spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းပဉ္စမအကြိမ် မွန်လူငယ်များနေ့အခမ်းအနား ဝါခရူမွန်မြို့ဟောင်းတွင် ကျင်းပမည်

    ပဉ္စမအကြိမ် မွန်လူငယ်များနေ့အခမ်းအနား ဝါခရူမွန်မြို့ဟောင်းတွင် ကျင်းပမည်

    -

    မွန်လူငယ်များ၏ သွေးစည်းညီညွတ်မှုအင်အားကို မြှင့်တင်ရန်နှင့် မျိုးချစ်စိတ်ဓါတ် ရှင်သန်းနိုးကြားလာစေရန် ရည်ရွယ်ပြီး ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျရောက်မည့် ပဉ္စမအကြိမ်မြောက် မွန်လူငယ်များနေ့ အခမ်းအနားကို မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊  ဝါခရူကျေးရွာ (ဝါခရူမွန်မြို့ဟောင်း) ရှိ နန်းတော်မြို့ရိုးကျင်းပရေးကွင်းတွင် ပြု လုပ်သွားမည်ကြောင်း ကျင်းပရေးကော်မတီများထံမှ သိရသည်။

    အဆိုပါ အခမ်းအနားတွင် မူးယစ်ဆေးဝါးအန္တရာယ်ပညာပေးပြခန်းများ၊ မြို့နယ်အသီးသီးမှ မွန်လူငယ်တို့၏စစ် ရေးပြအခမ်းအနားများ၊ နာမည်ကျော်ကြားခဲ့သော မွန်ဘုရင် (၉) ပါး၏ ရုပ်ထုနှင့် သမိုင်းအကျဉ်းချုပ်များနှင့် ဖျော်ဖြေရေး အစီအစဉ်များဖြင့် ကျင်းသွားမည်ဖြစ်ကြောင်း သိရသည်။

    မွန်လူငယ်များနေ့အခမ်းအနားစစ်ကြောင်း(MNA)
    မွန်လူငယ်များနေ့အခမ်းအနားစစ်ကြောင်း(MNA)
    “အဓိကကတော့ မွန်လူငယ်တွေကို အသိအမှတ်ပြုတဲ့ ပွဲတစ်ခုပါပဲ၊ မွန်လူငယ်များအကြား တစ်ဦးနှင့်တစ်ဦး ညီ ညွတ်မှုရှိဖို့၊ မူးယစ်ဆေးဝါးနဲ့ ပတ်သတ်ပြီးတော့လည်း လျော့ချနိုင်ဖို့ အဲဒီကနေတဆင့် ပပျောက်သွားအောင် ဆောင်ရွက်သွားဖို့ဆိုပြီး ကျင်းပတာလည်းဖြစ်တယ်” ဟု မွန်လူငယ်များနေ့ဦးဆောင်ကျင်းပရေးကော်မတီ အဖွဲ့ ဝင် အရှင်ဝါသဝက မိန့်ကြားခဲ့သည်။

    ၁၉၄၆ ခုနှစ်တွင် မော်လမြိုင်မြို့ရှိ ကျိုက်သုတ်ဘုရား၌ မွန်လူမျိုးလွှတ်လပ်ရေးအတွက် လက်နက်ကိုင်တော်လှန် ရေးအကြိုအဖြင့် ပထမဆုံးအကြိမ်အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည့် ဒီဇင်ဘာ (၂၈) ရက်နေ့ကို မွန်လူငယ် များနေ့အဖြစ် သတ်မှတ်ထားကာ ၂၀၁၂ ခုနှစ်ကစပြီး နှစ်စဉ်နှစ်တိုင်းကျင်းပလာခဲ့ခြင်းလည်း ဖြစ်သည်။

    ကျင်းပရေးကော်မတီအနေဖြင့် အခမ်းအနားအတွက် ကျပ်သိန်း (၁၂၀) ခန့် အကုန်ကျခံမည်ဟု လျာထားရာ ယခုအချိန်တွင် ကျပ်သိန်း (၇၀) ခန့်သာ ရရှိထားပြီး ရန်ပုံငွေလုံလောက်စွာ ရရှိရေးအတွက် မွန်လူငယ်နေ့ ရောက်သည့်အထိ ပြည်တွင်း၊ ပြည်ပရှိ မွန်အလှုရှင်၊ စေတနာရှင်များဆီသို့ ဆက်လက်အလှုငွေလိုက်လံ ကောက်ခံသွားမည်ဖြစ်ကြောင်း ကျင်းပရေးကော်မတီဝင် မင်းစွန်းချိုင်းက ပြောသည်။

    အလားတူ ၂၀၁၅ ခုနှစ် စတုတ္ထအကြိမ်မြောက် မွန်လူငယ်များနေ့အခမ်းအနားကို ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် ကော့ဘိန်းကျေးရွာတွင် ပြုလုပ်ခဲ့ရာ ကျင်းပရေးစရိတ် ငွေကျပ် ၂၅၀ သိန်းနီးပါးခန့် ကုန်ကျခဲ့ကြောင်း သိရ သည်။

    မွန်လူငယ်များနေ့အခမ်းအနားကို ၂၀၁၂ ခုနှစ်တွင် ကြာအင်းဆိပ်ကြီးမြို့နယ် တောင်ပေါက် ကျေးရွာတွင်လည်းကောင်း၊ ၂၀၁၃ ခုနှစ်တွင် ရေးမြို့နယ်၊ မော့ကနင်ရွာတွင် လည်းကောင်း၊ ၂၀၁၄ ခုနှစ်တွင် မုဒုံမြို့နယ်ရှိ နှီးပဒေါကျေးရွာတွင်လည်းကောင်းနှင့် ၂၀၁၅ ခုနှစ်တွင် ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာလည်းကောင်း ကျင်းပခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks