spot_img
Monday, May 6, 2024
More
    spot_img
    Homeသတင်းကိုယ်စားပြု၏ မပြု၏

    ကိုယ်စားပြု၏ မပြု၏

    -

    မွန်နိုင်ငံရေး ညီလာခံ(MNA)

    အသံတွေကြားနေရတယ်။ တမျိုးသားလုံးကိုယ်စားပြုတဲ့ ပါတီထောင်မယ်တဲ့။ ဒီစာမှာ ပါတီထူထောင်သူတွေကို တိုက်ခိုက်ဘို့ရည်ရွယ်တာမဟုတ်ဘဲ ကိုယ်စားပြုခြင်းသဘောတရားကို ဖွင့်ဆိုပြဘို့ဖြစ်ပါတယ်။

    နိုင်ငံရေးပါတီတရပ်ဟာ တမျိုးသားလုံးခြုံပြီး ကိုယ်စားပြုဘို့ဆိုတာ ရည်ရွယ်ချက်အရ ဖြစ်နိုင်တယ်။ တခြားနိုင်ငံရေးပါတီတွေ တရားဝင်ရှိနေပါလျက်နဲ့ တမျိုးသားလုံးကိုယ်စားပြုတဲ့ ပါတီထောင်မယ်လို့ ပြောတာ ယုတ္တိသဘောအရ မမှန်ဘူး။

    မလွတ်မြောက်သေးတဲ့ လူမျိုးစုတရပ်မှာ နိုင်ငံရေးပါတီတွေရှိနိုင်သလို လက်နက်ကိုင်အင်အားစုတွေလည်း ရှိနိုင်တယ်။ အားလုံးမှာသူ့ထောက်ခံမှုနဲ့ သူရှိနိုင်တယ်။ အနည်းအများသာ ကွာပါလိမ့်မယ်။ အားလုံးမှာ သူ့ဦးတည်ချက်-သူ့ရည်ရွယ်အုပ်စုနဲ့သူ ရှိနေကြတယ်။

    ပါတီတရပ်ဟာ သူဦးတည်ချက်ရောက်ဘို့ သူ့ရည်ရွယ်အုပ်စုကို စည်းရုံးတယ်။ ဦးစွာလှုပ်ဆော် လှုပ်ရှားမှုလုပ်ရတယ်။ ဝင်လာတဲ့သူတွေကို ပါတီမှာ ခိုင်ခိုင်မာမာဆက်ကျန်နေဘို့ စည်ရုံးရတယ်။ အဲဒီမှာ လမ်းစဉ်လုပ်ငန်းစဉ်တွေသိဘို့ ယုံကြည်ဘို့ ပညာပေးမှု၊ လူထုကြားဝင်ဆန့် အလုပ်လုပ်နိုင်ဘို့ လေ့ကျင့်မှုတွေ ဆက်ပါလာတယ်။ ဒါပီးယင်သူတို့ဟာ အရည်အချင်းအလိုက် ပါတီတွင်းရွေးကောက်ပွဲထောက်ခံမဲတွေအရ အဆင့်အဆင့်ကေဒါတွေ ဖြစ်သွားကြပါတယ်။ အဲဒီမှာသူတို့ဟာ လူထုတစိတ်အပိုင်းကိုယ်စားပြုမှု ရသွားပြီ။

    ဒါထက်ကျယ်ပြန့်တဲ့လူထုကို ရရိုဘို့ လမ်းစဉ်ရည်ရွယ်ချက်တူ အခြားပါတီတွေနဲ့ အုပ်စုဖွဲ့ကြပြန်တယ်။ နိုင်ငံရေးစကားနဲဲ့ပြောယင် ညွန့်ပေါင်း (သို့မဟုတ်) တပ်ပေါင်းစုဖွဲ့တယ်လို့ဆိုတယ်။ ဒါပေမဲ့ညွန့်ပေါင်းစုစည်းမှုနဲ့ တပ်ပေါင်းစုဖွဲ့စည်းမှုမှာ တပ်ပေါင်းစုက ပိုကျစ်လစ်တယ်။ လမ်းစဉ်အနေအထား တူညီမှုအခြေခံပိုရှိတယ်။

    တချို့ကအဖွဲချုပ်စုစည်းမှုလုပ်တယ်။ ဒါကပိုအားကောင်းတယ်။ ရွေးကောက်ပွဲအောင်နိုင်ရေးကို ဦးတည်တဲ့အောင်နိုင်ရေး ကော်မတီစုဖွဲ့မှုလည်းရှိတယ်။ ဒီစုဖွဲ့မှုမျိုးမှာ လက်တွေ့လူထုကို ဘာလုပ်ပေးကြမယ်ဆိုတဲ့ အခြေခံပေါ်မှာမှုတည်ကြတယ်။ ကာလအရ ရွေးကောက်ပွဲသက်တမ်းတခုစာသာ ဖြစ်တယ်။ ရွေးကောက်ပွဲအပြီး အောင်နိုင်ခဲ့ယင် ဘာရနိုင်မလဲဆိုတဲ့ အပေးအယူကတိတွေ ပေးကြရတယ်။

    အဖွဲချုပ်ဖြစ်ဖြစ်၊ ညွန်ပေါင်းပဲဖြစ်ဖြစ်၊ တပ်ပေါင်းစုဘဲဖြစ်ဖြစ် အောင်နိုင်ရေးကော်မတီကတဆင့် အာဏာရလာတဲ့အခါ သူကတိအတိုင်း လိုက်နာမလိုက်နာ၊ ကျင့်ကြံမကျင့်ကြံ လူထုကစောင့်ကြည့်အမှတ်ပေးတယ်။ လက်တွေလုပ်ငန်းအောင်မြင်မှုရှိပြီး လူထုလည်းအကျိုးဖြစ် ဒေသလည်းတိုးတက်လာယင် လူထုကအပြည့်အဝယုံ ကြည်ပီး လိုက်နာလိုက်ပါလာတယ်။ အဲဒီအခါမှရည်ရွယ်ထားတဲ့အုပ်စုက လူတန်းစားဘဲဖြစ်ဖြစ်၊ ဒေသလူထုဘဲဖြစ်ဖြစ် ကိုယ်စားပြုမှုဆိုတာပါပဲ။

    ဒါကြောင့် နိုင်ငံရေးမှာ လူထုဆိုတာအရေးအပါဆုံး၊ အဆုံးအဖြတ်ပေးသူဖြစ်တယ်။ သူတို့ဟာအစံရဆုံးသူဖြစ်နိုင်သလို အခံရဆုံးလူလည်းဖြစ်နိုင်တယ်။ သူတို့က ဘယ်သူဟာယုံကြည်ထိုက်သလဲ၊ အားကိုးရမှာလဲ၊ ရွေးကောက်ပွဲပီးယင် ကတိတည်နိုင်မတည်နိုင် အဆုံးအဖြတ်ပေးနိုင်တဲ့ အတွေအကြုံရှိုသူတွေဖြစ်တယ်။

    ဒါပေမဲ့ လူထုဟာကိုယ်ကျိုးအကြည့်ဆုံးသူတွေဖြစ်သလို အပြောင်းအလဲမြန်သူတွေလည်း ဖြစ်တယ်။ ကာလရှည်အကျိုးလုပ်ခဲ့ပေမဲ့ ကာလတိုအမှားတွေရှိခဲ့ယင် မျက်နာမကြည့်အတိတ်မေ့ပြီး ဘက်ပြောင်းရဲသူတွေလည်း ဖြစ်တယ်။ နောက်ပီး လူစွမ်းကောင်းမျှော်ဝါဒီတွေလည်း ဖြစ်တယ်။ အပြောကောင်းခဲ့ယင်ဖြစ်ဖြစ်၊ ရုပ်ရည်ခန့်ညားကြည်ညိုဘွယ်ဖြစ်ဖြစ်၊ တချီတမောင်းအစွမ်းလေးပြခဲ့ယင်ဖြစ်ဖြစ် ကြွေတက်သူတွေ ဖြစ်တယ်။

    ဒီတော့ကိုယ်စားပြုမှုဆိုတဲ့ကိစ္စမှာ ရေရှည်ရနိုင်တဲ့ပုဂ္ဂိုလ်/ပါတီဟာ ရှားပါတယ်။ ဒါပေမဲ့ သက်တမ်းရှည်အစိုးရတချို့ ခေါင်းဆောင်တချို့ရှိခဲ့တာမျိုး ရှိနိုင်တယ်။ ဒီမိုကရေစီမပြည့်ဝတဲ့ အနေအထား၊ စစ်တပ်ရဲ့ကျားကန်ပေးမှုမျိုးနဲ့သာ ဖြစ်နိုင်တယ်။ သေချာတာတခုကတော့ အာဏာမရဘူးတဲ့ပါတီအုပ်စုတွေဟာ ကိုယ်စားပြုမှုမရှိနိုင်ဘူး။ ကိုယ်စားပြုမှုပါတယ်လို့ကြေငြာတာ မက်လုံးပေးလာတာ ရှိနိုင်ပါတယ်။

    ဒါတွေကိုမွန်နိုင်ငံရေးနဲ့ယှဉ်ထိုးကြည့်ယင် ဒီမိုကရေစီရေးအရ ဖွဲစည်းထားတဲ့ မွန်နိုင်ရေးပါတီတိုင်းမှာ မွန်အမျိုးသားကိုယ်စားပြုမှုဆိုတာ တစိတ်တပိုင်းဘဲရှိနိုင်မယ်။ ဒေသဖွံ့ဖြိုးရေးတွေ လုပ်ပေးခဲ့ဘူးတဲ့ပါတီနဲ့ ကိုယ်စားပြုမှုပိုများတာဘဲ ဖြစ်နိုင်လိမ့်မယ်။ ကြွေးကြော်ရုံနဲ့တော့ မရနိုင်ဘူး။

    ဒီလိုပြောလို့ “ကိုယ်စားပြုမှု” ဆိုတာ မရနိုင်ဘူး။ တမျိုးသားလုံး ကိုယ်စားပြုမှုဆိုတာ မရှိနိုင်ဘူးလို့ ဆိုလို တာမဟုတ်ဘူး။ ဒါပေမဲ့ လူထုယုံကြည်နိုင်လောက်တဲ့ အနှစ်နာခံမှု၊ အမျှော်အမြင်ကြီးမှုနဲ့ ပြိုင်ဘက်တွေရဲ့ ယုံကြည် ထောက်ခံမှုတော့ ရှိရပါလိမ့်မယ်။

    ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေအရပြောရယင်(၂၀၁၀)ခုနှစ်ရွေးကောက်ပွဲမှာ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP ဟာ မွန်အမျိုးသားကိုယ်စားပြုမှု အတော်ရခဲ့ပါတယ်။ (၂၀၁၅)ခုနှစ် ရွေးကောက်ပွဲမှာတော့ မွန်ပါတီတွေကိုယ်စား ပြည်မပါတီတခုက မွန်အမျိုးသားတွေရဲ့ကိုယ်စားပြုမှုကို အတော်များများရလိုက်တယ်။ ဒီမှာအကြောင်းပြချက်က မွန်ပါတီတွေများနေကာ၊ ပြည်မပါတီအပေါ်အယုံအကြည်လွန်ကဲနေတာတွေ ဖြစ်နိုင်ပါလိမ့်မယ်။

    ဒါပေမဲ့ပစ္စုပ္ပန်တည့်တည့်ဘဲ ကြည်ကြပါစို့။ မွန်လူထုကိုုယ်စားပြုမှုရနိုင်အောင် ဘယ်လိုလုပ်ကြမလဲ၊ ဒါထက်ချဲ့ပြောရယင် မွန်ဒေသလူထုကိုယ်စားပြုမှုရအောင် ဘယ်လိုလုပ်ကြမလဲ။

    မွန်ဒေသမှာ မွန်လူမျိုးအပြင် တခြားလူမျိုးတွေလည်းရှိတယ်။ သူတိုထဲမှာ မူရင်းဒေသခံတခြားလူမျိုးတွေပါသလို ရေကြည်ရာမြက်နုရာ အလုပ်ရှာအသက်မွေးရင်း အခြေချလာတဲ့လူတွေလည်း ပါတယ်။ မွန်လူမျိုးတွေကိုပဲ ကွက်ပီးစဉ်စားလို့မရဘူး။ မွန်လူမျိုးနဲ့သူတို့ဟာ လုပ်ငန်းသဘောအရ ကိုင်းကျွန်းမှီကျွန်းကိုင်းမှီ ရပ်တည်နေကြရတာဖြစ်တယ်။ နောက်ပီးသူတို့မှာလည်း မဲပေးခွင့်ရှိနေကြတာ ဖြစ်တယ်။ ဒီအနေထားမှန်ကို အသိအမှတ်ပြုရမှာ ဖြစ်တယ်။

    အနေအထားအမှန်ကို အသိအမှတ်ပြုပီးယင် စည်းရုံရေးလမ်းစဉ်မှန်ကို ချရပါမယ်။ လက်တွေ့လုပ်ငန်းစဉ်တွေမှာ သူတို့အကျိုး ကိုယ်စားပြုတဲ့အစိတ်အပိုင်းတွေ ထည့်သွင်းရပါမယ်။

    ဖွဲ့စည်းမှုအကြောင်းပြောရယင် မွန်အမျိုးသားလုံးလိုလိုက တစ်ပါတီတည့်ရှိမှ အောင်ပွဲရမယ်လို့ ဆိုကြတယ်။ ဒါပေမဲ့ မွန်နိုင်ငံရေးသမာတွေရဲ့အမြင်အရတော့ အဲလိုတချက်မှ မယူဆဘူး။ ခေတ်သစ်ပါတီစုံ ဒီမိုကရေစီကာလမှာ ဒီအမြင်နဲ့ နိုင်ငံရေးအသိုင်းအဝိုင်းထဲ ဝင်မဆန့်သလို လက်တွေ့လုပ်ငန်းစဉ်မှာလည်း မဖြစ်နိုင်သယောင် ထင်ရအောင်ခက်ခဲတယ်။

    ဒါကိုအဆင်ပြေဆုံးဖြစ်အောင် စဉ်းစားသင့်တယ်။ လူမျိုးတမျိုးတည်းရှိတဲ့ အဖွဲ့အစည်းတွေအကြား တပ်ပေါင်းစုဖွဲဘို့ဆိုတာ စဉ်းစားရခက်တယ်။ ဒါပေမဲ့ လမ်းစဉ်စုံ ရည်ရွယ်ချက်စုံနဲ့ ပုံစံမျိုးစုံရပ်တည်နေတဲ့အဖွဲ့အစည်းတွေကို စုစည်းဘို့ကလည်းလိုနေတော့ ဖွဲ့စည်းမှုတရပ်ရပ်ကိုလည်းစဉ်းစားမှ ဖြစ်မယ်။

    မွန်ပြည်သစ်ပါတီနဲ့ သူဘက်အခြမ်းအဖွဲ့အစည်းတွေအကြား မွန်အမျိုးသားရေးရာ (MUA) ဆိုပီး ဖွဲ့စည်းခဲ့ဘူးတယ်။ နောက်ပိုင်း ဒါကိုပြန်စဉ်းစားတယ်လို့ ကြားသိရတယ်။ မွန်ပြည်သစ်ပါတီဟာ အပစ်အခတ်ရပ်စဲရေးစာချုပ်(NCA) လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် ဒီပုံစံကို စဉ်းစားရခက်ပါတယ်။ မိတ်ဘက်အဖွဲ့အစည်းအဖြစ် သီးခြားဆက်ဆံမှုပုံစံတရပ် ထားရှိသင့်တယ်။

    ဒါဆိုယင် ပြည်တွင်းမွန်နိုင်ငံရေးပါတီတွေနဲ့ အရပ်အဘက်အဖွဲ့အစည်းတွေအကြား ဘယ်လိုစုဖွဲမှုလုပ်မှာလဲ။ မွန်အမျိုးသားအဖွဲ့ချုပ်လို ပုံစံတရပ်ရပ် ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ငါတို့ကသာ ကိုယ်စားပြုတယ် သူတို့တွေကတော့ တက်ကျိုးနေတဲ့လှေတွေပါလို့ မမြင်သင့်ပါဘူး။ အလုပ်တူတွဲလုပ်ယင်း တဆင့်ပြီးတဆင့်တက်သွားယင် လိုချင်တဲ့ပန်းတိုင်ပုံစံ ရောက်သွားမယ်လို့ မြင်တယ်။

    ဒီအတွေးတွေက မွန်တမျိုးသားလုံးကို ဘယ်သူကကိုယ်စားပြုသလဲဆိုတဲ့ မေးခွန်းပေါ်မှာ အခြေခံပီး ထွက်လာတာပါ။ သေချာတာက တဖွဲ့ဖွဲ့ကပဲ ကိုယ်စားပြုတယ်ဆိုတာ မဖြစ်နိုင်တာပါဘူး။ အရေးကြီးတာက မျက်နာချင်းဆိုင်တွေ့ဆုံနိုင်ဘို့၊ အဆက်မပြတ်ဆွေးနွေးညှိုနှိုင်းနေဘို့၊ ရန်ဘက်အဖွဲ့အစည်းတွေ ဖြစ်မသွားဘို့ဘဲ ဖြစ်တယ်။

    ပန်းတိုင်းပွင့်ပြီး အမျိုးသားရေးအဆင့်မြင့်ဘို့ နိုင်ငံရေးအရလည်း တဆင့်တက် ရင့်ကျက်ဘို့ လိုနေတာကတော့ အမှန်တရားပါဘဲ။
    ကျေးဇူးတင်ပါတယ်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,100SubscribersSubscribe
    spot_img

    Latest posts