန်းကို ဒီဇင်ဘာလ ၁၈ ရက်နေ့သို့ ထပ်မံချိန်းဆိုထားကြောင်း သေဆုံးသူ ဦးတင်စိုးမြင့်၏ ဇနီး ဒေါ်ခင်ဆွေတင့်က ဆိုသည်။

“ဒီအမှုနဲ့ ပတ်သက်ပြီးတော့ တရားမျှတမှုဖြစ်စေချင်တယ်”ဟု ဒေါ်ခင်ဆွေတင့်က ပြောသည်။

Photo- လူသတ်မှုတရားစွဲဆိုခံရသူ ဗိုလ်ကြီးအောင်ကိုမင်း(လက်ထိပ်ဖြင့်အလယ်လူ)-(MNA)

သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုအတွက် တပ်မတော်အက်ဥပဒေ ပုဒ်မ – ၇၂ အရ စစ်တရားရုံးဖြင့် စစ်ဆေးစီရင်နိုင်ခြင်းမရှိသည့်အတွက် အရာရှိအား သက်ဆိုင်ရာ နယ်ဘက်တရားရုံးကို လွှဲပြောင်းပေးခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ရုံးမှ ဒေါ်ခင်ဆွေတင့်ထံ ပေးပို့သော အကြောင်းကြားစာတွင် ရေးသားဖော်ပြသည်။

ရေးမြို့နယ်အခြေစိုက် ခမရ ၅၈၇ ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီးအောင်ကိုမင်းသည် အခင်းဖြစ်ပွားသည့် မေလ ၁၆ ရက် ညနေပိုင်းတွင် ကုလားဂုတ်ကျွန်းအလယ်ဆိပ်နေ သစ်ဝါးလုပ်ငန်းလုပ်ကိုင်သူ ဦးတင်စိုးမြင့်အား မှတ်ပုံတင်စစ်ဆေးရန် ခေါ်ဆောင်သွားပြီးနောက် ယင်းသို့လူသတ်မှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts