spot_img
Thursday, March 5, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးမုဒုံဦးအနီးတဝိုက် ရာဘာစက်ရုံရေဆိုးများကြောင့် သောက်သုံးရေအခက်ကြုံ

    မုဒုံဦးအနီးတဝိုက် ရာဘာစက်ရုံရေဆိုးများကြောင့် သောက်သုံးရေအခက်ကြုံ

    -

    မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မုဒုံဦးကျေးရွာအနီးတဝိုက်ရှိ ဒေသခံများသည် ရာဘာစက်ရုံများမှ ထွက်ကျလာသော ရေဆိုးများကြောင့် သောက်သုံးရေအခက်ကြုံနေရသည်ကို တွေ့ရှိရသည်။

    လွန်ခဲ့သည့် ၅ နှစ်ခန့်ကတည်းက ဖူရှင်၊ ဖူလီလိုက်၊ ရွှေမြန်မာ၊ ဟိုက်ဝင်ကုမ္ပဏီများမှ ထွက်ရှိသောရာဘာရေဆိုးများကို ချောင်းများအတွင်းသို့ တိုက်ရိုက်လွှတ်ချနေသဖြင့် အနံ့ဆိုးများကိုလည်း နေ့တိုင်း ရှူရှိက်နေရကြောင်း ဒေသခံတစ်ဦးက မွန်သတင်းအေဂျင် စီသို့ ပြောသည်။

    ရာဘာစက်ရုံရေဆိုးများ(MNA)

    မုဒုံဦးကျေးရွာနေ ဦးလှသိန်းက “ ချောင်းရေကို သုံးလို့ မရတော့ဘူး၊ စက်ရုံကထွက်ရှိတဲ့ အနံ့ဆိုးတွေ၊ အညှော်အနံ့တွေကတော့နေ့တိုင်း ဖြတ်သွားဖြတ်လာ သူတွေက အနံ့ရတာပေါ့၊ ဦးတို့က ဒီမှာနေတာကြာတော့ ဒီအနံ့တွေက ရိုးနေပြီ” ဟု ပြောသည်။

    အကယ်၍ စက်ရုံများမှ လက်ရှိထုတ်လွှတ်နေသည့် ရာဘာဆေးရေများကို ပိုက်ဖြင့်သွယ်ချပါက ချောင်းရေလည်း သန့်ရှင်းလာပြီး ပတ်ဝန်းကျင်တွင် အနံ့ဆိုးများ မရှိနိုင်တော့ကြောင်း ဒေသခံတို့ယူဆနေသည်။

    ဦးခင်စိုးက “ ကျနော်တို့ ဒီအနံ့သက်ကို နေ့တိုင်းရှုရှိက်နေရတော့ ကျန်းမာရေးထိခိုက်မယ်၊ ကုမ္ပဏီဘက်ကလည်းရေရှည်လုပ်သွားမယ်ဆိုရင် စက်ရုံကနေ အနံ့ဆိုးမထွက်အောင်၊ ရေသန့်ရှင်းမှုရှိအောင် စက်ရုံမှ ထွက်ကျလာတဲ့ရေတွေကို ပိုက်နဲ့ သွယ်လိုက်ရင် အဆင်ပြေသွားမယ်” ဟု ပြောသည်။

    အဆိုပါ စက်ရုံပတ်ဝန်းကျင်အနီးတဝိုက်မှ အိမ်ထောင်စုအချို့ မုဒုံမြို့ဘက်သို့ ပြောင်းရွှေ့ခဲ့သည်ဟု သိရသည်။

    ဖူရှင်ရာဘာဝယ်ယူရေးစက်ရုံ မန်နေဂျာ ဦးသူရ က “စက်ရုံကနေအသုံးပြုပြီးတဲ့ ရေတွေကို ရေစစ်ကန်မှာ အဆင့်ဆင့်သန့်စင်တယ်၊ ရေသန့်တဲ့အနေအထားရောက်မှပဲ ဦးတို့က ချောင်းမှာလွှတ်တာပေါ့နော်၊ နောက် စက်ရုံကနေထွက်တဲ့ ရာဘာအနံ့ကိုလည်း ခေါင်းတိုင်မှာမလွှတ်ဘဲနဲ့ ရေကိုဖြတ်ပြီးတော့မှ အနံ့သက်သာအောင် လွှင့်တဲ့စနစ်ကို သုံးထားတယ်” ဟုပြောသည်။

    မုဒုံဦးကျေးရွာအနီးတစ်ဝိုက်တွင်ရှိ ရာဘာကုမ္ပဏီများသည် မွန်ပြည်နယ်ရှိ ရာဘာထူ၊ ရာဘာခွက်ကျန် နှင့် ရာဘာဆွဲဖတ်များကို ဝယ်ယူပြီးစက်ဖြင့်ကြိတ်ကာ နိုင်ငံခြားသို့ တင်ပို့ရောင်းချလျှက်ရှိကြောင်း ယင်းကုမ္ပဏီမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks