spot_img
Saturday, December 20, 2025
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးသတ်မှတ်ချက်ထက်ပိုထုတ်သည့် ကျောက်မိုင်းကုမ္ပဏီများကို စိစစ်သွားမည်

    သတ်မှတ်ချက်ထက်ပိုထုတ်သည့် ကျောက်မိုင်းကုမ္ပဏီများကို စိစစ်သွားမည်

    -

    မွန်ပြည်နယ်အတွင်းရှိ ကျောက်မိုင်းကုမ္ပဏီများသည် အစိုးရထံ အခွန်ဆောင်သတ်မှတ်ထားသည့် ကျောက်ထုတ်လုပ်ခွင့်ပမာဏထက် ပိုထုတ်လုပ်နေသည်ကို စိစစ် အရေးယူသွားမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

    စိစစ်မှုကို မြို့နယ်သယံဇာတ ထိန်းသိမ်းရေးကော်မတီမှ အနီးကပ်စောင့်ကြည့်ခြင်း၊ ချုပ်ဆိုထားသည့် စာချုပ်စာတမ်းဖြင့် စိစစ်ခြင်း၊ ယမ်းခွဲခြင်းကနေတဆင့် စိစစ်ခြင်း၊ ကျောက်များ သယ်ထုတ်သည့်အချိန်တွင် ကြပ်မတ်စိစစ်ခြင်းတို့ဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။

    ကျောက်မိုင်းတစ်နေရာ(Khin Mg Shwe FB)

    “စိစစ်လို တွေ့ရှိရင်တော့ စည်းမျဉ်းအတိုင်း အရေးယူ လုပ်ဆောင်ရမယ်၊ ဒါမှ မဟုတ် ပိုထုတ်တဲ့ ကျောက်တွေကို နိုင်ငံတော်ကို အခွန်ပြန်သွင်းခိုင်မယ်၊ မွန်ပြည်နယ်မှာ ကျောက်ထုတ်လုပ်တဲ့ ကျောက်မိုင်းကုမ္ပဏီ အားလုံး ပိုထုတ်နေတာ တွေ့ရတယ်။ ကုမ္ပဏီ အားလုံး စည်းကမ်းဖောက်ဖျက်တာ တွေ့နေရလိုပါ“ ဟု ဒေါက်တာ အေးဇံက ပြောသည်။

    ကျောက်မိုင်းကုမ္ပဏီများသည် အစိုးရထံ အခွန်ဆောင်ထားသည့် ထုတ်လုပ်ခွင့်ပမာဏထက် ပိုထုတ်လုပ်နေသည်ကို တွေ့ရှိနေရကြောင်း စိစစ်မှုကို ယခုလအတွင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

    ကျောက်မိုင်းကုမ္ပဏီများသည် ပြည်နယ်အစိုးရသို့ အခွန်အဖြစ် ကျောက်တစ်ကျင်းလျှင် ၂၅၀ဝ ကျပ် ပေးသွင်းရသည်။ဝန်ကြီးချုပ်အနေဖြင့် ၄င်းကွင်းဆင်းသွားရောက်စစ်ဆေးခဲ့ရသည့် ကျောက်မိုင်းကုမ္ပဏီ ၅၀ ခန့်ရှိပြီး စည်းကမ်းနှင့်အညီ လုပ်ဆောင်နေသည့် ကုမ္ပဏီ တစ်ခုမှမရှိဘူးလို့ ပြောသည်။

    “ကျောက်မိုင်း ကုမ္ပဏီတွေက သူတို့ထုတ်လုပ်တဲ့ အရည်အတွက်လောက်ပဲ တင်ပြတော့ ပိုထုတ်နေလားဆိုတာ မသိသေးဘူး၊ စိစစ်တဲ့အခါမှ သိနိုင်မယ်” ဟု မွန်ပြည်နယ် သယံဇာတနှင့် သဘာဝတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

    မွန်ပြည်နယ်၌ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် သစ်တောကြိုဝိုင်းအတွင်း ကုမ္ပဏီ ၂၂ ခုနှင့် ဥယျာဉ်ခြံမြေအတွင်း ကုမ္ပဏီ ၈၈ ခုတို့ကို ကျောက်ထုတ်လုပ်ခွင့် လိုင်စင်ထုတ်ပေးထားသည်ဟု မွန်ပြည်နယ် သယံဇာတနှင့် သဘာဝတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,300SubscribersSubscribe
    spot_img

    Latest posts