spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းစစ်တပ်နှင့် ကရင် BGF ပူးပေါင်း၍ မွန်ပြည်သစ်စခန်းငယ်တစ်ခုဝင်ရောက်ရှင်းလင်း၊ မွန်အလံတိုင်ကိုခုတ်လှဲဖြတ်

    စစ်တပ်နှင့် ကရင် BGF ပူးပေါင်း၍ မွန်ပြည်သစ်စခန်းငယ်တစ်ခုဝင်ရောက်ရှင်းလင်း၊ မွန်အလံတိုင်ကိုခုတ်လှဲဖြတ်

    -

    ခုတ်လှဲဖြတ်ထားသည့် အလံတိုင်နေရာ(MNA)

    အင်အား ၅၀ ခန့်ရှိ မြန်မာစစ်တပ်နှင့် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF (နံပါတ်မသိ)တို့ ပူးပေါင်း၍ ဇွန်လ ၂၃ ရက် နေ့လည်ပိုင်းက မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကနားလိုကျေးရွာအနီးရှိ မွန်ပြည်သစ်ပါတီ စခန်းငယ်တစ်ခုကို ဝင်ရောက်ရှင်းလင်းစဉ် မွန်အလံတိုင်အား ခုတ်လှဲဖြတ်လိုက်ကြောင်း ဒေသခံများက ပြောသည်။

    အဆိုပါ အလံတိုင်အားခုတ်လှဲလိုက်ပြီးနောက် ၄င်းအလံတိုင်ရှိ မွန်ပြည်သစ်အလံကို ကနားလိုအုပ်ချုပ်ရေးမှူးထံ အပ်နှံထားသည်ဟု အမည်မဖော်လိုသည့် ကနားလိုရွာသားတစ်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    “သူတို့အားလုံးက မြန်မာစစ်တပ်ယူနီဖောင်းနဲ့ဆိုတော့ ဗမာစစ်တပ်သက်သက်ပဲထင်နေတာ၊ ရွာမှာနေတဲ့ ကရင်တွေက သိနေတယ်၊ သူတို့အသိတွေထဲက BGF တွေလည်း ပါလာတယ်လို့ပြောတယ်” ဟု ၄င်းက ဆိုသည်။

    ကြိုတင်သတင်းရရှိသဖြင့် အင်အား ၁၀ ဦးဝန်းကျင်ခန့်ရှိ မွန်ပြည်သစ်တပ်ဖွဲ့များ ထိုနေ့နံနက်တွင် စခန်းမှထွက်ခွာခဲ့သဖြင့် ပစ်ခတ်တိုက်ခိုက်မှုနှင့် သေနတ်သံမကြားရဟု ဒေသခံများက ပြောသည်။

    မွန်ပြည်သစ်စခန်းမှ ကျည်ဆံအချို့နှင့် အသုံးအဆောင်ပစ္စည်းအချို့ ဆုံးရှုံးခဲ့သည်ဟု သတင်းပြန့်နှံ့နေသော်လည်း မွန်ပြည်သစ်ပါတီက အတည်မပြုပေ။

    သို့ရာတွင် အဆိုပါ မွန်ပြည်သစ်စခန်းကို ဝင်ရောက်ရှင်းလင်းရန် ကျိုက်မရောမြို့အခြေစိုက် ခမရ(၂၀၈) သို့ အမိန့်ပေးထားခြင်းမရှိကြောင်း အရှေ့တောင်တိုင်းစစ်ဌာနချုပ်က မွန်ပြည်သစ်ပါတီကို အကြောင်းကြားခဲ့သည်ဟု မွန်ပြည်သစ်အရာရှိတစ်ဦးက ဆိုသည်။

    အစိုးရနှင့် မွန်ပြည်သစ်ပါတီ ၂၀၁၂ ခုနှစ် Bilateral သဘောတူညီချက်အရ ကနားလိုရွာအနီး ပိန္နဲတောင် (ခန့်မှန်းမြေပုံအညွှန်း LT-723 845) သည် မွန်ပြည်သစ်၏ တပ်တည်စခန်းအဖြစ် သတ်မှတ်ထားကြောင်း ၄င်းတို့၏သဘောတူညီချက် မှတ်တမ်းအရ သိရသည်။

    မွန်ပြည်သစ်ပါတီသည် လွန်ခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်နေ့က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးပြီးသော်လည်း တပ်ပိုင်းဆိုင်ရာနှင့်ပတ်သက်၍ ပြည်နယ်/တိုင်းဒေသကြီးအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S တွင်ပါဝင်ရန် တစ်ဆို့မှုဖြစ်နေကြောင်း တွေ့ရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks