Homeသတင်းတစ်လအတွင်းပေါင်းစည်းရန် မွန်ကိုယ်စားပြုပါတီဖော်ဆောင်ရေးကော်မတီတင်ပြ၊ သဘောတူညီချက်မရသေး

တစ်လအတွင်းပေါင်းစည်းရန် မွန်ကိုယ်စားပြုပါတီဖော်ဆောင်ရေးကော်မတီတင်ပြ၊ သဘောတူညီချက်မရသေး

-

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP, မွန်အမျိုးသားပါတီ MNP တို့နှင့် ယနေ့တွေ့ဆုံပွဲတွင် မွန်နိုင်ငံရေးအင်အားစုအားလုံး တစ်လအတွင်း ပေါင်းစည်း၍ မိတ်ဆက်အခမ်းအနားပြုလုပ်ရန်အပါအဝင် မွန်အမျိုးသားကိုယ်စားပြုပါတီ ဖော်ဆောင်ရေးကော်မတီ(၂၁) ဦးအဖွဲ့က အချက် ၃ ချက်တင်ပြခဲ့ရာ သဘောတူညီချက် မရသေးကြောင်း သိရသည်။

အဆိုပါ မွန်အမျိုးသားကိုယ်စားပြုပါတီ ဖော်ဆောင်ရေးကော်မတီ တင်ပြချက် ၃ ချက်ကို မိမိတို့ဆုံးဖြတ်ပိုင်ခွင့် မရှိသေးကြောင်း၊ လာမည့် ဇူလိုင်လ ၂၁ ရက်နေ့၌ AMDP+MNP မွန်နှစ်ပါတီပေါင်းစည်းရေး ကော်မတီအစည်းအဝေးတွင် တင်ပြသွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ နိုင်စံတင်က ဆိုသည်။

“ သူတို့ဘက်က ၃ ချက်လောက်တင်ပြတယ်။ ဒီအဖွဲ့ ၃ ဖွဲ့ကို တစ်ဖွဲ့တည်းဖြစ်စေချင်တယ်။ ဒီအဖွဲ့ ၃ ဖွဲ့က ပေါင်းစည်းပြီးမှ ပါတီနာမည်ပေးမယ်။ ပြီးတော့ ပါတီရဲ့စည်းမျဉ်းစည်းကမ်းတွေကို ဖြည်းဖြည်းချင်း ရေးဆွဲသွားမယ်။ တစ်လတွင်း အဖွဲ့သုံးဖွဲ့စလုံးလက်မှတ်ထိုး ပေါင်းပြီးတော့ မှတ်ပုံမတင်ခင်မှာ မိတ်ဆက်မယ့်အခမ်းအနားတစ်ခုလုပ်မယ်လို့ ဆိုတယ်”ဟု နိုင်စံတင်က ပြောသည်။

AMDP,MNP (၂၁)အဖွဲ့တွေ့ဆုံဆွေးနွေးအပြီး နေ့လည်စာအတူသုံးဆောင်စဉ်(Facebook)

မွန်နိုင်ငံရေးပါတီများပေါင်းစည်းရာတွင် အားလုံးပါဝင်လာနိုင်ရေးအတွက်ကို အဓိကထား ဆောင်ရွက်နေသည်ကို မိမိတို့ မွန်အမျိုးသားကိုယ်စားပြုပါတီဖော်ဆောင်ရေးကော်မတီ (၂၁) ဦးအဖွဲ့အနေဖြင့် ကြိုဆိုကြောင်း ပြောရေးဆိုခွင့်ရှိသူ နိုင်တလညီက ဆိုသည်။

“အဓိကတော့ မွန်သံဃာတော်တွေ မွန်ပြည်သူတွေက မွန်နိုင်ငံရေးတစ်ပါတီတည်းဖြစ်အောင် လိုလားနေတဲ့အတွက် အားလုံး အဆင်ပြေချောမွေ့အောင် ကြိုးပမ်းကြဖို့ ပြောချင်တယ်”ဟု ၄င်းက ပြောသည်။

AMDP+MNP မွန်နိုင်ငံရေးနှစ်ပါတီပေါင်းစည်းကော်မတီနှင့် မွန်အမျိုးသားကိုယ်စားပြုပါတီ ဖော်ဆောင်ရေးကော်မတီ (၂၁) ဦးအဖွဲ့တို့ ဇူလိုင်လ ၆ ရက်နေ့က မော်လမြိုင်မြို့ရှိ Royal Hinthar Hotel ၌ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts