spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမြန်မာနိုင်ငံတွင် လူတန်းစားတစ်စုသာ လွတ်လပ်ရေးရထားသည်ဟု မင်းဇေယျပြော

    မြန်မာနိုင်ငံတွင် လူတန်းစားတစ်စုသာ လွတ်လပ်ရေးရထားသည်ဟု မင်းဇေယျပြော

    -

    သြစတေးလျနိုင်ငံ ကင်ဘာရာမြို့တော်ရှိ မြန်မာနိုင်ငံသံရုံးရှေ့ ကချင်ပြည်နယ်စစ်ပွဲရပ်စဲရေးဆန္ဒထုတ်ဖော်ပွဲကို အောက်တိုဘာ ၂၈ ရက်နေ့က ကျင်းပရာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းဇေယျက မိမိတို့ပြည်ထောင်စုမြန်မာနိုင်ငံတွင် လူတန်စားတစ်စုသာ လွတ်လပ်ရေးရရှိထားသည်ဟု မိန့်ခွန်းတွင် ပြောကြားလိုက်သည်။

    “ကျနော်တို့ပြည်တောင်စုမြန်မာနိုင်ငံဟာ မငြိမ်းချမ်းပါဘူး၊ စစ်ပွဲတွေတောက်လျောက်ဖြစ်ပွားခဲ့တာ နှစ်ပေါင်း ၆၀ ကျော်ပါပြီ၊ လွတ်လပ်ရေးဟာ ကျနော်တို့မလွတ်လပ်ခဲ့ပါဘူး၊ လွတ်လပ်ရေးရခဲ့တာက လူတန်းစားတစ်စုသာ ရခဲ့တာပါ၊ တိုင်းရင်းသားတွေ ပြည်သူတွေ လွတ်လပ်ရေးမရခဲ့ပါဘူး” မင်းဇေယျက ပြောသည်။

    ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းဇေယျ မိန့်ခွန်းပြောကြားစဉ်(AMA)
    ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းဇေယျ မိန့်ခွန်းပြောကြားစဉ်(AMA)
    သို့ရာတွင် အဆိုပါ လူတန်းစားတစ်စုဆိုသည်ကို အဓိပ္ပါယ်ရှင်းလင်းပြောဆိုခြင်းမရှိသော်လည်း ယခင်အုပ်ချုပ်သူစစ်အာဏာရှင်အဆက်ဆက်ကို ရည်ညွှန်းသည်ဟု ဆန္ဒဖော်ထုတ်ပွဲတက်ရောက်သူ မွန်အမျိုးသားတစ်ဦးက ဆေိုသည််။

    “ကချင်ဒေသတွင် မတရားထိုးစစ်ဆင်ခြင်းကို ချက်ချင်းရပ်”အင်္ဂလိပ်မြန်မာနှစ်ဘာသာ ခေါင်းစဉ်ဖြင့် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီမှ ၂ နာရီခွဲအတွင်း ဆန္ဒထုတ်ဖော်ကြရာတွင် သြစတေးလျနိုင်ငံရောက် ကချင်၊ ကရင်၊ မွန်နှင့် ရခိုင်တိုင်းရင်းသား အင်အားတစ်ရာကျော်ခန့် တက်ရောက်ခဲ့သည်ဟု ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

    “ဒုတိယလွတ်လပ်ရေးလို့ခေါ်တဲ့ အခုငြိမ်းချမ်းရေးတောင်းဆိုပွဲတွေ ဒီမိုကရေစီတိုက်ပွဲတွေ ဆက်လက်ဆင်နွှဲနေရတာပါ၊ အခုနိုင်ငံရေးအပြောင်းအလဲသွားနေတဲ့အချိန်၊ ခေတ်ပြောင်းတော်လှန်ရေးကိုဆင်နွှဲနေတဲ့အချိန်မှာ သြစတေးလျကိုရောက်ရှိနေတဲ့ မြန်မာနိုင်ငံတိုင်းရင်းသားတွေရဲ့ မြန်မာပြည်ကိုငြိမ်းချမ်းစေချင်တဲ့ဆန္ဒ၊ စစ်ပွဲတွေမဖြစ်စေချင်တဲ့ဆန္ဒ၊ ပြည်သူတွေစစ်ပွဲကြောင့်ဒုက္ခမရောက်စေချင်တဲ့ဆန္ဒတွေကို အခုလိုညီညီညွတ်ညွတ်နဲ့ စုပေါင်းဆန္ဒဖော်ထုတ်တဲ့ပွဲကို အင်မတန်ဂုဏ်ယူစရာကောင်းပါတယ်” ဟု မင်းဇေယျက ဆက်ပြောသည်။

    အလားတူ ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားတွင် ဘာသာပေါင်းစုံ၏ စုပေါင်း ဦးဆောင်မှုဖြင့် စစ်ပြေး ဒုက္ခသည်များ အပါအဝင် ကချင်၊ ဗမာ၊ ရှမ်း၊ မွတ်စလင်၊ ဟိန္ဒူ နှင့် တရုတ် အမျိုးသားများ ပြည်သူလူထု အင်အား သုံးသောင်းခန့်ပါ၀င်သော“တိုက်ပွဲများ အလိုမရှိကြောင်း” လမ်းလျှောက် ဆန္ဒထုတ်ဖော်ပွဲကို အောက်တိုဘာ ၂၂ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

    အောက်တိုဘာ ၂၅ ရက်နေ့တွင်ကျရောက်သော KIO အဖွဲ့ (၅၆) နှစ်ပြည့်နေ့အခမ်းအနား၌ ဥက္ကဋ္ဌ Lanyaw Zawng Hra က “ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အားလုံး ကြိုးပမ်းနေစဉ်အစိုးရတပ်မတော်က KIO ဗဟိုဌာနချုပ်နယ်မြေ အပါအဝင် ကချင်ဒေသ KIA တပ်မဟာ ရှစ်ခုစလုံးတွင် ထိုးစစ်ဆင် တပ်အင်အားများ ပို့ဆောင်နေဆဲ အခြေအနေ ရှိနေကြောင်း၊မြန်မာနိုင်ငံတွင် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များနှင့် အစိုးရကြား ပြည်တွင်းစစ် ပြဿနာကို ဖြေရှင်းနိုင်သော ‘နည်းလမ်း တံခါး ယခုထိ မပွင့်သေးဘူး’ ဟု ပြောနိုင်ကြောင်း၊”မိန်းခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်ဟု ကချင်သတင်းဌာန KNG က ရေးသားဖော်ပြသည်။

    KIO ဥက္ကဌက ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ် ‘စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်အောင် အတူ တည်ဆောက် ရန်’ ပြောဆိုခဲ့သော အမိျုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရ ကလည်း အာဏာတည်မြဲရေးအတွက် မြန်မာ့ တပ်မတော်၏ ထိုးစစ်ဆင်နေမှုများကို တားဆီး ပိတ်ပင်ခြင်းမျိုး မလုပ်သည့်အပြင် တပ်မတော်က KIO ဌာနချုပ်ကို စစ်ရေးအရ ချုပ်ကိုင်နိုင်အောင်ကြိုးစားနေပြီး ရည်ရွယ်ချက်က KIO ကို NCAလက်မှတ် ရေးထိုးစေပြီးနောက် DDR ဟုခေါ်သော လက်နက်ဖြုတ်သိမ်းရေး နည်းလမ်း ဖြင့် တော်လှန်ရေး အဖွဲ့များကို စစ်ရေးနှင့် အပြတ်ချေမှုန်းရန်ဖြစ်သည်ဟု ပြောထားသည်ဟု KNG သတင်းတွင် ရေးသားထားသည်။

    အစိုးရတပ်မတော်စစ်ကြောင်းများသည် အောက်တိုဘာလအတွင်း NCA လက်မှတ်မထိုးသေးသည့် KIO ကချင်ဒေသထိုးစစ်တွင် MIG ဂျက်တိုက်လေယာဉ်များပါ အသုံးပြုလာသဖြင့် တိုက်ပွဲများပိုမိုပြင်းထန်လာသည့်အပြင် မိုင်းလား NDAA ဒေသသို့ ဝင်ရောက်လာသော UWSA ဝတပ်ဖွဲ့များနှင် ့ တပ်မတော်တို့ကြား ယခုအခါ စစ်ရေးတင်းမာမှုဖြစ်ပေါ်နေသည်ဟု သတင်းမီဒီယာများက ဖော်ပြကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks