Homeသတင်းမွန်ပြည်သစ်ပါတီနယ်မြေအတွင်း အင်အား ၅၀ ခန့်ရှိ သစ်မှောင်ခိုဂိုဏ်းတစ်ခုအား ဖမ်းဆီးထိန်းသိမ်း

မွန်ပြည်သစ်ပါတီနယ်မြေအတွင်း အင်အား ၅၀ ခန့်ရှိ သစ်မှောင်ခိုဂိုဏ်းတစ်ခုအား ဖမ်းဆီးထိန်းသိမ်း

-

ရေးမြို့နယ်အတွင်းရှိ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေအတွင်း အင်အား ၅၀ နီးပါးခန့်ရှိ သစ်မှောင်ခိုဂိုဏ်းတစ်ခုကို မွန်ပြည်သစ်ပါတီတပ်ဖွဲ့များက ဇန်နဝါရီ ၁၂-၁၃ ရက်နေ့များတွင် ဖမ်းဆီးထိန်းသိမ်းရမိကြောင်းမွန်ပြည်သစ်ပါတီဗဟိုမှ သိရသည်။

၄င်းသစ်မှောင်ခိုဂိုဏ်းမှ ဘူဒိုဇာတစ်လုံး၊ ဆင်များ၊ လက်ကိုင်သစ်ခွဲလွှစက်များနှင့်အတူ သစ်နှင့် ခွဲသားများ၊ ခုတ်လှဲပြီးသစ်အချို့ ဖမ်းဆီးရမိသည်ဟု မွန်ပြည်သစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက ပြောသည်။

သစ်ခုတ်လှဲနေသည့်နေရာတစ်ခု(Internet)

အဆိုပါ ဖမ်းဆီးရမိထားသည့် သစ်မှောင်ခိုဂိုဏ်း အလုပ်သမားများ၏ ထုတ်ဖော်ပြောဆိုချက်အရ ၄င်းတို့သည် တောင်ငူဒေသနှင့် ဧရာဝတီတိုင်းဒေသကြီးမှ လာရောက်ကြသူများဟု သိရပြီး သစ်မှောင်ခိုခေါင်းဆောင်နှင့် အဖွဲ့ကိုလည်း ဆက်လက်ရှာဖွေဖော်ထုတ်သွားမည်ဟု ၄င်းမွန်ပြည်သစ်ပါတီခေါင်းဆောင်က ဆိုသည်။

ရေး-ထားဝယ်အဝေးပြေးမော်တော်ကားလမ်းအရှေ့ဖက်ခြမ်း မွန်ပြည်သစ်ပါတီ၏ဗဟိုဌာနချုပ်ဝန်းကျင်ဒေသတဝိုက် မာန်အောင်တောင်၏အရှေ့ဖက် သစ်တောဧရိယာများအတွင်း ၂၀၁၀ ခုနှစ်ကတည်းက မွန်ပြည်သစ်ပါတီမှ သစ်ထုတ်လုပ်ခွင့် ပိတ်ပင်တားမြစ်ခဲ့ကြောင်း သိရသည်။

ထို့အတူ မြန်မာနိုင်ငံတွင် တရားဝင်ရော၊ တရားမဝင်ပါ သစ်ခုတ်လှဲသည့်အတွက် သစ်တောပြုန်းတီးကာကွယ်နိုင်ရန် NLD အစိုးရသစ် လက်ထက်၌ သစ်ခုတ်လှဲခွင့်ကို ယာယီတားမြစ်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts