spot_img
Monday, December 15, 2025
More
    spot_img
    Homeသတင်းမော်လမြိုင်တွင် မျက်မမြင်တစ်ဦး တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်

    မော်လမြိုင်တွင် မျက်မမြင်တစ်ဦး တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်

    -

    “ကမ္ဘာ့အဆင့်မှီ မွန်တို့ပြည်” ဟူသော မွန်ပြည်နယ်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းစာတမ်းကို မွန်ပြည်နယ်၊ မျက်မမြင်များအသင်းဝင် ကိုဝင်းကိုမျိုး (ခ)ဂျန္နဝါရီ ဆိုသူက ပြည်နယ်အစိုးရအဖွဲ့ နှင့် မွန်လွှတ်တော်သို့ လွန်ခဲ့သော တစ်နှစ်ကျော်ခန့်တွင် ပေးပို့ခဲ့ပြီး ပြန်လည်အကြောင်းပြန်ခြင်း မရှိသည့်အတွက် ယနေ့(သြဂုတ်လ ၁၄) ရက်) တွင် မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ မြို့မတံတား၌ တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

    ယင်းဆန္ဒထုတ်ဖော်ပွဲတွင် ၄င်းပေးပို့ထားသော မွန်ပြည်နယ်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး စာတမ်းအား ဆွေးနွေးပေးရန်၊ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာနှင့် သန်းပေါင်းများစွာသော ပြည်သူများ၏ဘဝကို လေးစားရန်နှင့် ပြည်သူများသည် နိုင်ငံရေးသမားများ၏ ကစားစရာမဟုတ်ပါ ဆိုင်းဘုတ်တင် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

    မျက်မမြင်များအသင်းဝင် ကိုဝင်းကိုမျိုး တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်စဉ်(MNA)
    ကိုဝင်းကိုမျိုး က “ကျနော့်ရဲ့စာတမ်းမှာတော့ ကဏ္ဍပေါင်းစုံပါဝင်တယ်၊ မော်လမြိုင်ရဲ့ City plan ၊ Business plan တွေပါတယ်ခင်ဗျ၊ အဲဒါတွေကို ကျနော်ပို့တယ်၊ ပြီးတော့ ကျနော် Presentation လုပ်ခွင့်တောင်းတယ်၊ အခု တစ်နှစ်ကျော်ကြာတဲ့အထိ ကျနော့ကို ဘာမှ အကြောင်းမပြန်ဘူး၊ အသိအမှတ်မပြုဘူးပေါ့နော်” ဟု ပြောသည်။

    ယင်းကိစ္စနှင့်ပတ်သက်၍ မျက်မမြင်သည် ပြည်သူတစ်ဦးဖြစ်သည့်အတွက် ပြစ်ပယ်ထားခြင်း မဟုတ်ကြောင်း မွန်ပြည်နယ်လွှတ်တော် ဥက္ကဌ ဒေါ်တင်အိက ယင်းသို့ ပြန်လည်ဖြေကြားခဲ့သည်။

    မွန်ပြည်နယ်လွှတ်တော်ဥက္ကဌက “လွှတ်တော်ပိုင်းကတော့ သူ့ကိုခေါ်ယူဆွေးနွေးထားတာ မရှိခဲ့ဘူး၊ သူ့ရဲ့စာတမ်းကိုလည်း ပြန်ဖတ်ပြီးတော့မှ အန်တီတို့ လွှတ်တော်မှာ ပြန်ပြီးဆွေးနွေးမယ်၊ ပြီးရင် သူ့ရဲ့ ‘ကမ္ဘာ့အဆင့်မှီ မွန်တို့ပြည်’ မှာ တင်ထားတဲ့ စာတမ်းတွေကို ဘယ်လိုအကောင်အထည်ဖော်သင့်လဲဆိုတာ အစိုးရကို တိုက်တွန်းပေးမယ်” ဟု ပြောသည်။

    အဆိုပါ စာတမ်းသည် စိုက်မွေးလုပ်ငန်း နှင့် ခရီးသွားလုပ်ငန်းအပါအဝင် စီးပွားရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ယဉ်ကျေးမှု ထိန်းသိမ်းရေး၊ တရားဥပဒေစိုးမိုးရေး အစရှိသည့် ကဏ္ဍမျိုးစုံပါဝင်ရာ မွန်ပြည်နယ်တစ်ခုတည်းအတွက်သာမက တစ်နိုင်ငံလုံးဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်ကြောင်း ကိုဝင်းကိုမျိုး က မီဒီယာများနှင့် ပြောကြားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts