Homeသတင်းMelody Reh Mon သီချင်းအဆိုပြိုင်ပွဲ ဝါသနာရှင်များဖိတ်ခေါ်

Melody Reh Mon သီချင်းအဆိုပြိုင်ပွဲ ဝါသနာရှင်များဖိတ်ခေါ်

-

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် Melody Reh Mon သီချင်းအဆိုပြိုင်ပွဲကို နှစ်စဉ်ကျင်းပလျက်ရှိပြီး အမှတ်စဉ် ၅ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်လူငယ်ဝါသနာရှင်များအား ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။

ယင်းအဆိုပြိုင်ပွဲတွင် ရွေးချယ်ခံသည့်လူငယ်များကို တေးဂီတအဖွဲ့များနှင့် ချိတ်ဆက်ပေးသွားမှာဖြစ်ကြောင်း အကဲဖြတ်ဒိုင်လူကြီးအဖွဲ့မှ မွန်အဆိုတော် သူရိယျမာန်က မွန်သတင်းအေဂျင်စီကို ပြောသည်။

Melody Reh Mon ကြေညာ(Copy)
“ဒီ Melody Reh Mon အဆိုပြိုင်ပွဲမှဆုရသွားကြတဲ့ အဆိုဝါသနာရှင်တွေကို အရင်ဦးဆုံး ဂီတအဖွဲ့ တွေနဲ့ ချိတ်ဆက်ပေးမယ်၊ နောက်တစ်ခုက တေးစီးရီးထုတ်ပေးဖို့အတွက် စီစဉ်ထားတာရှိတယ်၊ အခုလောလောဆယ်မှာ အသံသွင်းတဲ့ Studio ကိုလည်း ဆောက်လုပ်နေတယ်” ဟု ၄င်းကဆိုသည်။

အဆိုပါပြိုင်ပွဲသို့ စာရင်းပေးသွင်းရန် ဆက်သွယ်ရမည့်နေရာနှင့် ဖုန်းနံပါတ်များကို လူမှုကွန်စာမျက်စာနှင့် ပိုစတာများကို မွန်ဒေသအနှံ့ဖြန့်ဝေထားသည်ဟု သိရသည်။

ဝင်ရောက်ယှဉ်ပြိုင်သည့်လူငယ်များအနေဖြင့် မိမိတို့၏ အနုပညာရည်မှန်းချက် ပန်းတိုင်ကိုရောက် ရှိရန် အတတ်နိုင်ဆုံးကြိုးစားစေလိုကြောင်း ပြိုင်ပွဲအမှတ်စဉ် ၄ တွင် Winner ဆုဆွတ်ခူး ရရှိခဲ့သည့် မိရူပါဝင်နွန်က ပြောသည်။

“ဒီပွဲမှာ ဂီတဝါသနာရှင်တွေ၊ တကယ်အရည်အချင်းရှိတဲ့တက်သစ်စလူငယ်တွေအဖို့ အများကြီးအထောက်အကူ ဖြစ်စေပါတယ်၊ ဝါသနာရှင်တွေအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ တိုက်တွန်းချင်တယ်” ဟု သူမက ဆိုသည်။

Melody Reh Mon အဆိုပြိုင်ပွဲကို ၂၀၁၄ ခုနှစ်မှစတင်၍ ရာမညရဋ္ဌစာသင်တိုက်မှ ဆရာတော်ဘဒ္ဒန္တ သ႘လာစာရ ပံ့ပိုးမှုဖြင့် မွန်အဆိုတော်များ စတင်အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts