spot_img
Wednesday, February 11, 2026
More
    spot_img
    Homeမေးမြန်းချက်မွန်ပြည်နယ် ခေတ္တရဲမှူး(ဦးစီး) စိုးလွင်နှင့် တွေ့ဆုံမေးမြန်းခြင်း

    မွန်ပြည်နယ် ခေတ္တရဲမှူး(ဦးစီး) စိုးလွင်နှင့် တွေ့ဆုံမေးမြန်းခြင်း

    -

    မွန်ပြည်နယ်(၁၀) မြို့နယ်ထဲမှာ မော်လမြိုင်မြို့ဟာ မှုခင်းတွေအများဆုံးဖြစ်ပွားနေတယ်လို့ မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးကနေသိရပါတယ်။ ယာဉ်တိုက်မှုတွေကတော့ ကျိုက်ထိုမှာအများဆုံးဖြစ်ပွားနေပြီး (၉) လအတွင်း မူးယစ်ဆေးဝါးတွေ ငွေကျပ် သန်း (၃၀ဝ)ကျော် ဖမ်းဆီးရမိထားတယ်လို့ ဆိုပါတယ်။
    ထို့ကြောင့် လက်ရှိမွန်ပြည်နယ်မှာဖြစ်ပွားနေတဲ့ မှုခင်းတွေနဲ့ ပတ်သက်ပြီး မွန်သတင်းအေဂျင်စီ အလွတ်တန်းသတင်းထောက် မင်းချမ်းညီက မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ခေတ္တရဲမှူး(ဦးစီး) စိုးလွင် တွေ့ဆုံမေးမြန်းချက်ကို ဖော်ပြပါတယ်။

    မေး ။ ။မွန်ပြည်နယ်အတွင်း မှုခင်းတွေနဲ့ ပတ်သက်ပြီး ဘယ်မြို့နယ်တွေက ဘယ်လိုမှုခင်းတွေ အများဆုံး ဖြစ်ပွားနေလဲ ဆရာ။
    ဖြေ ။ ။ မွန်ပြည်နယ် (၁၀) မြို့နယ်အထဲမှာ လူသတ်မှု အများဆုံးဖြစ်ပွားတဲ့ မြို့နယ်ကတော့ မော်လမြိုင်မြို့နယ် နှင့် ရေးမြို့နယ်တို့ဖြစ်ပြီးတော့ (၉)မှုစီ ဖြစ်ပွားခဲ့တယ်။ မော်လမြိုင်ခရိုင် နဲ့ သထုံခရိုင်နှစ်ခု စုစုပေါင်း လူသတ်မှု (၃၆)မှု ဖြစ်ပွားခဲ့တယ်။ မုဒိန်းမှုအနေနဲ့ကတော့ မော်လမြိုင်မှာ (၁၀)မှုဖြစ်ပွားခဲ့တဲ့အတွက်ကြောင့် မွန်ပြည်နယ်ထဲမှာ မုဒိန်းမှုအများဆုံးဖြစ်ပွားတဲ့ မြို့နယ်အဖြစ် သတ်မှတ်လို့ ရပါတယ်။ ခရိုင်နှစ်ခုပေါင်း မုဒိန်းမှု(၃၇)မှု ဖြစ်ပွားခဲ့တယ်။ ခိုးမှုကတော့ မွန်ပြည်နယ်မှာ အားလုံး (၁၇၂)မှုရှိသည့်အနက် မော်လမြိုင်မြို့နယ်မှာ အများဆုံး (၆၁)မှု ဖြစ်ပွားခဲ့ပါတယ်။ သထုံမြို့နယ်ကတော့ (၂၅)မှုဖြင့် ခိုးမှု ဒုတိယအများဆုံးဖြစ်ပွားခဲ့တယ်။ ယာဉ်နာကျဉ် (ယာဉ်တိုက်မှု) အနေဖြင့် ကျိုက်ထိုမြို့နယ်ကတော့ (၁၂၈)မှုဖြင့် အများဆုံးဖြစ်ပွားခဲ့ပြီး ခရိုင်နှစ်ခုစုစုပေါင်း (၆၀၃)မှု ဖြစ်ပွားခဲ့ပါတယ်။

    ခေတ္တရဲမှူး(ဦးစီး) စိုးလွင်(MNA)
    မေး ။ ။ လက်ရှိဆရာတို့ ဖမ်းဆီးအရေးယူနိုင်ခဲ့တဲ့ အမှုတွေကိုလည်းပြောပြပေးပါဦး။
    ဖြေ ။ ။ အမှုကြီး (၁၀)မျိုးမှာ စက်တင်ဘာလကုန်အထိ လူသတ်မှု (၄၀)မှု ၊ ဓါးမြမှု (၁)မှု ၊ လုယက်မှု (၁၃)မှု ၊ တိရစ္ဆာန်ခိုးမှု (၁)မှု ၊ မုဒိန်းမှု (၄၀)မှု နဲ့ မတရားအသင်းက (၂)မှု စုစုပေါင်း အမှုကြီး (၉၇)မှု ဖြစ်ပွားတယ်။ အခြားမှု (၁၀)မျိုးမှာ ခိုးမှု (၃၈၂)မှု ၊ ခိုးမှုကား (၁)မှု ၊ ခိုးမှုဆိုင်ကယ် (၈၄)မှု ၊ ခိုးမှုနှိုက် (၃)မှု ၊ ခိုးမှုအမျိုးမျိုးက (၉၇)မှု ခိုးမှုစုစုပေါင်း (၁၉၅)မှု ဖြစ်ပွားတယ်။ အခြားမှု (၁၀)မျိုးမှာကတော့ ယာဉ်နာကျင် (၆၄၃)မှု ၊ ယာဉ်နာကျင် (ရိုးရိုး) (၁၉၂)မှု ၊ ကျန်အခြားမှု (၉၃၄)မှု ၊ အခြားမှု (၇)မျိုးပေါင်း (၁၉၆၄)မှု ဖြစ်ပွားခဲ့တယ်။ ကြိုတင်ကာကွယ်မှု (၁၀)မျိုးမှာ ဖမ်းဆီးရမိမှုတွင် လက်နက်ဗုံးက (၈၁)မှု ၊ လောင်းကစား (၁၀၅)မှု ၊ မူးယစ်ဆေးဝါး (၁၉၅)မှု ၊ ပြည့်တန်ဆာ (၆)မှု ၊ ခြေချုပ် (၇)မှု အစရှိတဲ့ ကြိုတင်ကာကွယ်မှုပေါင်း (၅၈၇၂)မှုကို ဖမ်းဆီးအရေးယူခဲ့တယ်။

    မေး ။ ။ ခိုးမှုဆိုင်ကယ်နဲ့ပတ်သက်ပြီး ၂၀၁၇ ခုနှစ်အတွင်းမှာ ဘယ်နှစ်စီးလောက် ပေါ်ပေါက်ခဲ့လဲ ဆရာ။
    ဖြေ ။ ။ ခိုးမှုဆိုင်ကယ်အနေနဲ့ (၈၄) မှု ဖြစ်ပွားခဲ့တယ်။ တရားစွဲတင်ထားတာက (၄၂)မှု စွဲတင်ထားတယ်။ ပိတ်သိမ်းတာက (၅)မှု ပိတ်သိမ်းထားပြီး လက်ကျန်ကတော့ (၃၇)မှု ကျန်ရှိနေသေးတယ်။ သထုံမှာ ဆိုင်ကယ် (၆) စီး ၊ မော်လမြိုင်မှာ ဆိုင်ကယ် (၃) စီး ၊ ကျိုက်မရောမှာ ဆိုင်ကယ် (၂) စီး ၊ ရေးမှာ ဆိုင်ကယ် (၄) စီး ၊ ပေါင်မှာ ဆိုင်ကယ် (၆) စီး အားလုံးစုစုပေါင်း ဆိုင်ကယ် (၂၁) ပေါ်ခဲ့ပါတယ်။

    မေး ။ ။ ခိုးမှုဆိုင်ကယ်နဲ့ ပတ်သက်ပြီး တရားခံ ဘယ်နှစ်ယောက်လောက် ဖမ်းဆီးရမိလဲ ဆရာ။
    ဖြေ ။ ။ လက်ရှိမှာတော့ တရားခံ (၅)ဦးအနက် (၄)ဦးကို ဖမ်းဆီးရမိထားပြီး တစ်ဦးကတော့ ထွက်ပြေးတိမ်းရှောင်နေပါတယ်။ ထွက်ပြေးနေတဲ့ တရားခံနဲ့ပတ်သက်ပြီး ပိုင်နယ်ထိန်းတွေ ၊ နယ်ထိန်းခေါင်းဆောင်တွေ ၊ မှုခင်းကြိုတင်ကာကွယ်တဲ့ အဖွဲ့ကနေပြီးတော့ အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေပါတယ်။

    မေး ။ ။ မွန်ပြည်နယ်မှာ ဆိုင်ကယ်ခိုးမှုတွေက လက်ရှိအချိန်ထိဆို ဘယ်နှစ်မှုဖြစ်ပေါ်ခဲ့လဲ။
    ဖြေ ။ ။ သထုံခရိုင်မှာ (၂၃)မှု ၊ မုဒုံမြို့မှာ (၂)မှု ၊ ကျိုက်မရော (၁)မှု ၊ ကျိုက်မရောနဲ့ မော်လမြိုင် ဆက်စပ်ပြီးတော့ ပေါ်ပေါက်လာတာ ဆိုင်ကယ် ၉ စီး ဖြစ်တယ်။ လက်ရှိအချိန်ထိ ခရိုင်နှစ်ခုစုစုပေါင်း ဆိုင်ကယ် (၃၃) စီး ပေါ်ပေါက်ခဲ့တယ်။

    မေး ။ ။ မှုခင်းကျဆင်းဖို့အတွက် ဆရာတို့ ဘာတွေဆောင်ရွက်နေတာတွေရှိမလဲ။
    ဖြေ ။ ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ ကျေးရွာရပ်ကွက်လူကြီးတွေနဲ့ ပူးပေါင်းပြီးတော့ လှည့်ကင်းတွေ ရပ်ကင်းတွေ နေ့ညမပြတ် မှုခင်းကျဆင်းရေးအတွက် လုပ်ဆောင်နေပါတယ်။ ပြည်သူလူထုကလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို သတင်းပေးဖို့ ၊ အဲဒါကျမှ သတင်းရတဲ့အတိုင်း မြန်မြန်ဆန်ဆန်နဲ့ လုပ်ဆောင်မယ်ဆိုရင် မှုခင်းတွေ လျော့နည်းကျဆင်းလာမယ်။ မှုခင်းတွေ ကျဆင်းလာဖို့ အတွက်ကတော့ ပြည်သူလူထုနဲ့ ရဲတွေနဲ့ ပူးပေါင်းမှသာ မှုခင်းတွေ အောင်မြင်အောင် ဆောင်ရွက်နိုင်မှာပါ။

    မေး ။ ။ လူသတ်မှုတွေကလည်း အမှုကြီးဆိုတော့ အရင်နှစ်တွေနဲ့ နှိုင်းယှဉ်ရင် လျော့လာလား၊တိုးလာလား။
    ဖြေ ။ ။ လူသတ်မှုအနေနဲ့ ၂၀၁၅ ခုနှစ်မှာ (၅၇)မှု ၊ ၂၀၁၆ခုနှစ်မှာ (၆၂)မှု ဖြစ်ပွားခဲ့ပြီးတော့ ၂၀၁၇ ခုနှစ် စက်တင်ဘာလကုန်ပိုင်းအထိ လူသတ်မှု (၄၀) မှု ဖြစ်ပွားခဲ့တယ်။

    မှတ်ချက်။ ။မွန်ပြည်နယ်အတွင်း ၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှ အောက်တိုဘာလ (၁) ရက်နေ့အထိ ၉ လ အတွင်း မူးယစ်ဆေးဝါးများ ကာလတန်ဖိုးငွေကျပ် ၃၀,၄၁၀,ဝ၂၅ ဒသမ ၆ သန်းခန့် ဖမ်းဆီးရမိထားရာမှာ စိတ်ကြွဆေးပြားများကို အများဆုံး ဖမ်းဆီးရမိထားတယ်လို့ မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးမှသိရပါတယ်။

    ၉ လ အတွင်း စိ်တ်ကြွဆေးပြားပေါင်း ၄၄,၂၀၉ ဒသမ ၅ ပြား၊ အမှုန့် ၂ ဒသမ ၈၈ ဂရမ်(ကာလတန်ဖိုး ၂၁၁,ဝ၄၇,၅၀ဝ ကျပ်) ဖမ်းဆီးရမိခဲ့ပြီး စိတ်ကြွဆေးပြားအမှု ၁၉၁ မှုဖြစ်ပွားကာ တရားခံ ကျား ၃၁၉ ဦး နှင့် မ ၂၃ ဦး( စုစုပေါင်း တရားခံ ၃၄၂ ဦး)တို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။

    အခြားမူးယစ်ဆေးဝါးအမှုတွေအနေနဲ့ ဘိန်းဆီခဲ ၁ မှု ဖြစ်ပွားခဲ့ပြီး အလေးချိန် ၅ ဂရမ်(ကာလတန်ဖိုး စုစုပေါင်း၂၅၀ဝ၀ ကျပ်)ဖြင့် တရားခံ ကျား ၁ ဦးကိုလည်းကောင်း၊ ကတ်ပုံ ၅ ဒသမ ၅ ဂရမ်(ကာလတန်ဖိုးစုစုပေါင်း ၁၆,၅၀ဝ ကျပ်) ICE ၉၀၂ ဒသမ ၆၇ ဂရမ်(ကာလတန်ဖိုးစုစုပေါင်း ၇၂,၂၁၃,၆၀ဝ ကျပ်) ဖြင့် တရားခံ ကျား ၄ ဦး မ ၁ဦး စုစုပေါင်း ၅ ဦးကိုလည်းကောင်း၊ ဆေးခြောက် ၁၀၈၁ ဒသမ ၄၃ ဂရမ် ( ကာလတန်ဖိုးစုစုပေါင်း ၇၁၇,၅၁၅ ကျပ်) ဖြင့် တရားခံ ကျား ၉ ဦးကိုလည်း ကောင်း၊ ဘိန်းစာရွက် ၁၂၅၀၃ ဒသမ ၃၉ ဂရမ်( ကာလတန်ဖိုး စုစုပေါင်း ၅၀ဝ,၁၃၅ ဒသမ ၆ ကျပ်) ဖြင့် တရားခံ ကျား ၃ ဦးကိုလည်းကောင်း၊ ဆေးဝါး ၁၂၉၂၀ဝ တောင့်နှင့် ထိုးဆေး အလုံး ၄၀ဝ (ကာလတန်ဖိုးစုစုပေါင်း ၁၉,၃၈၀,ဝ၀ဝ ကျပ်နှင့် ၂၀ဝ,ဝ၀ဝ ကျပ်) ဖြင့် တရားခံ ကျား ၁ ဦးကိုလည်းကောင်း ဖမ်းဆီးရမိခဲ့ပါတယ်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks