Homeသတင်းမွန်ပြည်နယ်အတွင်း ယမန်နှစ်မီးလောင်မှု ကျပ်သိန်းပေါင်း ၇ ရာနီးပါးဆုံးရှုံးမှုရှိ

မွန်ပြည်နယ်အတွင်း ယမန်နှစ်မီးလောင်မှု ကျပ်သိန်းပေါင်း ၇ ရာနီးပါးဆုံးရှုံးမှုရှိ

-

မွန်ပြည်နယ်၌ ယမန်နှစ် ၂၀၁၇ ခု ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ မီးလောင်မှု ၇၄ ကြိမ်ဖြစ်ပွားခဲ့သဖြင့် ကျပ်သိန်းပေါင်း ၆၈၇ သိန်း ကျော်ဆုံးရှုံးမှုရှိကြောင်း မွန်ပြည်နယ် မီးသတ်ဦးစီးဌာနမှ အနှစ်ချုပ်စာရင်းအရသိရသည်။

ယင်းမီးလောင်မှုများတွင် ပေါ့ဆမီး နှင့် ရှို့မီးကြောင့်လောင်သည့်မီး အများဆုံးရှိကြောင်း ပြည်နယ်မီးသတ် ဦးစီးဌာန အနှစ်ချုပ်စာရင်းတွင်ဖော်ပြထားကြောင်း ပြည်နယ်မီးသတ်ဌာနမှ အရာရှိတစ်ဦးကပြောသည်။

ဇန်နဝါရီ ၂၅ ရက်က သံဖြူဇရပ်မြို့ ကိုးနဝင်းရပ်ကွက်၌ မီးလောင်မှု(Ngwe Moe)

မီးလောင်မှုကြောင့် နေအိမ်ဆုံးရှုံးသွားသော ပြည်သူများကို စာနပ်ရိက္ခာများ၊ လိုအပ်သည့် ဆေးဝါးကုသမှုများ တတ်နိုင်သလောက် လိုက်လံကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မွန်ပြည်နယ် အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဖြစ်သည့် ဦးဘိုဘိုဝင်းက ပြောသည်။

“ကျွန်တော်တို့က မီးလောင်ပြင်မှာ ထိခိုက်ဒဏ်ရာရတဲ့လူနာတွေကိုအရင်ဦးဆုံးကုသတယ်၊ မီးသတ် တပ်ဖွဲ့နဲ့အတူ ပူးပေါင်းပြီးမီးငြှိမ်းသတ်ပေးတယ်၊ တစ်ကယ်လို့ အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့အထိ ဆိုးဆိုးဝါးဝါး မီးလောင်ခံရမယ်ဆိုရင်၊ ကျွန်တော်တို့ဘက်က တတ်နိုင်သလောက်ကူညီထောက်ပံ့မှုတွေ အလှူငွေ တွေကိုလည်း ထောက်ပံ့လှူဒါန်းတာတွေရှိတယ်” ဟုသူကဆိုသည်။

လူမှုကယ်ဆယ်ရေးအသင်း၏ Net Work အနေဖြင့် မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်းအချိတ်အဆက်ရှိပြီး ဘေးန္တရာယ်နှင့်ပတ်သက်သည့် ပညာပေးလုပ်ငန်းများ၊ လှုပ်ရှားမှုများလည်း တစ်နှစ်တစ်ကြိမ်ပြုလုပ်ပေးလျက် ရှိကြောင်းသူက ဆက်ပြောသည်။

အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့အနေဖြင့် မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်း ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းနှင့်ပူးပေါင်းပြီး သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် ဟောပြောပွဲများ၊ ယာဉ်တိုက်မှု ကြောင့်ဖြစ်ပွားသည့် အန္တရာယ်နှင့်ပတ်သက်သည့် ဟောပြောပွဲများ လုပ်ဆောင်သွားဖို့ စ႘စဉ်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်နေ့တွင်လည်း မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့နယ်ခွဲ ကော့လှိုင် ကျေးရွာ၌ နေအိမ် ၆ လုံးမီးလောင်က္ပွျမ်းခဲ့ကြောင်းသိရသည်။

မီးလောင်မှုကြောင့်နေအိမ်ဆုံးရှုံးသွားသော ပြည်သူများကို လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ လူမှုအဖွဲ့အစည်းများနှင့် လူငယ်အဖွဲ့အစည်းများက အလှူငွေကောက်ခံပြီး လှူဒါန်းထောက်ပံ့နေသည်ကိုလည်း တွေ့ရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts