spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် သောက်ရေသန့် ၃ မျိုး ထုတ်လုပ်ရောင်းချခွင့် ယာယီတားမြစ်ထား

    မွန်ပြည်နယ်တွင် သောက်ရေသန့် ၃ မျိုး ထုတ်လုပ်ရောင်းချခွင့် ယာယီတားမြစ်ထား

    -

    မွန်ပြည်နယ်တွင် သောက်ရေသန့် ၃ မျိုး ထုတ်လုပ်ရောင်းချခြင်းမပြုရန် သက်ဆိုင်ရာမှ ယာယီတားမြစ်ထားသည်ဟု မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေးဦးစီးဌာနမှ သိရသည်။

    ကျိုက်မရောမြို့မှ “မိုးမြင့်သာ”၊ ချောင်းဆုံမှ “ဝင်းလတ်” နှင့် မော်လမြိုင်မှ ချယ်ရီရေသန့်လုပ်ငန်းများ လုပ်ငန်းလိုင်စင်သက်တမ်းတိုးရေးလျောက်ထားရာတွင် ယင်းကဲ့သို့ ထုတ်လုပ်ရောင်းချခြင်း ယာယီတားမြစ်ခံထားရသည်ဟု ဆိုသည်။

    သောက်ရေသန့်များ ဖြန့်ဝေရောင်းချနေစဉ်(ဧရာဝတီ)

    “အခုလောလောဆယ်အနေအထားမှာ လုပ်ငန်း ၃ ခုပေါ့နော် စတုတ္ထအကြိမ်အထိ ရေနမူနာ အောင်မြင်ခြင်းမရှိဘူး၊ အဲဒီ ၃ ခုက ၄ ကြိမ်တိုင်တိုင် ရေနမူနာ စစ်ဆေးမှုမအောင်မြင်ဘူး၊ မြို့နယ်အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေးကော်မတီတွေနဲ့အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီးတော့ ဆောင်ရွက်ခဲ့တယ်” ဟု မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေးဦးစီးဌာမှ ညွှန်ကြားရေးမှူး ဒေါက်တာစိုးနိုင်က ပြောသည်။

    သို့ရာတွင် မော်လမြိုင် ချယ်ရီသောက်ရေသန့်လုပ်ငန်းတွင် 1 Liter, 20 Liter ဗူးအဖြူနှင့် 20 Liter ဗူးအကြည်ဖြင့် သောက်ရေသန့် ၃ မျိုး ထုတ်လုပ်လျက်ရှိရာ ၄င်းမှ 20 Liter ဗူးအကြည်သာ အဏုဇိဝသတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသည့်အတွက် မြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွက်ကဲရေးကော်မတီမှ သြဂုတ်လ ၈ ရက်နေ့မှစ၍ ဈေးကွက်အတွင်း ဆက်လက်ဖြန့်ဖြူးရောင်းချခြင်းမပြုရန် တားမြစ်ထားသည်ဟု ချယ်ရီသောက်ရေသန့်လုပ်ငန်းပိုင်ရှင်ထံမှ သိရသည်။

    ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေးဦးစီးဌာနအနေဖြင့် ရေသန့်လုပ်ငန်းတို့၏ စက်ပစ္စည်းဆိုင်ရာ ပြုပြင်ထိန်းသိမ်းမှု၊ အခန်းဖွဲ့စည်းပုံ အခြေအနေနှင့် ရေသန့်လုပ်ငန်းများနှင့် ဆိုင်သည့် အားနည်းချက် လိုအပ်ချက်များ၊ ရေသန့်များတွင် GMP (Good Manufacturing Practice) နှင့် ကိုက်ညီမှုရှိ မရှိ၊ အဏုဇိဝပစ္စည်းပါဝင်မှုများ၊ Coliform ဟုခေါ်သော လူ့မစင်တွင် တွေ့ရသည့် ပိုးမွှားများ ပါဝင်မှုရှိ မရှိ၊ ဓာတုပစ္စည်းများပါဝင်မှုရှိ မရှိတို့ကို ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ဆိုသည်။

    မွန်ပြည်နယ်တွင် FDA ထောက်ခံချက်လိုင်စင် ရရှိပြီးသား ရေသန့်လုပ်ငန်းနှင့် လိုင်စင်အသစ်အလျှောက်ထားသည့် ရေးသန့်လုပ်ငန်း ၅၉ ခုရှိသည်ဟု ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေးဦးစီးဌာနရှိ စာရင်းအရ သိရသည်။

    ဈေးကွက်၌ တရားမဝင် သောက်ရေသန့်များ၊ အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက်မရှိ ထုတ်လုပ်နေသည့် လုပ်ငန်း များ အပါအဝင် ထုတ်လုပ်ခွင့် ယာယီ ဆိုင်ငံ့ထားသည့်လုပ်ငန်းများ ပြန်လည်ထုတ်လုပ် ရောင်းချပါက ဥပဒေအရ တရားစွဲဆို အရေးယူမည်ဖြစ်ကြောင်း FDA မှ ထုတ်ပြန်ထားသည်။

    အလားတူ ဇူလိုင်နှင့် သြဂုတ်လအတွင်း ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ သောက်ရေသန့်စက်ရုံနှင့် လုပ်ငန်းပေါင်း ၁၇ ရုံကို စစ်ဆေးတွေ့ရှိချက်ပေါ်မူတည်၍ FDA က အရေးယူထားပြီး တစ်ပတ်မှ နှစ်လအထိ ထုတ်လုပ်မှု ရပ်ဆိုင်းထားကြောင်း သတင်းဖော်ပြချက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks