spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းမုဒုံမြို့နယ် အမှတ် ၁ မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အား ဒေသခံ ၁၀ဝ ခန့် ဆန္ဒထုတ်ဖော်

    မုဒုံမြို့နယ် အမှတ် ၁ မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အား ဒေသခံ ၁၀ဝ ခန့် ဆန္ဒထုတ်ဖော်

    -

    မွန်ပြည်နယ် မုဒုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်အား ကျေးရွာအုပ်ချုပ်ရေးမှူးထုတ်ပယ်ရခြင်းနှင့်ပတ်သက်၍ မှိန်ဂနိမ်းကျေးရွာ၌ ဒေသခံ ၁၀ဝ ခန့်တို့က စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

    ကျေးရွာလူထု ရွေးချယ်ထားသည့် အုပ်ချုပ်ရေးမှူးအပေါ် လွှတ်တော်တွင် တင်ပြဆွေးနွေးခဲ့ခြင်းကို မကျေနပ်သည့်အတွက် ဆန္ဒထုတ်ဖော်ရသည်ဟု မှိန်ဂနိမ်းကျေးရွာခံ ဒေါ်သန်းအေးက ပြောသည်။

    မှိန်ဂနိမ်းကျေးရွာတွင် ဆန္ဒထုတ်ဖော်ခဲ့စဉ်(MNA)
    “အန်တီတို ့ဖြစ်စေချင်တဲ့ ဆန္ဒက ကိုယ်စားလှယ်တစ်ယောက်သည် ပြည်သူလူထုက တင်ထားတဲ့အတွက်၊ ပြည်သူ့မျက်နှာကိုကြည့်ရမယ်၊ အမှန်တရားဘက်ကို ရပ်တည်ရမယ်၊ အခုက ပြည်သူဘက်လဲ မကြည့်ဘူး၊ ပြည်သူဘက်မှာလည်း မရပ်တည်တဲ့အတွက် အန်တီတို့ဆန္ဒထုတ်ဖေါ်တာဖြစ်တယ်” ဟု ၄င်းက ပြောသည်။

    ဆန္ဒထုတ်ဖော်သူတို့သည် “မှိန်ဂနိမ်းကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးအောင်ကိုအား တာဝန်မှ ရပ်စဲခြင်းကို ဖျက်သိမ်းပေးရေး ဒို ့အရေး”၊ “လွှတ်တော်မှ မဟုတ်မမှန် စွပ်စွဲပြောဆို တင်ပြသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်အား အလိုမရှိ”၊ “ဒေါ်မြသိင်္ဂီမော် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နှုတ်ထွက်ပေးရေး ဒို့အရေး” စသည့်ကြွေးကြော်သံများဖြင့် လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

    သို့ရာတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်က “အလုပ်လုပ်လို ့အပြောခံရတာ ကိစ္စမရှိပါဘူး၊ ကျမအပြောခံနိုင်ပါတယ်၊ ကျမလုပ်လိုက်တဲ့အလုပ်အတွက် အများအကျိုးရှိမယ်ဆိုရင် ကျေနပ်ပါတယ်၊ အခုဖြစ်နေတဲ့ ကိစ္စက အနာနဲ့ဆေး လွဲနေပါတယ်၊ ဘာကြောင့်လဲဆိုရင် အုပ်ချုပ်ရေးမှူးပြုတ်တယ်၊ သူ့ကို ကျမအနေနဲ့ဖြုတ်လို့မရပါဘူး၊ အုပ်ချုပ်ရေးမှူးကို ဖြုတ်တဲ့သူတွေကို သူတို့က ဆန္ဒမပြပဲနဲ့ကျမကိုဆန္ဒပြတယ်ဆိုတော့ သူတို့တော်တော်လွဲနေတယ်လို့ပဲ မြင်ပါတယ် ဒါပေမယ့် မသိလို့လုပ်တာဖြစ်တဲ့အတွက် လုပ်ပါစေ” ဟု ပြောသည်။

    ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်သည် ဒေသဖွံ့ဖြိုးရေးချေးငွေများကိုလည်း ညီတူညီမျှခွဲဝေပေးခြင်းမရှိကြောင်း၊ ကျေးရွာအတွင်းဖြစ်ပွားနေသည့် မြေကိစ္စနှင့် ပတ်သက်ပြီး ဘက်လိုက်လုပ်ဆောင်ပေးနေကြောင်း ဆန္ဒပြ ဒေသခံတို့က စွပ်စွဲပြောဆိုမှုများ ရှိသည်။

    ဆန္ဒထုတ်ဖော်သူများသည် မှိန်ဂနိမ်းကျေးရွာအတွင်း လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြပြီးနောက် မော်လမြိုင်မြို့ကမ်းနားလမ်းရှိ ညဈေးတန်းတွင်လည်း သွားရောက်ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks