Homeသတင်းNCA မထိုးသေးသည့်နယ်မြေများတွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ အခက်တွေ့နိုင်ဟု DPN ခေါင်းဆောင်ဆို

NCA မထိုးသေးသည့်နယ်မြေများတွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ အခက်တွေ့နိုင်ဟု DPN ခေါင်းဆောင်ဆို

-

တၾနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးမှ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ဦးဆောင် ကျင်းပခွင့်ရမည်ဆိုခြင်းကြောင့် လက်မှတ်မထိုးရသေးသည့် အဖွဲ့များ၏ နယ်မြေတွင် မည်သူဦးဆောင်မည်နည်းဆိုသည့် အခက်အခဲများတွေ့နိုင်ကြောင်း UNFC ၏ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ DPN အဖွဲ့ ခေါင်းဆောင် ခူဦးရယ်က ယနေ့တွင် ပြောကြားလိုက်သည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတွင် NCA စာချုပ် လက်မှတ်ရေးထိုးထားသည့် အဖွဲ့များသာ ဦးဆောင် ကျင်းပခွင့်ရမည့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကို ကဏ္ဍအလိုက်၊ လူမျိုး အလိုက်၊အကြောင်းအရာအလိုက် ဆွေးနွေးပွဲများကျင်းပရန် စီစဉ်နေကြသော်လည်း NCA စာချုပ် လက်မှတ်ထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များအနေဖြင့် မိမိတို့ဒေသများတွင် ဦးဆောင် ကျင်းပခွင့်မရှိပေ။

 "(ဝဲဘက်အစွန်) အောက်တိုဘာ ၂၀ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးတွင် DPN အဖွဲ့ ခေါင်းဆောင် ခူဦးရယ်ကို တွေ့ရစဉ်(Hla Maung Shwe)
“(ဝဲဘက်အစွန်) အောက်တိုဘာ ၂၀ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးတွင် DPN အဖွဲ့ ခေါင်းဆောင် ခူဦးရယ်ကို တွေ့ရစဉ်(Hla Maung Shwe)
“ဒီနေရာမှာ ပြောရရင်တော့ အကုန်လုံး အခြေအနေနဲ့ ပတ်သက်လို့ ထဲထဲ ဝင်ဝင် ငြိမ်းချမ်းရေးဖြစ်စဉ်ကို တကယ်တမ်း ဦးဆောင်နေတာက ကျွန်တော် တို့ လက်နက်ကိုင်အဖွဲ့ အစည်းတွေက ခပ်များများ ဖြစ်နေတော့ တချို ့ပြည်နယ်မှာ ရှိတဲ့ နိုင်ငံရေးပါတီတွေက ငြိမ်းချမ်းရေးကို သိပ်ထဲထဲဝင်ဝင် ပါဝင်ခဲ့တာမရှိဘူး၊ ဒီတော့ သူတို့ ဦးဆောင်မှုက နည်းနည်းလေး အခက်အခဲ တွေ့နိုင်ပါတယ်”ဟု DPN ခူဦးရယ် ကဆိုသည်။

ယင်းကြောင့် NCA လက်မှတ်မရေးထိုးရသေးသည့် အဖွဲ့များ၏ ဒေသများတွင် မည်သည့်အဖွဲ့က ဦးဆောင် ကျင်းပသွားမည်နည်းဆိုသည့်ကိစ္စတွင် အခက်အခဲကြုံတွေ့နိုင်ကြောင်း သူကပြောသည်။

သူက“နိုင်ငေံ၇းပါတီက ဦးဆောင် ခွင့်ရှိ တယ်။ လူမှုအဖွဲ့အစည်းတွေက လူမျိုးစု အလိုက်တွေရှိတယ်၊ ဒါပေမယ့် NCA ကို လက်မှတ်မထိုးရသေးတဲ့ အဖွဲ့အစည်းတွေရှိတဲ့နေရာဒေသတွေမှာ ကျတော့ ဦးဆောင်ခွင့် မရဘူး။ ကျင်းပခွင့်မပြုဘူးဆိုရင်တော့ ကျွန်တော်ထင်တယ် ဒီဒေသမှာရှိတဲ့ လူမျိုးအလိုက်၊အကြောင်းအရာအလိုက်၊ ဆွေးနွေးမယ့်လူတွေအနေနဲ့ နည်းနည်းလေး အခက်အခဲများရှိလေမလားလို့၊” ဟု ဆိုသည်။

NCA ၏ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် အခန်း(၄) အပိုဒ် ၄ ပါ ၄.၁.၁ တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး ပွဲများကို လုပ်ငန်းကော်မတီများမှ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ချမှတ်ပေးထားသည့် အခြေခံလမ်းညွန်မှုများနှင့်အညီ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အရပ်ဘက် လူ့အဖွဲ့ အစည်းများမှ အစုအဖွဲ့ တစ်ဖွဲ့ချင်း သော်လည်းကောင်း၊ စုပေါင်း၍ သော်လည်းကောင်း ကျင်းပနိုင်သည် ဟု ပြဌာန်းထားသည်။

သို့သော် လက်မှတ်မရေးထိုးရသေးသည့် အဖွဲ့များ ဦးဆောင် ကျင်းပခွင့်ရ/မရ အကြောင်းအရာများ နှင့် ပတ် သက်ပြီး UPDJC အဖွဲ့ဝင်များ ပြီးခဲ့သည့် လအတွင်းက အစည်းအဝေးများ ကျင်းပကာ မူဘောင် သုံးသပ်မှု များ ပြုလုပ်ခဲ့ကြကြောင်း၊ ထို့ကြောင့် UPDJC ကသာ ဆုံးဖြတ်သွားမည်ဖြစ်ခြင်းကြောင့် ကျင်းပခွင့်ရနိုင်ရေး ပို အဆင်ပြေနိုင်သည်ဟု UPDJC အဖွဲ့ဝင် တစ်ဦးကဆိုသည်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို NCA လက်မှတ်မရေးထိုးသေးသည့် လက်နက်ကိုင်အဖွဲ့များ၏ နယ်မြေများအတွင်း အဆင်ပြေ ချော့မွေစွာ ကျင်းပနိုင်ရေးအတွက် “နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးကို ယခုအောက်တိုဘာ ၁၈ ရက်မှ ၂၀ ရက်နေ့အထိ ကျင်းပလျက်ရှိပြီး လက်မှတ်မရေးထိုးရသေးသည့် DPN ကိုယ်စားလှယ်များဖြစ်သည့် KIO/KIA,KNPP, NMSP, SSPP/SSA, ANC, WNO, LDU တို့လည်း တက်ရောက် ဆွေးနွေးလျက်ရှိသည်။

ပြီးခဲ့သည့် သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၃ ရက်နေ့အထိ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံညီလာခံ(ပထမအစည်းအဝေး)ကို ကျင်းပခဲ့ပြီး နောက်ခြောက်လ (ဒုတိယအစည်းအဝေး) ပြန်လည် ကျင်းပရန် စီစဉ်ထားသည့်အတွက် ယင်း ကာလအတွင်း တိုင်းနှင့်ပြည်နယ်အသီးသီး၌ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ကျင်းပသွားရန် NCA စာချုပ်တွင် ဖော်ပြပါရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts