spot_img
Friday, January 16, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေး၁၈ လအတွင်း ရေးတစ်မြို့နယ်လုံးမီးလင်းစေရမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ်ပြော

    ၁၈ လအတွင်း ရေးတစ်မြို့နယ်လုံးမီးလင်းစေရမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ်ပြော

    -

    မွန်ပြည်နယ် ၁၀ မြို့နယ်အနက် ရေးမြို့နယ်တခုသာ အစိုးရလျှပ်စစ်မီးမရရှိသေးသော်လည်း ယနေ့ရက်မှစ ပြီး ၁၈ လအတွင်း ရေးမြို့နယ်တခုလုံးလျှပ်စစ်မီးရရှိစေရမည်ဟု ရေးမြို့နယ်ဒေသခံများနှင့် မေလ ၁၂ ရက်နေ့ ရေးမြို့ရွှေဆံတော်ဓမ္မာရုံတွင်ပြုလုပ်သည့် တွေ့ဆုံပွဲ၌ မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံ ပြောကြားလိုက်သည်။

    တွေ့ဆုံပွဲကို မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ မွန်ပြည်နယ် လွှတ်တော်ဥက္ကဌ ဒေါ်တင်အိနှင့် ရေးမြို့နယ်လွှတ်တော်ကိုယ်စားလှယ်များ၊မြို့နယ်ဌာဆိုင်ရာဝန်ထမ်းများနှင့် ရေးမြို့ဒေသခံပြည်သူများက ၎င်းတွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။

    မွန်ပြည်နယ်ဝန်ကြီးချုပ်၏ ရေးမြို့ခံများတွေ့ဆုံပွဲ(MNA)

    ဝန်ကြီးချုပ်က “ဒီနေ့ကျနော်လာတာမေလ ၁၂ ရက်နေ့ ၂၀၁၈ မေလ ၁၂ ရက်နေ့မှာဆိုလို့ရှိရင် ကျနော်တို့ရေးမြောက်ပိုင်း ၁၅ ရွာလောက်မှာ မီးလင်းမှာဖြစ်ပါတယ်။ ဒီကနေစပြီး ၁၈ လကြာရင် ရေးမြို့နယ်တမြို့နယ်လုံး ကျေးရွာအားလုံး မြို့ပါမကျန် လျှပ်စစ်မီးဟာ အကုန်လုံးရရှိမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

    အဆိုပါလျှပ်စစ်မီးရရှိပြီးနောက် သုံးစွဲသူတွေအနေနှင့် လျှပ်စစ်မီးတာခအား တစ်ယူနစ်လျှင် ၂၁၀ ကျပ်/၂၂၀ ကျပ်ဝန်းကျင်အတွင်း ပေးဆောင်ရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆက်ပြောသည်။

    ရေးမြို့ခံ ဦးသန်းစိုးက “အစိုးရလျှပ်စစ်မီးရရှိဖို့က ဝန်ကြီးချုပ်ပြောပြီးပြီးဆိုတော့ ကျနော်ထပ်ပြောစရာတော့မရှိ တော့ပါဘူး။ ဒါပေမဲ့ မြို့တွင်းအဝေးပြေးလမ်းမတလျှောက်ရှိ ဓါတ်မီးတိုင်တွေမှာတော့ ဖြစ်နိုင်ရင်မီးတွေကို တပ်ဆင်ပေးစေလိုတယ်” ဟု ဆိုသည်။

    အဆိုပါ မြို့တွင်းအဝေးပြေလမ်းမတလျှောက်ရှိဓါတ်တိုင်များတွင် မီးတပ်ဆင်ထားခြင်းမရှိသောကြောင့် ယာဉ်မ တော်တဆမှုတွေ မကြာခဏဖြစ်ပွားတ်ကြောင်း ၄င်က ဆက်ပြောသည်။

    “အစိုးရကပေးတဲ့မီးကိုရခဲ့မယ်ဆိုရင် မီတာခဈေးနှုန်း တခြားမြို့နယ်က ဈေးနှုန်းနဲ့ အတူတူရရှိချင်ပါတယ်။ သူများ ၃၅ ကျပ်ဆို ကျမတို့မြို့နယ်မှာလဲ ၃၅ ကျပ်ဖြစ်စေချင်တယ်” ဟု ရေးမြို့ခံ ဒေါ်စန်းကြည်က ပြောသည်။

    ရေးမြို့ပေါ်ရပ်ကွက်များနှင့် အဘော်ကျေးရွာ၊ ဒူးရားကျေးရွာ၊ အစင်ကျေးရွာ၊ ဇီးဖြူသောင်ကျေးရွာများတွင် မြတ်သူရထွန်းကုမ္ပဏီမှ မီတာခ တစ်ယူနစ် ၄၀ဝ ကျပ်ဖြင့်ဖြန့်ဝေပေးလျက်ရှိပြီး ရေးမြို့နယ်အတွက် Bedok Construction & Engineering Co;Ltd နှင့် SEGEP ကုမ္ပဏီတို့ကို လျှပ်စစ်မီးထုတ်လုပ်ဖြန့်ဖြူးရန် မွန်ပြည်နယ်လွှတ်တော်က ခွင့်ပြုထားသည်။

    သို့ရာတွင် ရေးမြို့နယ်တစ်ခုလုံးအတွက် အစိုးရလျှပ်စစ်မီးမည်သည့်ကာလတွင် အစားထိုးဖြန့်ဝေနိုင်မည်ကို ဝန်ကြီးချုပ် ခန့်မှန်းပြောဆိုခဲ့ခြင်းမရှိပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts