Homeသတင်း(၇၁) ကြိမ်မြောက်မွန်အမျိုးသားနေ့ ရံပုံငွေထောက်ပံ့ရန် ပြည်နယ်အစိုးရထံတောင်းခံ

(၇၁) ကြိမ်မြောက်မွန်အမျိုးသားနေ့ ရံပုံငွေထောက်ပံ့ရန် ပြည်နယ်အစိုးရထံတောင်းခံ

-

လာမည့် တပို့တွဲလဆုတ် (၁) ရက်(ဖေဖော်ဝါရီလ (၁) ရက်နေ့) တွင် ကျရောက်သည့် (၇၁) ကြိမ်မြောက် မွန်အမျိုးသားနေ့ကျင်းပရေးအတွက်ရံပုံမငွေထောက်ပံ့ပေးရန် မွန်ပြည်နယ်အစိုးရအဖွဲ့ထံ တောင်းခံထားကြောင်း မွန်အမျိုးသားနေ့(ဗဟို) ဥက္ကဋ္ဌ နိုင်ချစ်ဦးက ပြောသည်။

နိုင်ချစ်ဦးက “အတည်ပြုချက်တော့ မရသေးပါဘူး၊ နိုင်ကြည်ဝင်းပြောတာက မွန်ပြည်နယ်အစိုးရကနေ သိန်း ၃၀ဝ လောက်ရနိုင်တယ်၊ အဲဒီအထဲကနေ မြို့နယ်ကျင်းပရေးတွေအတွက် သိန်း ၂၀ စီခွဲဝေပေးဖို့ စဉ်းစားထားကြတယ် ” ဟု ဆိုသည်။

၇၁ ကြိမ်မြောက် မွန်အမျိုးသားနေ့(ဗဟို) အစည်းအဝေး(Facebook)
ကျင်းပရေးကော်မတီတို့ဘက်မှ လျာထားသည့် ဘတ်ဂျက်ငွေကျပ်သိန်း ၇၀ဝ ကျော်ကိုလည်း ဝန်ကြီးချုပ်ထံ ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်နေ့တွင် တင်ပြထားသည်ဟု ၄င်းက ပြောသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက “သိန်း ၃၀ဝ က ဗဟိုကျင်းပရေးအတွက်သက်သက်မဟုတ်ဘူး၊ မြို့နယ်အဆင့်ကျင်းပရေးတွေလည်းရမှာ၊ ဒါပေမယ့် ဆုံးဖြတ်ချက်မချရသေးဘူး” ဟု ပြောသည်။

ထို့အတူ ကရင်ပြည်နယ်အစိုးရထံသို့ ကရင်ပြည်နယ်တွင်ကျင်းပမည့် မွန်အမျိုးသားနေ့အခမ်းအနားအတွက် ငွေကျပ်သိန်း ၃၀ဝ ခန့် ထောက်ပံ့ပေးရန် တောင်းဆိုပေးထားကြောင်း ကရင်ပြည်နယ် မွန်တိုင်းရင်းသားရေးရာဝန်ကြီး ဦးမင်းတင်ဝင်းက ဆိုသည်။

ဦးမင်းတင်ဝင်းက “ကျွန်တော်တို့ ကရင်အစိုးရက ပေးမယ်၊ ဘယ်လောက်ပေးမလဲဆိုတာတော့ အစိုးရကတ်ဘိနက်အစည်းပြီးမှ သိနိုင်မယ်” ဟု ပြောသည်။

ယခုနှစ်တွင်ကျရောက်မည့် ၇၁ ကြိမ်မြောက်မွန်အမျိုးသားနေ့အခမ်းအနား ဗဟိုအဆင့်ကို ကရင်ပြည်နယ် ဘားအံမြို့နယ် ဇာသပြင်ကျေးရွာတွင် ကျင်းပမည် ဖြစ်သည်။

ပြီးခဲ့သော (၇၀) ကြိမ်မြောက် မွန်အမျိုးသားနေ့ကျင်းပရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ်သိန်း ၁၅၀ ထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts