Thursday, March 19, 2026
More
    spot_img
    Homeသတင်းကြားဖြတ်ရွေးကောက်ပွဲဝင်မည့်မွန်ပါတီများ ကိုယ်စားလှယ်လောင်းမသတ်မှတ်နိုင်သေး

    ကြားဖြတ်ရွေးကောက်ပွဲဝင်မည့်မွန်ပါတီများ ကိုယ်စားလှယ်လောင်းမသတ်မှတ်နိုင်သေး

    -

    ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီ စသည့်မွန်၂ ပါတီစလုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သော်လည်း ကိုယ်စားလှယ်လောင်းများ ရွေးချယ်သတ်မှတ်နိုင်ခြင်း မရှိသေးပေ။

    “မွန်အမျိုးသားပါတီ ပြိုင်သွားဖို့ ချောင်းဆုံမြို့နယ်ကို ညွန်ကြားချက် ထုတ်ထားတယ်။ ဘယ်သူ့ကိုရွေး မလဲ၊ မဲဆွယ်စည်းရုံးရေးကို ဘယ်လိုလုပ်မလဲဆိုတာ မြို့နယ်ကို ဆုံးဖြတ်ပိုင်ခွင့်ပေးထားတယ်” ဟု မွန် အမျိုးသားပါတီ အတွင်းရေးမှူး (၂) နိုင်စိုးမြင့်က ပြောသည်။

    မွန် ၂ ပါတီပေါင်းစည်းရေးကြိုးပမ်းခဲ့စဉ်(MNA)
    မွန် ၂ ပါတီပေါင်းစည်းရေးကြိုးပမ်းခဲ့စဉ်(MNA)
    ထို့အတူ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကလည်း ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ပြိုင်သွား မည်ဖြစ်ကြောင်း ဝင်ပြိုင်မည့်လူ မရွေးချယ်ရသေးကြောင်း ပြောသည်။

    “ကြာဖြတ်ရွေးကောက်ပွဲ ဝင်ပြိုင်သွားဖို့ရှိတယ်၊ ဘယ်သူ့ကို ယှဉ်ပြိုင်ခွင့်ပေးမယ်ဆိုတာ မြို့နယ်ကလူ ရွေးပေးမယ်၊ ဗဟိုက ဆုံးဖြတ်ချက်ချပေးမယ်” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အတွင်းရေးမှူး နိုင်စံတင်က ပြောသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် ၂၀၁၅ ရွေးကောက်ပွဲကျင်းပခဲ့စဉ်က ကိုယ်စားလှယ် လောင်း ၃၅ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်နေရာသာ အနိုင်ရ ရှိထားသည့်ပါတီဖြစ်သည်။

    မွန်အမျိုးသားပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း မဲဆန္ဒနယ် ၄၅ နေရာတွင် ၃၄ နေရာ ဝင်ရောက်ယှဉ်ခဲ့ပြီး အမျိုးသားလွှတ်တော်တစ်နေရာနှင့် ပြည်နယ်လွှတ်တော် ၂ နေရာ အနိုင်ရရှိထားသည်။

    ၂၀၁၅ ရွေးကောက်ပွဲတွင် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် NLD ပါတီမှ ဒေါ် ခင်ဌေးကြွယ်က အနိုင်ရရှိထားပြီး ၄င်းသည် နိုင်ငံတော်ဖွဲ့စည်ပုံ အခြေခံဥပဒေခုံရုံးအဖွဲ့ဝင်အဖြစ် ခန့်အပ်ခံရသည့်အတွက် အဆိုပါ မဲဆန္ဒနယ်တစ်နေရာလစ်လပ်နေသဖြင့် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခြင်းဖြစ်သည်။

    ကြားဖြတ်ရွေးကောက်ပွဲဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အမည်စာရင်းကို နိုဝင်ဘာလ ၂၈ ရက်နေ့ မှ ဒီဇင်ဘာလ ၇ ရက်နေ့အတွင်း တင်သွင်းရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပြီး တစ်နိုင်ငံလုံးတွင် မဲဆန္ဒနယ်မြေ ၁၉ နေရာ ရွေးချယ်သွားမည်ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks