Homeသတင်းNMSP နှင့် LDU မကြာခင် NCA လက်မှတ်ရေးထိုးမည်ဟု သတင်းထုတ်ပြန်

NMSP နှင့် LDU မကြာခင် NCA လက်မှတ်ရေးထိုးမည်ဟု သတင်းထုတ်ပြန်

-

မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့အနေဖြင့် မကြာခင် တစ်နိုင်ငံလုံးဆိုင်ရာပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၃ ရက် နေ့စွဲဖြင့်သတင်းထုတ်ပြန်လိုက်သည်။

-နိုင်ငံတော်၏အတိုင်ပင်ခံနှင့် NMSP, LDU ခေါင်းဆောင်များ NRPC တွင်အမှတ်တရဓါတ်ပုံရိုက်ကူးစဉ်(MNA)

မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန် ခေါင်းဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး ဥက္ကဌ ကြာခွန်ဆာ ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် နေပြည်တော်၌ ယနေ့တွေ့ဆုံဆွေးနွေးအပြီး ယင်းကဲ့သို့သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နိုင်ထောမွန်တို့ လက်ဆွဲနှုတ်ဆက်ကြစဉ်(NMSP)

ထိုသို့တွေ့ဆုံရာတွင် NCA လက်မှတ်ရေးထိုးရေးကိစ္စနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သို့ရာတွင် မည်သည့်နေ့ရက်တွင် NCA လက်မှတ်ရေးထိုးမည်ကို ထုတ်ပြန်ချက်၌ အတိအကျ ဖော်ပြထားခြင်းမရှိသော်လည်း ဇန်နဝါရီလမကုန်မီ (သို့မဟုတ်) ပြည်ထောင်စုနေ့မတိုင်မီ လက်မှတ်ရေးထိုးနိုင်သည်ဟု စောင့်ကြည့်လေ့လာသူများက သုံးသပ်ကြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts