Homeသတင်းကျိုက်မရောမြို့နယ်တွင် ဖခင်အရင်းမှ သမီးဖြစ်သူအား အဓမ္မပြုကျင့်မှုဖြစ်ပွား

ကျိုက်မရောမြို့နယ်တွင် ဖခင်အရင်းမှ သမီးဖြစ်သူအား အဓမ္မပြုကျင့်မှုဖြစ်ပွား

-

ကျိုက်မရောမြို့နယ် ကလိုင်းကနိုင်ကျေးရွာအုပ်စု အပေါ်ရွာရိှ ရော်ဘာခြံတွင် နိုဝင်ဘာ (၁၃) ရက်နေ့ ညနေ၌ ဖခင်အရင်းဖြစ်သူမှ အသက် (၁၅) နှစ်အရွယ် သမီးအရင်းကို အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း ကျိုက်မရောမြို့မရဲစခန်းမှ သိရသည်။

“အခု ပုဒ်မ ၃၇၆ (မုဒိမ်းမှု) အမှုဖွင့်ထားတယ်၊ အမှုဖွင့်လို့ အခုအချုပ်ရမန် ယူပြီး စစ်ဆေးနေတုန်းပဲ၊ မနေ့ကမှ လာတိုင်ရတော့လေ အခုမှစစ်ဆေးတုန်း၊ တရားလိုကတော့ ကောင်မလေးရဲ့ အမေပဲ” ဟု ကျိုက်မရောမြို့မရဲစခန်းမှ တပ်ကြပ်ဆန်းဝင်း သ-က-က (ရေး) ကပြောသည်။

စစ်တွေအရပ်ဘက်အဖွဲ့အစည်းများကသက်ငယ်မုဒိန်းသေဒဏ်ပေးရေး ဆန္ဒထုတ်ဖော် တောင်းဆိုစဉ်(Flower News)
စစ်တွေအရပ်ဘက်အဖွဲ့အစည်းများကသက်ငယ်မုဒိန်းသေဒဏ်ပေးရေး ဆန္ဒထုတ်ဖော် တောင်းဆိုစဉ်(Flower News)
ယခုအချုပ်ရမန်ယူပြီး အမှုကို စစ်ဆေးခြင်း၊ သက်သေခံပစ္စည်းများကို ဓာတုဗေဒဓာတ်ခွဲခန်းပို့ပြီး၊ ဥပဒေအကြံပေးထံ တင်ပြခြင်း၊ ဥပဒေအကြံပေးထံမှ အကြံဉာဏ်ရယူပြီးလျင် တရားရုံးတင် စစ်ဆေးသွားမည်ဟု ၄င်းက ဆက်ပြောသည်။

 
ဖြစ်စဉ်မှာ ပြစ်မှုကျူးလွန်သူမိသားစုတွင် သမီးနှစ်ယောက်နှင့် သားအငယ်ဆုံးတစ်ယောက်ရိှပြီး ပြီးခဲ့သည့် နိုဝင်ဘာ (၁၃) ရက်နေ့၌ သားငယ်ကို ရှင်ပြုရန် ကျိုက်မရောဘုရားကြီးသို့ သွားခဲ့ကြောင်း၊ နေအိမ်တွင် ပြစ်မှုကျူးလွန်ခြင်းခံရသော သမီး (အလတ်မ) တစ်ယောက်တည်း ကျန်ရိှနေ၍ နေ့လည် ရှင်လောင်းလှည့်ပြီး ညနေ (၇) နာရီအချိန်ခန့်တွင် အဖေဖြစ်သူက တစ်ဦးတည်း နေအိမ်သို့ ပြန်လာခဲ့ကြောင်း၊ နေအိမ်တွင် ကျန်ရစ်နေသော သမီးအား နေမကောင်း၍ နှိပ်ပေးရန်ခေါ်ပြီး သမီးမှ လာရောက်ပေးရာမှ အဓမ္မပြုကျင့်ခဲ့ကြောင်း၊ နောက်နှစ်ရက်ခန့်အကြာတွင် သမီးဖြစ်သူမှ မိခင်အား ဖြစ်စဉ်ကို ပြောပြခဲ့ပြီး ကျိုက်မရောမြို့မရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူ မိသားစုတို့သည် ဧရာဝတီတိုင်း အိမ်မဲမြို့နယ် တာကုန်းရွာ ဇာတိဖြစ်ပြီး ကျိုက်မရောမြို့နယ် ကလိုင်းကျေးရွာအုပ်စု အပေါ်ရွာတွင် ရွေ့ပြောင်းအလုပ်သမားအဖြစ် (၆) နှစ်ကြာလာရောက်လုပ်ကိုင်ခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်ခြင်းခံရသူ မိန်းကလေးသည် အဋ္ဌမတန်းကျောင်းသူတစ်ဦး ဖြစ်ကြောင်း သိရသည်။

 
အလားတူ  မြောက်ဥက္ကလာပမြို့နယ် ပုရွက်ဆိပ်ကုန်းရပ်ကွက်နေ အသက် (၉)နှစ်အရွယ် သမီးဖြစ်သူကို ဖခင်ဖြစ်သူက သန်းခေါင်ယံအချိန် ညစ်ညမ်းဇာတ်ကားကြည့်ပြီး ညစဉ် သားမယားအဖြစ်ပြုကျင့်ခဲ့သဖြင့်ရပ်ကွက်အမျိုးသမီးရေးရာ ဥက္ကဌထံတိုင်ကြားခဲ့ရာ မြောက်ဥက္ကလာပ မြို့မစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း နိုဝင်ဘာ ၁၈ ရက်နေ့ 5 Plus News သတင်းဖော်ပြချက်အရ သိရသည်။

မြန်မာနိုင်ငံအနှံ့အပြားတွင် သက်ငယ်မုဒိန်းပြုကျင့်မှု၊ မုဒိန်းကျင့်ပြီးလူသတ်မှု၊ သွေးသားရင်း ဖခင်၊ အစ်ကိုယ် တော်စပ်သူများ၏ မုဒိန်းပြုကျင့်မှုသတင်းမကြာခဏတွေ့ရှိနေရပြီး အထူးသဖြင့်ယခုနှစ်ရခိုင်ပြည်နယ်အတွင်း သက်ငယ်မုဒိန်းမှု ၂၀ ခန့်ဖြစ်ပေါ်ခဲ့ရာ ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက်နေ့တွင် စစ်တွေအရပ်ဘက်လူမှုအဖွဲ့ အစည်း ၁၄ ခုမှ လူအင်အား ၁ဝဝ ကျော်တို့က ”သက်ငယ်မုဒိမ်းမှု သေ ဒဏ်ပေး၊ သက်ငယ်မုဒိမ်းမှုရပ်၊ ကလေးများအား အလွဲသုံးစားလုပ်မှုရပ်၊ သက် ငယ်မုဒိမ်းမှုပပျောက်ဖို့ ဝိုင်းဝန်းပါဝင်ကြပါစို့” စသည့် စာတန်းပါဗီနိုင်းများကိုကိုင်ဆောင်၍ လမ်းလှျောက်ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြသည်။ 

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts