spot_img
Saturday, January 24, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းများအား ပြည်နယ်နှင့် သထုံခရိုင်ပညာရေးမှူးရုံးတို့တွင် ထုတ်ပေးသွားမည်

    မွန်ပြည်နယ်တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းများအား ပြည်နယ်နှင့် သထုံခရိုင်ပညာရေးမှူးရုံးတို့တွင် ထုတ်ပေးသွားမည်

    -

    ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်မှုအနေအထား(Facebook)

    မွန်ပြည်နယ်မှ ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းများကို မွန်ပြည်နယ် ပညာရေးမှူးရုံးနှင့် သထုံခရိုင်ပညာရေးမှူးရုံးတို့တွင် ဇွန်လ ၆ ရက်မှ ၉ ရက်အထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

    သထုံခရိုင်အတွင်းမရှိ မြို့နယ်များဖြစ်ကြသည့် ကျိုက်ထို၊ ဘီးလင်း၊ သထုံနှင့် ပေါင်မြို့နယ်များမှ တက္ကသိုလ်စာမေးပွဲဖြေဆိုထားသူများအနေဖြင့် သထုံခရိုင် ပညာရေးမှူးရုံးတွင် ဇွန်လ ၆ ရက်မှ ဇွန်လ ၇ ရက်နေ့အထိလည်းကောင်း၊ မော်လမြိုင်ခရိုင်အတွင်းရှိ ကျိုက်မရော၊ ချောင်းဆုံ နှင့် မော်လမြိုင်မြို့နယ်များမှ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုထားသူများအနေဖြင့် ဇွန်လ ၈ ရက်နှင့် မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို ့နယ်တို့မှ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုထားသူများအနေဖြင့် ဇွန်လ ၉ ရက်နေ့တွင် မော်လမြိုင်မြို့ရှိ ပြည်နယ်ပညာရေးမှူးရုံးတွင် ထုတ်ယူနိုင်မည်ဖြစ်သည်။

    “ဒီကိစ္စက နေပြည်တော်က မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကနေပြီးတော့ ဆင်းပြီး လာရောက်ဆောင်ရွက်ပေးတာပါ။ အဓိကက ခုံနံပါတ်နဲ့ထုတ်ပေးသွားမှာဖြစ်ပါတယ်။ သထုံခရိုင်ဘက်ရယ်၊ မော်လမြိုင်ခရိုင်ဘက်ရယ်ကို သတ်မှတ်ထားတဲ့ နေ့တွေမှာ ထုတ်ပေးသွားမှာဖြစ်ပါတယ်။ သတ်မှတ်ရက်တွေမှာ လာရောက်မထုတ်ယူဘူးဆိုရင်တော့ မရတော့ဘူး။ အမှတ်စာရင်းတွေကို သူတို့ကိုယ်တိုင်ထုတ်ပေးမှာဖြစ်ပြီးတော့ ကျွန်မတို ့ကို အပ်သွားမှာမဟုတ်ဘူး။ သူတို ့ရှိတုန်း စက်ထဲမှာရှိတာကို ထုတ်ပေးသွားမှာဖြစ်ပါတယ်။ အမှတ်စာရင်းတစ်စောင်ကို ကျပ် (၄၀၀) နှုန်းနဲ့ထုတ်ပေးသွားမှာပါ။ ကျရှုံးတဲ့သူတွေလည်း ထုတ်ပေးသွားမှာပါ” ဟု မွန်ပြည်နယ် ပညာရေးမှူးရုံး မှ တာဝန်ခံ ညွန်ကြားရေးမှူး ဒေါ်လဲ့လဲ့ကြည် က ပြောကြားသည်။

    ဇွန်လ ၂ ရက်က တစ်နိုင်ငံလုံးထုတ်ပြန်ခဲ့သည့် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းအရ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဖြေဆိုသူဦးရေ ၂၇၅၃ ဦးမှ ၈၈၂ ဦး၊ ဘီးလင်းမြို့ နယ် ဖြေဆိုသူ ၂၇၀၃ ဦးမှ ၈၇၈ ဦး၊ သထုံမြို့နယ် ဖြေဆိုသူ ၃၃၅၀ ဦးမှ ၁၀၈၈ ဦး၊ ပေါင်မြို့နယ်ဖြေဆိုသူ ၂၅၃၀ ဦးမှ ၈၀၄ ဦး၊ မော်လမြိုင်မြို့မှ ဖြေဆိုသူ ၅၃၉၇ ဦးမှ ၂၃၆၇ ဦး၊ ချောင်းဆုံမြို့နယ် ဖြေဆိုသူ ၁၇၀၅ ဦးမှ ၆၆၆ ဦး၊ ကျိုက်မရောမြို့နယ် ဖြေဆိုသူ ၁၂၁၀ ဦးမှ ၃၃၀ ဦး၊ မုဒုံမြို့နယ် ဖြေဆိုသူ ၂၆၀၇ ဦးမှ ၁၃၉၉ ဦး၊ သံဖြူဇရပ်မြို့နယ် ဖြေဆိုသူ ၁၇၄၆ ဦးမှ ၇၅၂ ဦး၊ ရေးမြို့နယ် ဖြေဆိုသူ ၁၉၁၇ ဦးမှ ၅၃၃ ဦး အသီးသီးအောင်မြင်ခဲ့ကြောင်း၊ စုစုပေါင်း ဖြေဆိုသူ ၂၅၉၁၈ ဦးအနက် ၉၆၉၉ ဦး အောင်မြင်ခဲ့ကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

    ၂၀၁၈ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံး၌ စာစစ်ဌာန ၁၇၂၇ ရှိပြီး တက္ကသိုလ်ဝင်တန်းဖြေဆိုသည့်ကျောင်းသားစုစုပေါင်း ၇၈၉,၈၄၅ ဦး အနက် ၂၅၉,၁၉၁ ဦး ၃၂ ဒဿမ ၈၂% အောင်မြင်၍ ပထမအောင်ချက်အများဆုံး မန္တလေးတိုင်း ၃၈ ဒဿမ ၁၇%၊ ဒုတိယ ရန်ကုန်တိုင်း ၃၇ ဒဿမ ၅၅% နှင့် မွန်ပြည်နယ် ၃၇ ဒဿမ ၄၂% ဖြင့် တတိယအောင်ချက်အများဆုံး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts