spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်မြို့တွင် သတင်းလွတ်လပ်ခွင့်အရေးလှုပ်ရှား

    မော်လမြိုင်မြို့တွင် သတင်းလွတ်လပ်ခွင့်အရေးလှုပ်ရှား

    -

    မြန်မာပြည်တောင်ပိုင်းဂျာနယ်လစ်ကွန်ယက်အဖွဲ့မှ ဦးဆောင်ပြီး သတင်း မီဒီယာများသမားက သတင်းလွတ်လပ်ခွင့်ရရှိရေး ကမ်ပိန်းလှုပ်ရှားမှုတစ်ရပ်ကို ဇူလိုင်လ ၂၇ ရက်နေ့က မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြုလုပ်ခဲ့သည်။

    အဆိုပါကမ်ပိန်းလှုပ်ရှားမှုတွင် တည်ဆဲဥပဒေဖြင့် လက်ရှိဖမ်းဆီးချုပ်နှောင်ခံရသည့် သတင်းမီဒီယာများအား ပြည်သူလူထုများသိရှိစေရန်၊ ဥပဒေပိုင်းရေးဆွဲနေသည့် သက်ဆိုင်သူများသိရှိစေရန်၊ ဒီမိုကရေစီလမ်းကြောင်း ဖော်ဆောင်သည့် နေရာတွင် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာများအပေါ် ဖိနှိပ်ချုပ်ချယ်မှုရှိနေလျှင် ဒီမိုကရေစီ ယန္တရားများအပေါ် အဟန့်အတားဖြစ်နိုင်ကြောင်း သိရှိစေရန်ရွယ်ချက်များဖြင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။

    မော်လမြိုင်မြို့တွင် သတင်းလွတ်လပ်ခွင့်အရေးလှုပ်ရှားစဉ်(MNA)
    မြန်မာပြည်တောင်ပိုင်းဂျာနယ်လစ်ကွန်ရက်အဖွဲ့မှ ညှိနှိုင်းရေးမှူး ကိုကျော်စိုး က “ဒီကနေ့ကတော့ မော်လမြိုင်မှာလှုပ်ရှားတာပေါ့နော်၊ ဘာလို့လှုပ်ရှားတာလဲဆိုတော့ ကျနော်တို့ မြန်မာနိုင်မှာရှိတဲ့ သတင်းသမားတွေအပေါ် ခြိမ်းခြောက်မှုတွေ၊ ဖိနှိပ်ချုပ်ချယ်မှုရှိတဲ့ ဥပဒေတွေကိုအသုံးပြုပြီးတော့ တရားစွဲဆိုတာတွေ၊ ဒါတွေကကျနော်တို့ သတင်းသမားတွေကို ခြိမ်းခြောက်မှုတစ်ခုအနေနဲ့၊ ကျနော်တို့ရဲ့ လွတ်လပ်ခွင့်အနေနဲ့ လှုပ်ရှားမှုလုပ်တာပေါ့နော်” ဟု ပြောသည်။

    မတရားအသင်းဆက်သွယ်မှု ၁၇/၁၊ ၆၆ (ဃ) အသရေဖျက်မှု ဥပဒေပုဒ်မတို့သည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုခွင့်ရှိသည့် သတင်းမီဒီယာများအတွက် နေ့စဉ်နှင့်အမျှ စိန်ခေါ်မှုများရှိနေကြောင်း၊ သတင်းမီဒီယာဥပဒေ သီးခြားပြဌာန်းထားသော်လည်း ၄င်းအပေါ် အခြေမခံဘဲ တည်ဆဲဥပဒေနှင့်သာ တရားစွဲဆိုထားသည့်အတွက် သတင်းမီဒီယာများအတွက် နှစ်ခါခံနေရသည့် သဘောသက်ရောက်နေကြောင်း ၄င်းက ဆက်ပြောသည်။

    မွန်ပြည်နယ်အခြေစိုက် သံလွင်တိုင်းမ်သတင်းဌာန သတင်းထောက် ဦးကြည်အေး က “သတင်းသမားတွေ သတင်းလွတ်လပ်စွာဖော်ထုတ်ခွင့်ရရေးအတွက် အနှောက်အယှက်ဖြစ်နေတဲ့ ဥပဒေတွေကို ပြင်ဆင်ပေးဖို့အတွက် အခုလိုလှုပ်ရှားမှု လုပ်ရတာဖြစ်တယ်” ဟု ပြောသည်။

    ၂၀၁၅ ပြည်သူ့အစိုးရအသစ် တက်လာသည့်နောက်ပိုင်းတွင် မီဒီယာများပေါ် အထက်ပါပုဒ်မနှစ်ခုဖြင့်သာ တရားဆွဲခံရမှု အများဆုံးဖြစ်ကြောင်း၊တရားစွဲဆိုသည့်နေရာတွင်လည်းတရားလိုကိုယ်တိုင် တိုက်ရိုက်စွဲဆိုခြင်းမဟုတ်ဘဲ သက်ဆိုင်သည့် အသိုင်းအဝိုင်းများကသာတရားစွဲဆိုမှု အများဆုံးဖြစ်ကြောင်း သတင်းမီဒီယာများကသုံးသပ်ခဲ့သည်။

    သတင်းမီဒီယာသမားများအနေဖြင့် သတင်းမီဒီယာ ဥပဒေ အပါအဝင် ရာဇသတ်ကြီး ဥပဒေ၊ အီလက်ထရောနစ် ဥပဒေ၊ အရေးပေါ်စီမံမှု အက်ဥပဒေ စသည့် ဥပဒေများဖြင့် အရေးယူ ခံနေရပြီး လက်ရှိ NLD အရပ်သားအစိုးရလက်ထက်တွင် ပုဒ်မ ၆၆ (ဃ) ဖြင့် သတင်းမီဒီယာ သမား ၁၄ ဦးအပြင် ပုဒ်မ ၁၇/၁ ဖြင့် ဧရာဝတီ၊ ဒီဗွီဘီသတင်းထောက် ၃ ဦးတို့ အမှုရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks