spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းNCA ၂ နှစ်ပြည့်သော်လည်း ငြိမ်းချမ်းရေးအလှမ်းဝေးကွာနေဆဲ

    NCA ၂ နှစ်ပြည့်သော်လည်း ငြိမ်းချမ်းရေးအလှမ်းဝေးကွာနေဆဲ

    -

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာသဘောတူစာချုပ် NCA ၂ နှစ်ပြည့်အခမ်းအနားကို လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့နှင့်အတူ ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်နေ့က ကျင်းပခဲ့ပါသည်။

    သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့သာ NCA လက်မှတ်ရေး ထိုးနိုင်ခဲ့ပြီးဖြစ်သော်လည်း လက်ရှိ NLD အစိုးရလက်ထက်၌ ကျန်ရှိသောတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ NCA လက်မှတ်ဆက်လက်နိုင်ခြင်းမရှိခဲ့သည်မှာ ငြိမ်းချမ်းရေးအတွက် ရလဒ်ကောင်းများမဟုတ်ပေ။

    တိုင်းရင်းသားလက်နက်ကိုင် ၂၀ ဖွဲ့ကျော်ရှိသည့်အနက် ထက်ဝက်အရေအတွက်ပင်မရှိသည့် ၈ ဖွဲ့သာ NCA လက်မှတ်ရေးထိုးခဲ့ရာတွင် အင်အားကြီးလက်နက်ကိုင်တပ်ဖွဲ့ရှိသည့် ကရင် ၃ ဖွဲ့၊ ရှမ်း ၁ ဖွဲ့သာ ပါဝင်နေသည်ကို တွေ့ရှိရပေသည်။

    တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် NCA ၂ နှစ်ပြည့်အခမ်းအနားတွင် မိန့်ခွန်းပြောကြားစဉ်(Facebook)
    ခေါင်းဆောင် ၃ ဦးတို့၏ အခမ်းအနားမိန့်ခွန်းပြောကြားချက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကျန်ရှိနေသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ NCA လက်မှတ်ထိုးဖို့ တိုက်တွန်းခဲ့ကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က NCA လက်မှတ်မထိုးလိုသည့်အဖွဲ့များကို ဒီမိုကရေစီရေးနှင့် ငြိမ်းချမ်းရေးကို ဆန့်ကျင်ကျောခိုင်းသည် ဟုယူဆကြောင်း၊ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ငြိမ်းချမ်းရေးအကောင်အထည်ဖော်ဆောင်မှုတွင် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

    NCA လက်မှတ်ရေးထိုးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသာ နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်ခွင့်ရှိသည့်အတွက် ကျန်ရှိနေသည့်တိုင်းရင်းသားများပါဝင်နိုင်ခြင်းမရှိပါက ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး မဖြစ်နိုင်ပါ။

    နောက်တစ်ချက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တောင်းဆိုနေသည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကြေညာပေးရေးကို အစိုးရအနေဖြင့် အကောင်အထည်မဖော်ခဲ့သည့်အတွက် NCA လမ်းကြောင်းလက်မခံသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များ ထပ်မံပေါ်ပေါက်လာသည်ကလည်း ငြိမ်းချမ်းရေးအတွက် ကြီးမားသည့်စိန်ခေါ်မှုပင် ဖြစ်နေသည်။

    လက်ရှိ အပစ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးသည် အင်အားကြီးသူအစိုးရနှင့် တပ်မတော်တို့၏စာနာငဲ့ညှာမှုအပေါ် မူတည်နေပြီး အင်အားကြီးသူက အင်အားနည်းသူများအပေါ် အကြပ်ကိုင်အနိုင်ယူမည့်နည်းလမ်းကိုသာ ဆက်လက်ကျင့်သုံးနေမည်ဆိုပါက မြန်မာပြည်ငြိမ်းချမ်းရေးခရီးသည် ဝေးသထက်ဝေးနေဦးမည်ဟု သုံးသပ်မိပါကြောင်း။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks