Homeသတင်းNCA စာချုပ်ကို တတိယအကြိမ် ၂၁ ပင်လုံညီလာခံမစမီ UNFC လက်မှတ်ထိုးလာနိုင်မည်ဟု ယုံကြည်ကြောင်း ဦးအောင်စိုးပြော

NCA စာချုပ်ကို တတိယအကြိမ် ၂၁ ပင်လုံညီလာခံမစမီ UNFC လက်မှတ်ထိုးလာနိုင်မည်ဟု ယုံကြည်ကြောင်း ဦးအောင်စိုးပြော

-

ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖယ်ဒရယ်ကောင်စီ(UNFC)အနေဖြင့် တနိုင်ငံလုံး ပစ်ခတ်တိ်ုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)ကို တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံ မစမီ လက်မှတ်ထိုး လာနိုင်မည် ဟု ယုံကြည်ကြောင်း ငြိမ်းချမ်းရေးကော်မရှင်(PC)မှ ဦးအောင်စိုးက ပြောသည်။

တတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံကို ၂၀၁၈ ခုနှစ်၊ဇန်နဝါရီလ နောက်ဆုံးအပတ်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ၆ ကြိမ်မြောက် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM)မှ ချမှတ်ထား သည်။

၂၀၁၇ ခုနှစ်၊သြဂုတ် ၁၀-၁၁ ရက်က ငြိမ်းချမ်းရေးကော်မရှင်(PC)နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့(DPN)တို့ တွေ့ဆုံ ဆွေးနွေးကြစဉ်။(MNA)
ငြိမ်းချမ်းရေးကော်မရှင်(PC)နှင့် UNFC ၏ အလုပ်အဖွဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ (DPN) တို့သည် NCA လက်မှတ်ထိုးနိုင်ရေး UNFC မှ အဆိုပြုချက် ၈ ချက်ကို ဆွေးနွေးနေရာ တချက်သာ ကျန်ရှိတော့ သည်။

“ ကျနော်တို့တော့ ထိုးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားတယ်။ အပြင် သတင်းတွေ ကြားနေရတဲ့ အနေအထား အရပေါ့။ ကျနော်တို့ ဒီတတိယအကြိမ် ပင်လုံညီလာခံမစမီမှာ ထိုးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ရထားတဲ့ သတင်းတွေအရပေါ့။ကျနော်တို့ အကောင်းဘက်ကပဲ ယုံကြည်ထား ပါတယ်”ဟု ငြိမ်းချမ်းရေး ကော်မရှင် (PC)မှ ဦးအောင်စိုးက ပြောသည်။

အဆိုပြုချက် ၈ ချက်အနက် ကျန်ရှိနေသော ၁ ချက်ကို သဘောတူညီမှုရယူနိုင်ရေး၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်က နှစ်ဖက် ကိုယ်စားလှယ်များ ဆွေးနွေးရန် ကြိုးပမ်းခဲ့ကြသော်လည်း အလွတ်သဘောသာ တွေ့ဆုံနိုင် ခဲ့ကြသည်။

ထို့နောက် ပြန်လည် တွေ့ဆုံ ဆွေးနွေးနိုင်ရေး နှစ်ဖက် ခေါင်းဆောင်များ ကြိုးပမ်းနေကြသော်လည်း ယနေ့ (ဒီဇင်ဘာ ၈ ရက်)ထိ မည်သည့် အချိန်တွင် တွေ့ဆုံမည်ဆိုသော ရက်ချိန်းကို မသတ်မှတ်နိုင်သေးပဲ ဖြစ်နေ ကြောင်း သိရသည်။

“ ကျနော်တို့က တပ်ပေါင်းစု ဖြစ်တော့ တပ်ပေါင်းစု သဘောထားအတိုင်းပဲ သွားမှာပါ။ NCA လက်မှတ်ထိုးနိုင်ဖို့ လည်း ကြိုးပမ်းနေပါတယ်။NCA လမ်းကြောင်းအတိုင်းပဲ ဆက်သွားမှာပါ”ဟု DPN အဖွဲ့ဝင် တဦးက ပြောသည်။

UNFC တွင် ဥက္ကဌအဖြစ် တာဝန်ယူထားသော မွန်ပြည်သစ်ပါတီ(NMSP)သည် ၂၀၁၇ ခုနှစ်၊နိုဝင်ဘာ ၂၄ ရက်မှ ၂၈ ရက်ထိ ဗဟိုကော်မတီအစည်းအဝေး ကျင်းပကာ NCA လက်မှတ်ထိုးနိုင်ရေး နည်းလမ်းရှာဖွေ ခဲ့ ကြသည်။

ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် NMSP ဒုဥက္ကဌလည်းဖြစ် UNFC ၏ ဥက္ကဌလည်းဖြစ် သော နိုင်ဟံသာ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့ အလွတ်သဘော တွေ့ဆုံ၍ NCA ထိုးနိုင်ရေး အမြင် ဖလှယ်ခဲ့ကြသည်။

ထိုသို့ အလွတ်သဘော တွေ့ဆုံမှုတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက NCA ထိုးရန် တိုက်တွန်းမှု များရှိခဲ့ကြောင်း၊ NMSP ဘက်မှ ဗဟိုကော်မတီအစည်းအဝေးမှ ချမှတ်ခဲ့သော အခြေအနေများကို ပြန်လည် ရှင်းပြခဲ့ကြောင်း သိရသည်။

UNFC တွင် မွန်ပြည်သစ်ပါတီ(NMSP)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ ရခိုင်အမျိုးသားကောင်စီ(ANC) တို့ ပါဝင်ကြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts