Homeသတင်းမွန်ပြည်နယ်တိုင်ကြားစာကော်မတီဖြေရှင်းပေးရန် (၁၀) စောင်ခန့်သာကျန်ရှိဟုဆို

မွန်ပြည်နယ်တိုင်ကြားစာကော်မတီဖြေရှင်းပေးရန် (၁၀) စောင်ခန့်သာကျန်ရှိဟုဆို

-

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်သက်တမ်း၌ တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာများနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီထံ တိုင်စာပေါင်း (၁၁၀ဝ) ခန့် ရှိသည့်အနက် ဆက်လက်ဖြေရှင်းပေးရန် တိုင်ကြာစာ (၁၀) စောင်ခန့်သာ ကျန်ရှိတော့ကြောင်း နိုဝင်ဘာ (၈) ရက်နေ့တွင် အဆိုပါကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်သူက ပြောသည်။

အဆိုပါတိုင်ကြားစာများတွင် မြေယာပြဿနာကိစ္စအများဆုံးပါဝင်နေကြောင်း၊ မီးလင်းရေးကော်မတီနှင့် စီမံကိန်းနှင့်သက်ဆိုင်သည့်ကိစ္စများ ပါဝင်ကြောင်း သိရသည်။

မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာများနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီအစည်းဝေး(မွန်ပြည်နယ်လွှတ်တော်)
ဦးအောင်ကျော်သူက “အခုအခါ ဖြေရှင်းရတာ အဆင်ပြေလာတယ် ဒါပေမယ့် တစ်နှစ်မှာမှ ၃၆၅ ရက်ပဲရှိတယ်၊ လွှတ်တော်ရက်နဲ့ အခြား အလုပ်ရုံဆွေးနွေးပွဲတွေလည်း တက်ရသေးတယ်၊ အဲ့တော့ ကျွန်တော်တို့ရတဲ့အချိန်နဲ့ ရောက်လာတဲ့တိုင်စာအရေအတွက်နဲ့က မလုံလောက်နေဘူး၊ ကျန်တဲ့ ဋ္ဌာနဆိုင်ရာတွေနဲ့ ဆက်သွယ်တာတို့ ကွင်းဆင်းသွားလာရေးတို့မှာ အဆင်ပြေလာတော့ နည်းနည်းမြန်လာတယ်” ဟု ဆိုသည်။

လက်ရှိဖြေရှင်းရန် ကျန်ရှိနေသည့် တိုင်စာ (၁၀) စောင်သည် ချက်ချင်းဖြေရှင်း၍မရသော ဆေးရုံမှဆရာဝန်အား တိုင်သည့်ကိစ္စမျိုးဖြစ်သည့်အတွက် ဆေးရုံ၏ လုပ်ထုံးလုပ်နည်းများကို ပြန်လည်လေ့လာနေရကြောင်း၊ ချက်ချင်းဖြေရှင်း၍မရသော တရားဥပဒေပိုင်းဆိုင်ရာကျွမ်းကျင်သူများနှင့် တတ်သိပညာရှင်များ လိုအပ်ချက်များရှိနေကြောင်း ၄င်းက ဆက်ပြောသည်။

ထို့အတူ တိုင်ကြားစာကော်မတီ အတွင်းရေးမှူး ဦးဇော်ဇော်ထူးက “ ကျွန်တော်တို့ ကော်မတီဘက်က ဒီသက်ဆိုင်ရာဋ္ဌာနတွေဆီ ပေးပို့လိုက်တဲ့ တိုင်စာတွေကို သူတို့ဘက်ကလည်း မြန်မြန်ဆန်ဆန်နဲ့ အရေးယူဆောင်ရွက်ပေးတယ်၊ data တွေကိုလည်း မြန်မြန်ဆန်ဆန်နဲ့ သိလာရတဲ့အတွက် ကျွန်တော်တို့ဘက်ကလည်း လုပ်ဆောင်ရတာ ပိုပြီးမြန်ဆန်သွားတယ်” ဟု ပြောသည်။

တိုင်ကြားစာနှင့် အသနားခံစာ၊ တင်ပြစာများနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီကို လွန်ခဲ့သည့် ၂၀၁၆ ဖေဖော်ဝါရီလတွင် ကျင်းပသော ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် ကော်မတီဝင် (၁၁) ဦးနှင့် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၆ ခုနှစ် တစ်နှစ်အတွင်း ကော်မတီအစည်းအဝေးကို (၄၄) ကြိမ်ကျင်းပခဲ့ပြီး ကွင်းဆင်းလေ့လာမှု အကြိမ် (၂၀) ခန့် ရှိခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts