spot_img
Monday, February 16, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးမွန်ပြည်နယ်အတွင်း ရွှေ့ပြောင်းအိမ်ထောင်စုစာရင်း ၁၅၀ဝ ကျော် တရားဝင်ထုတ်ပေးခဲ့

    မွန်ပြည်နယ်အတွင်း ရွှေ့ပြောင်းအိမ်ထောင်စုစာရင်း ၁၅၀ဝ ကျော် တရားဝင်ထုတ်ပေးခဲ့

    -

    မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်း အခြားဒေသမှ လာရောက်နေထိုင်သည့် ရွှေ့ပြောင်းအိမ်ထောင် စုစာရင်း ၁၅၇၀ စု တရားဝင်ထုတ်ပေးထားပြီဖြစ်ကြောင်း ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မှသိရသည်။

    အဆိုပါ တရားဝင် ရွှေ့ပြောင်းအိမ်ထောင်စုစာရင်း ထုတ်ပေးခဲ့ရာတွင် မော်လမြိုင်တွင် ၃၅၂ စု၊ ရေးမြို့ ၂၁၉ စု၊ ပေါင် ၁၆၉ စု၊ သံဖြူဇရပ် ၈၁ စုတို့ပါဝင်ပြီး အများစုမှာ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းဘက်မှ ရွှေ့ပြောင်းလုပ်သားများ ဖြစ်ကြောင်း သိရသည်။

    မွန်ပြည်နယ် လဝကရုံး(MNA)
    မွန်ပြည်နယ် လဝကရုံး(MNA)
    မွန်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရှိန်ဝင်းက “ မွန်ပြည်နယ် တစ်ခုလုံးမှာ တရားဝင်ရွှေ့ပြောင်း အိမ်ထောင်စုစာရင်း ၁၅၇၀ စု ထုတ်ပေးထားတယ်၊ ယာယီအိမ်ထောင်စုကတော့ ၁၂၇၁ စု ထုတ်ပေးထားတယ်” ဟုပြောသည်။

    တရားဝင်အိမ်ထောင်စုစာရင်း ထုတ်ပေးရာတွင် ၄င်းတို့နေထိုင်လျက်ရှိသည့် သန်းခေါင်စာရင်း၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက်ဖြင့် လက်ရှိ မွန်ပြည်နယ်တွင် ခြောက်လ မှ သုံးနှစ်အထိ လာရောက် နေထိုင်ခဲ့သည့် ရွှေ့ပြောင်းလုပ်သားများကို တရားဝင် အိမ်ထောင်စုစာရင်း ထုတ်ပေးထားသည်ဟု ဆိုသည်။

    “ဒီမွန်ပြည်နယ်မှာ ရောက်တာ ခြောက်လကျော်သွားပြီတော့ သုံးနှစ်မပြည့်သေးဘူးဆိုရင် ဌာနကနေ ယာယီအိမ်ထောင်စုစာရင်းဆိုပြီတော့ ထုတ်ပေးတယ်” ဟု ဦးရှိန်ဝင်းက ပြောသည်။

    ထို့အပြင် မွန်ပြည်နယ်တွင် ၂၀၁၆ မေလ ၁ ရက်နေ့မှ အောက်တိုဘာလဆန်းပိုင်းအထိ ကောက်ခံရရှိခဲ့သည့် ရွှေ့ပြောင်း အိမ်ထောင်စုစာရင်း (၁၁၉၉၃) အနက် သာမာန်ရွှေ့ပြောင်း (၈၆၉၁) စု နှင့် ယာယီရွှေ့ပြောင်း (၃၃၀၂) စု ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။

    သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းချိုက “ ရွှေ့ပြောင်းလုပ်သား အိမ်ထောင်စုစာရင်း စီမံချက် စကတည်းက အခုချိန်အထိ အိမ်ထောင်စု ၅၀ ပဲလုပ်ရသေးတယ်၊ ကျန်တဲ့ရွှေ့ပြောင်း လုပ်သားတွေကျတော့ မလုပ်ရသေးဘူးပေါ့နော်၊ ပငရွာမှာ ရွှေ့ပြောင်းအိမ်ထောင်စု ၄၀ဝ နီးပါးရှိတယ်” ဟုပြောသည်။

    ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မွန်ပြည်နယ်တွင် လူဦးရေစုစုပေါင်း၂၀ သိန်းကျော် (၂,ဝ၅၄,၃၉၃) ဦး ရှိပြီး အခြားဒေသမှ ရွှေ့ပြောင်းဝင်ရောက်လာသူဦးရေ ၃ သိန်း ၄ သောင်းကျော် (၃၄၂.၁၈၉) ဦးရှိကြောင်း သိရသည်။

    အစိုးရမှ သာမာန်ရွှေ့ပြောင်းနှင့် ယာယီရွှေ့ပြောင်းအလုပ်သမားများ စာရင်းကောက်နေသောကြောင့် နယ် မြေခံတိုင်းရင်းသားများ စိုးရိမ်မကင်းဖြစ်မိကြောင်း၊ မည်သည့်အရပ်က လာရောက်သည်ကိုမသိရှိဘဲ အိမ် ထောင်စုစာရင်း ထုတ်ပေးခြင်းသည် ပြဿနာများဖြစ်ပေါ်စေနိုင်ပြီ နေရာအတည်တကျမရှိဘဲ အိမ်ထောင်စု စာရင်းထုတ်ပေးခြင်းသည် လုပ်ထုံး လုပ်နည်းနှင့်လည်း မကိုက်ညီကြောင်းနှင့် နှစ်ရှည် ပြောင်းရွှေ့၍ အမှန်တ ကယ်ပြောင်းရွှေ့နေထိုင်သူများအား အိမ်ထောင်စုစာရင်း ထုတ်ပေးခြင်းက ပြဿနာမရှိကြောင်း ပြီးခဲ့သည့်ဇွန်လအတွင်း မွန်ပြည်နယ်လွှတ်တော်၌ ချောင်းဆုံမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မြေလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦး ဆွေးနွေးပြောကြားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks