Sunday, March 22, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ပါတီ၏နိုင်ငံရေးလမ်းစဉ်ကို မွန်လူငယ်များထောက်ခံ

    မွန်ပြည်သစ်ပါတီ၏နိုင်ငံရေးလမ်းစဉ်ကို မွန်လူငယ်များထောက်ခံ

    -

    မွန်ပြည်သစ်ပါတီ၏ နိုင်ငံရေးလမ်းစဉ်ကို ထောက်ခံကြောင်း ယနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျရောက်သည့် ဆဌမအကြိမ်မွန်လူငယ်များနေ့၌ထုတ်ပြန်သောမွန်လူငယ်များဖိုရမ် MYF ကြေညာချက်တွင် ရေးသားဖော်ပြထားသည်။

    မွန်အမျိုးသားတို့အနာဂတ်မှာ မွန်နိုင်ငံရေးအင်အားစုများနှင့် ခေါင်းဆောင်မှုပေါ်တွင်မူတည်နေကြောင်း၊ လက်နက်ကိုင်တိုင်းရင်းသားအင်အားစုများနှင့်အတူ မွန်ပြည်သစ်ပါတီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများသည် မွန်တို့၏ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ဖြတ်သန်းသွားရမည့်နည်းလမ်းမှန်တစ်ရပ်ပင်ဖြစ်ကြောင်း အဆိုပါမွန်ဘာသာဖြင့် ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

    မွန်လူငယ်ခေါင်းဆောင် မင်းဇာနည်ဦးက “မွန်တို့ရဲ့ကံကြမ္မာ မွန်တို့ဖန်တီးခွင့်ရှိရမယ်ဆိုတဲ့ မွန်ပြည်သစ်ပါတီ ရပ်တည်ချက်ကို ကျနော်တို့လက်ခံတယ်၊ မွန်ပြည်သစ်ပါတီလက်နက်ကိုင်တာကတစ်ပိုင်း၊ ဒါပေမယ့် နိုင်ငံရေးဦးဆောင်မှုကို ကျနော်တို့ ထောက်ခံတယ်” ဟု ဆိုသည်။

    ဆဌမအကြိမ်မွန်လူငယ်များနေ့အခမ်းအနား(Facebook)
    အဆိုပါ ဆဌမအကြိမ်မြောက် မွန်လူငယ်များနေ့အခမ်းအနားကို ဘီလူးကျွန်း-ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ ရဟန်းသံဃာတော်များ၊ အနယ်နယ်အရပ်ရပ်မှ မွန်လူငယ်များနှင့် ဘင်ခရာအဖွဲ့များ၊ အရပ်ဖက်မွန်လူမှုအဖွဲ့အစည်းများ စုစုပေါင်း အင်အားထောင်နှင့်ချီ တက်ရောက်ကြပြီး စင်မြင့်ပေါ် ဟောပြောခြင်း အစီအစဉ်များပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

    “ပါလီမန်အတွင်း တိုက်ပွဲဝင်ဖို့ကိုတော့ မွန်အမတ်တွေများများရရှိဖို့၊ မွန်တစ်ပါတီဖြစ်မှ မွန်အမတ်များများမဲနိုင်ပါလိမ့်မယ်၊ မွန်ကိုယ်စားပြုတရားဝင်မွန်နိုင်ငံရေးတစ်ပါတီဖြစ်ဖို့က မွန်ပြည်သူ့ညီလာခံမှာ အဆုံးအဖြတ်ရယူသွားမယ်” ဟု မင်းဇာနည်ဦးက ဆက်ပြောသည်။

    ထိုနောက် “မွန်ကိုယ်စားပြုပြည်တွင်းနိုင်ငံရေးပါတီတစ်ရပ်ပေါ်ထွန်းရေး၊ မွန်ပြည်သစ်ပါတီနိုင်ငံရေးလမ်းစဉ်အား ထောက်ခံကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး” စသည့် မွန်ဘာသာကြွေးကြော်သံများဖြင့် အခမ်းအနားပြီးဆုံးခဲ့သည်။

    ဆဌမအကြိမ်မွန်လူငယ်များနေ့အခမ်းအနား(Facebook)
    သို့ရာတွင် တရားဝင်နိုင်ငံရေးပါတီများဖြစ်သည့် မွန်အမျိုးသားပါတီ MNP နှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP တို့အား မွန်လူငယ်များနေ့ အခမ်းအနားတက်ရောက်ရန် ဖိတ်ကြားထားခြင်းမရှိဟု သိရသည်။

    လွတ်လပ်ရေးအကြိုခေတ် ၁၉၄၆ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မော်လမြိုင်မြို့ ကျိုက်သုတ်ဘုရား ရင်ပြင်တော်ပေါ်၌ မွန်လူငယ်ပထမအကြိမ်ညီလာခံ ကျင်းပသည်ကို အစွဲပြု၍ မွန်လူငယ်များနေ့ကို သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks