မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News

Monthly Archives: March 2018

မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက်တွင် မွန်ပြည်နယ်အဆင့်(၈) ရှိ

စိမ်းလန်းစိုအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း ရေးသားပြုစုသည့် မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက် ၂၀၁၇ ခုနှစ်စစ်တမ်းတွင် မွန်ပြည်နယ်၏ ပတ်ဝန်းကျင်အခြေအနေ အဆင့် (၈) မှာ ရှိနေကြောင်း ဖော်ပြထားသည်။

Read More »

သမ္မတသစ် ဦးဝင်းမြင့်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဂုဏ်ပြုကြိုဆို

နိုင်ငံတော် သမ္မတသစ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့်အား UNFC, NCA-S EAO, FPNCC စသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ဂုဏ်ပြုကြိုဆိုလိုက်ကြောင်း သဝဏ်လွှာအသီးသီး ရေးသားဖော်ပြကြသည်။

Read More »

မြစ်ကျိုးအင်းတောင်တန်းများအောက်

ကျွန်တော်အစိုးရဝန်ထမ်းဘဝဖြင့် တစ်နယ်တကျေးသို့သွားရောက်တာဝန်ထမ်းဆောင်နေရသည့်အတွက် မွေးရပ်မြေရွာလေးကို တစ်နှစ်တစ်ကြိမ်လောက်သာပြန်ဖြစ်သည်။ ပြန်လာတိုင်းလည်းရွာဓလေ့၊ ရွာရနံ့၊ သဘာဝလေကိုရှူရှိုက်ရင်းမြို့ပြနှင့် ဆန့်ကျင်ဘက်မွန်းကြပ်မှုတွေ ပြေပျောက်သွားသလိုပါ။ နှစ်ပေါင်းများစွာရွာဓလေ့နှင့် အသားကျနေပြီးဖြစ်သည့် ကျွန်တော့်အတွက်အထူးအဆန်းမဟုတ်သော်လည်း အိမ်ပြန်ခရီးတိုင်းတောတောင်ရေမြေ သဘာဝအလှများကဖမ်းစားနေဆဲပင်။

Read More »

မွန်ပြည်နယ် ရာဘာစျေးနှုန်း ဆက်တိုက်ကျဆင်းလာ

မွန်ပြည်နယ်၏ အဓိက ထွက်ကုန်ဖြစ်သည့် ရာဘာစျေးကွက်မှာ ယမန်နှစ်ကထက် စျေးနှုန်းပိုမိုကျဆင်းလာသည်ဟု ဖူးရှင်ရာဘာဒိုင် မန်နေဂျာ ဦးသူရက မွန်သတင်းအေဂျင်စီသို့ ပြောသည်။ ယမန်နှစ်က ကာလပေါက်စျေးသည် တစ်ပေါင်လျှင် ပျမ်းမျှအားဖြင့် အနည်းဆုံး (၉၅၀) ကျပ်မှ အများဆုံး ကျပ် (၁၀၀၀) ကျော်အထိ ရရှိခဲ့သော်လည်း ယခုလက်ရှိ ကာလပေါက်စျေးသည် Good RSS 3 တစ်ပေါင်လျှင် ကျပ်(၈၀၀) ကျော်၊ Myanmar RSS 3 တစ်ပေါင်လျှင် (၇၀၀) ကျပ်၊ CSR 10 တစ်ပေါင်လျှင် (၈၀၀) ကျပ်၊ MSR 10 တစ်ပေါင်လျှင် (၇၄၀) ကျပ်နှင့် MSR 20 တစ်ပေါင်လျှင် …

Read More »

မွန်ရေးရာကိစ္စရပ်များအတွက် ရန်ပုံငွေကျပ်သိန်း ၁၀၀၀ မွန်ပြည်နယ်အစိုးရလျာထား

မွန်တိုင်းရင်းသားရေးရာကိစ္စရပ်များဆောင်ရွက်နိုင်ရန်အတွက် လာမည့်နှစ်တွင် မွန်ပြည်နယ်အစိုးရက ရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ သီးသန့်ထောက်ပံ့နိုင်ရန်နှင့် မွန်ပြည်နယ်ရှိ ဗမာ၊ ကရင်နှင့် ပအိုဝ်းတိုင်းရင်းသားများအတွက် ရန်ပုံငွေကျပ်သိန်း ၂၅၀၀ လျာထားကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္က္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောသည်။ ဒေါက်တာအောင်နိုင်ဦးက “သူတို့ (အစိုးရအဖွဲ့) က တိုင်းရင်းသားရေးရာဝန်ကြီး ရှိနေတာကို အခြေခံတယ်။ မွန်မှာ တာဝန်ခံဝန်ကြီး မရှိဘူး။ မရှိလို့ လျာထားချက် မထည့်တားလား။ ကျွန်တော်တို့က မရှိလဲ ထည့်လို့ရတယ်လို့ ကျွန်တော်တို့က ဆွေးနွေးတယ်။ အဲဒါကြောင့် မွန်တွေအတွက် သိန်း ၁၀၀၀ သူတို့ ထည့်ပေးလိုက်တယ်။ အခုဆိုရင် ဥပဒေနဲ့အညီ ပြည်နယ်ဘဏ္ဍာမှာ တိုင်းရင်းသားရေးရာကိစ္စမှာ သိန်း ၃၅၀၀ ထောက်ပံ့ဖို့ ရှိတယ်” …

Read More »

ရန်ကုန်နွေရာသီမွန်စာပေသင်တန်း မွန်ကလေးများစိတ်ဝင်စားမှုနည်းပါးလာဟုဆို

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖေဖော်ဝါရီလမှ ဧပြီလအထိ ဖွင့်လှစ်သင်ကြားလျက်ရှိသော နွေရာသီ မွန်စာပေသင်တန်းကို မွန်ကလေးများ စိတ်ဝင်စားမှု နည်းပါးလာနေသည်ဟု မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) ဥက္ကဋ္ဌ နိုင်စိုးအောင်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။ ယမန်နှစ်က ဖွင့်လှစ်သော ရန်ကုန် နွေရာသီမွန်စာပေသင်တန်းကို ကလေးငယ် ၅၀၀ ဦးခန့် တက်ရောက်သင်ကြားခဲ့သော်လည်း ယခုနှစ်တွင် ၄၀၀ ဦးခန့်သာ တက်ရောက်သင်ကြားလျှက်ရှိကြောင်း မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ သိရသည်။ နိုင်စိုးအောင်က “အရင်တုန်းက ကလေးတွေရွေးချယ်စရာသိပ်မရှိဘူး၊ အခုကျတော့ သူတို့ပျော်ရွှင်တဲ့နေရာကိုပဲ သွားကြတယ်။ မွန်စာပေကို စိတ်ဝင်စားမှု ပိုပိုအားနည်းလာတယ်” ဟု ဆိုသည်။ မွန်စာပေကို ကလေးများ စိတ်ဝင်စားအောင် လုပ်ဆောင်နိုင်ရန် လိုအပ်သည့် ဘဏ္ဍာငွေများကို …

Read More »

မြန်မာနိုင်ငံ၏ ၁၀ ယောက်မြောက် သမ္မတ ဦးဝင်းမြင့် ရွေးချယ်ခံရ

မြန်မာနိုင်ငံ၏ ၁၀ ယောက်မြောက် နိုင်ငံတော်သမ္မတအဖြစ် ပြည်သူ့လွှတ်တော် ဥက္ကဌဟောင်း ဦးဝင်းမြင့်အား ပြည်ထောင်စုလွှတ်တော်က ယနေ့တွင် ရွေးချယ်တင်မြှောက်လိုက်သည်။ သမ္မတ ဦးထင်ကျော် နုတ်ထွက်ခဲ့ပြီးနောက် လစ်လပ်ခဲ့သည့် နိုင်ငံတော်သမ္မတရာထူးနေရာကို နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ပွဲအစီအစဉ် ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်၊ သတ္တမပုံမှန်အစည်အဝေး (၂၀)ရက်မြောက်နေ့တွင် မဲပေးရွေးချယ်ခြင်းဖြစ်သည်။ ထိုသို့ရွေးချယ်ရာတွင် ဦးဝင်းမြင့် ၄၀၃ မဲ၊ ဦးမြင့်ဆွေ ၂၁၁ မဲ၊ ဦးဟင်နရီဗန်ထီးယူ ၁၈ မဲ၊ ပယ်မဲ ၄ မဲ ရရှိကြောင်း သတင်းမီဒီယာများ ဖော်ပြချက်အရ သိသည်။ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၏ ကိုယ်ရေးအကျဉ်း မွေးဖွား- ၁၉၅၁ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် အဖ ဦးထွန်းကြင်၊ အမိ …

Read More »

တိုင်းဒေသကြီး မွန်လူငယ်များကွန်ရက်ဖွဲ့စည်း

မွန်လူငယ်များအနေဖြင့် လူထုအကြားပိုမိုကောင်းမွန်သည့် လူမှုရေးနှင့် ပညာရေးရာ ကိစ္စရပ်များတွင် ဦးဆောင်မှုကဏ္ဍမှ ပါဝင်လုပ်ဆောင်သွားနိုင်ရန် တိုင်းဒေသကြီး မွန်လူငယ်များကွန်ရက်ကို မတ်လ (၂၇) ရက်နေ့က စတင်ဖွဲ့စည်းခဲ့ကြောင်း ရန်ကုန်မွန်လူငယ်အဖွဲ့ ဥက္ကဋ္ဌ မင်းခိုင်လင်းထွန်းက ပြောသည်။ ပဲခူး၊ မန္တလေး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် တောင်ငူမြို့နယ်အတွင်းရှိ မွန်လူငယ်များသည် မိမိတို့တိုင်းဒေသကြီးအသီးသီးမှ လိုအပ်ချက်များကို အချင်းချင်း ကူညီဖြေရှင်းနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်အတွင်းရှိ သိင်္ဂုတ္တရမွန်ပရိယတ္တိကျောင်းတိုက်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ “ကျွန်တော်တို့ရဲ့ လုပ်ငန်းစဉ်က မွန်လူငယ်ဖိုရမ်(Mon Youth Forum)နဲ့ နည်းည်းကွာခြားတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အခြေအနေချင်းက မတူနေဘူး၊ ဥပမာတစ်ခုနဲ့ပြမယ်ဆိုရင် မွန်ပြည်နယ်မှာ မွန်စာပေ၊ မွန်စကားတွေက ပြောတတ် ရေးတတ်တယ်၊ ဒီမှာရှိတဲ့မွန်တွေက အဲလိုမဟုတ်ဘူး” ဟု မင်းခိုင်လင်းထွန်းက …

Read More »

မွန်ကိုယ်စားပြုပါတီတွင် မွန်နှစ်ပါတီပါဝင်လာရေး ၂၁ ဦးအဖွဲ့ ဆက်လက်ကြိုးပမ်းမည်ဟုဆို

မွန်ကိုယ်စားပြုပါတီတွင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP နှင့် မွန်အမျိုးသားပါတီ MNP ပါတီတို့ ပါဝင်လာရေး ဆက်လက်ကြိုးပမ်းသွားမည်ဟု မွန်ကိုယ်စားပြုပါတီအကောင်အထည်ဖော်ရေး၂၁ ဦးအဖွဲ့ ဥက္ကဌ နိုင်ကောင်းရွတ်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။ နိုင်ကောင်းရွတ်က “ နှစ်ပါတီက ကျနော်တို့အဖွဲ့နဲ့ လောလောဆယ်မှာ မတွေ့ဆုံနိုင်သေးဘူးလို့ ဆိုတယ်၊ စာနဲ့ပေနဲ့ အကြောင်းကြားလာတာမဟုတ်ပေမယ့် နောက်မှတွေ့ဖို့စဉ်းစားမယ်ဆိုတာကို မီဒီယာကတဆင့် ပြောတာရှိတယ်” ဟု ဆိုသည်။ မွန်ကိုယ်စားပြုပါတီအကောင်အထည်ဖော်သည့်နေရာတွင် AMDP, MNP နှစ်ပါတီ မပါဝင်နိုင်ပါက ပြည့်စုံလိမ့်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် နှစ်ပါတီပါဝင်လာရေးအတွက် မိမိတို့အဖွဲ့အစည်း သက်တမ်းကုန်ဆုံးသည်အထိ ကြိုးပမ်းသွားမည်ဟု နိုင်ကောင်းရွတ်က ဆက်ပြောသည်။ သို့ရာတွင် မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယီတမက “သူတို့ရဲ့ မွန်နိုင်ငံရေးညီလာခံကို ကျနော်တို့ပါတီရော AMDP …

Read More »

မွန်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပဖြစ်မှာလား

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးပြီးနောက် မွန်ပြည်သစ် ပါတီ(NMSP) အနေဖြင့် မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် လူထု တွေ့ဆုံ ရှင်းလင်းပွဲ ကျင်းပရန် စီစဉ်နေခြင်းကို တပ်မတော်မှ လူဦးရေ ကန့်သတ်မှုများ ဟန့်တားလာခြင်းက စဉ်းစားရ ခက်စေသည်။

Read More »