Homeသတင်းသစ်မှောင်ခိုအလုပ်သမား ၃၂ ယောက်အား KNU ထံလွှဲအပ်

သစ်မှောင်ခိုအလုပ်သမား ၃၂ ယောက်အား KNU ထံလွှဲအပ်

-

လွန်ခဲ့သည့် ၁၀ ရက်ခန့်က မွန်ပြည်သစ်ပါတီမှ ဖမ်းဆီးရမိသော သစ်မှောင်ခိုဂိုဏ်းတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သော သာမန်အရပ်သား ကရင်တိုင်းရင်းသားအလုပ်သမား ၃၂ ဦးအား ဝင်းရေးမြို့နယ် ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်ရေးဌာနသို့ ယမန်နေ့တွင် လွှဲအပ်ပေးလိုက်ကြောင်းမွန်ပြည်သစ်သတင်းစဉ်က ဖော်ပြသည်။

မွန်ပြည်နယ် ရေးမြို့အရှေ့ဖက်ရှိ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ ဝယ်ဇင်စခန်း၌ မွန်ပြည်သစ်ပါတီ၏ မဟာမိတ်အဖွဲ့အစည်းဖြစ်သည့် KNU အား အခမ်းအနားဖြင့်လွှဲအပ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

သစ်မှောင်ခိုအလုပ်သမားများနှင့် NMSP,KNU တာဝန်ရှိသူများ(မွန်ပြည်သစ်သတင်းစဉ်)

မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်ရှိ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက “သာမန်အရပ်သား ကရင်လူမျိုး အလုပ်သမားတွေကို လွှဲပေးတာပါ၊ ကျန်တဲ့ ဆင်ထိန်း၊ ကားသမား၊ သစ်ခွဲသမားတွေကိုတော့ ဆက်ထိန်းသိမ်းထားတယ်” ဟု ဆိုသည်။

သစ်လုပ်ငန်းရှင် ဖိုးတီနှင့် အလုပ်သမားခေါင်းဆောင် ဒေါ်ခင်စန်းဝင်း ဆိုသူတို့က ဧရာဝတီ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမှ အဆိုပါအလုပ်သမားများကို ခေါ်ယူလာခဲ့ကြောင်း မွန်ပြည်သစ်သတင်းစဉ်က ဖော်ပြသည်။

၄င်းသစ်မှောင်ခိုဂိုဏ်းမှ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ တားမြစ်ဧရိယာအတွင်း ဘူဒိုဇာတစ်လုံး၊ ဆင်များ၊ လက်ကိုင်သစ်ခွဲလွှစက်များနှင့်အတူ သစ်နှင့်ခွဲသားများ၊ ခုတ်လှဲပြီးသစ်တစ်ချို့ ဖမ်းဆီးရမိခဲ့သည်ဟု အဆိုပါမွန်ပြည်သစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်က ပြောသည်။

ရေး-ထားဝယ်အဝေးပြေးမော်တော်ကားလမ်းအရှေ့ဖက်ခြမ်း မွန်ပြည်သစ်ပါတီ၏ဗဟိုဌာနချုပ်ဝန်းကျင်ဒေသတဝိုက် မာန်အောင်တောင်၏အရှေ့ဖက် သစ်တောဧရိယာများအတွင်း ၂၀၁၀ ခုနှစ်ကတည်းက သစ်ထုတ်လုပ်ခွင့်ကို မွန်ပြည်သစ်ပါတီမှ ပိတ်ပင်တားမြစ်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts