spot_img
Friday, February 27, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးMCL ဘိလပ်မြေစက်ရုံရှိ နိုင်ငံခြားသားအလုပ်သမား ၅ ဦးအား လဝက ဥပဒေဖြင့် တရားစွဲဆို

    MCL ဘိလပ်မြေစက်ရုံရှိ နိုင်ငံခြားသားအလုပ်သမား ၅ ဦးအား လဝက ဥပဒေဖြင့် တရားစွဲဆို

    -

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ MCL မော်လမြိုင်ဘိလပ်မြေစက်ရုံတွင် အလုပ်သမားအဖြစ် ဝင်ရောက်လုပ် ကိုင်နိုင် ရန် ရောက်ရှိလာသည့် နိုင်ငံခြားသားများအား သက်ဆိုင်ရာဌာနသို့ အကြောင်းကြားခဲ့ခြင်းမရှိသဖြင့် စက်ရုံကုမ္မဏီ တာဝန်ရှိသူနိုင် ငံခြားသား ၅ ဦးကို မြို့နယ်လဝကဦးစီးမှုးမှ တရားလိုပြုလုပ်၍ စက်တင်ဘာလ ၃၀ ရက်နေ့က မြို့နယ်တရားရုံး၌ လဝကဥပဒေဖြင့် တရားစွဲဆိုထားခဲ့ကြောင်း မွန်ပြည်နယ် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ သိရသည်။

    အဆိုပါနိုင်ငံခြားသားများသည် MCL မော်လမြိုင်ဘိလပ်မြေစက်ရုံသို့ စက်တင်ဘာ ၂၈ ရက်နေ့မှာ ရောက်ရှိရ မည်ဖြစ်သော်လည်း စက်တင်ဘာ ၂၀ ရက်နေ့တွင် ကြိုတင်ရောက်ရှိနေပြီး ရောက်ရှိနေမှုကို မြို့နယ် လဝက ရုံး သို့ သတင်းပေးပို့ရန် ပျက်ကွက်ခဲ့မှုကြောင့် တရားစွဲဆိုရခြင်းဖြစ်ဟု ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရှိန်ဝင်းက ဆိုသည်။

    MCL မော်လမြိုင်ဘိလပ်မြေစက်ရုံ(MNA)
    MCL မော်လမြိုင်ဘိလပ်မြေစက်ရုံ(MNA)
    ဦးရှိန်ဝင်းက “ဟိုတယ်ဆိုရင် ဟိုတယ်ပိုင်ရှင်၊ စက်ရုံအလုပ်ရုံပိုင်ရှင်၊ ကုမ္မဏီဆိုလည် ကုမ္မဏီ ပိုင်ရှင်တွေကို တည်ခိုမယ့်နိုင်ငံခြားသားက အချက်အလက်တွေပေးရတယ်။ နိုင်ငံခြားသားများ တည်ခို နေထိုင် ရာ ကုမ္မဏီစက်ရုံပိုင်သို့ ရောက်ရှိပြီး ၂၄ နာရီအတွင်း သက်ဆိုင်ရာ လဝကကို အကြောင်းကြားရတယ်” ဟု ဆို သည်။

    ယင်းအရေးယူခံထားရသည့် နိုင်ငံခြားသားများတွင် ထိုင်းနိုင်ငံသား Mr. Thawan Mopongpeng (PP No. AA 1949819)နှင့် တရုတ်နိုင်ငံသားများဖြစ်ကြသည့် Mr. Sun Zhenbin (PP No.E 3495005)၊ Mr. Yu Jun Young (PP No. 3895005)၊ Mr Zhi Xu (PP No. G32402411)၊ Ms. Chen Cuiping (PP No. E 44551731) တို့အပါအဝင် ကုမ္မဏီဝန်ထမ်းတစ်ဦးဖြစ်သည့် မြန်မာနိုင်ငံသား ဦးအောင်ကျော်ထူး (၃၈) နှစ်ကို လည်း အရေးယူထားပြီး လာမည့် အောက်တိုဘာ ၄ ရက်နေ့တွင် အမှုအား ကျိုက်မရောမြို့နယ်တရားရုံးတွင် စတင်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

    အလားတူ လွန်ခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့တွင် မွန်ပြည်နယ် လ-ဝ-က ဦးစီးမှူးနှင့် အဖွဲ့က MCL မော်လမြိုင်ဘိလပ်မြေစက်ရုံစက်ရုံအတွင်းသို့ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာ ဧည့်စာရင်းတိုင်ကြားထားခြင်းမရှိသည့် တရုတ်နိုင်ငံသား ၂၉၂ ဦး တွေ့ရှိခဲ့ပြီး နောက်နောင်ကျူးလွန်မှုမပြုလုပ်ရန် သြဂုတ်လ ၁ ရက်နေ့တွင် မွန်ပြည်နယ်အစိုးရရုံး၌ ဝန်ခံကတိ လက်မှတ်ရေးထိုးထားရှိသည်ဟု အစိုးရရုံးမှ သိရသည်။

    မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက “ဇူလိုင်လမှာ သွားစစ်တော့ တွေ့ တယ်။ တွေ့တာနဲ့ အရေးမယူဘူး။ အဖက်ဖက်ကကြည့်ပြီး ပထမအကြိမ်ဆိုတော့ ဝန်ခံကတိတွေ ထိုးပြီးတော့ ခွင့်လွှတ်လိုက်တယ်။ မသိနားမလည်လို့ဆိုပြီး သတိပေးခဲ့တယ်ပေါ့။ အခုသတင်းရပြီး သွားစစ်တော့ ထပ်တွေ့ တယ်။ ဒါတော့ မသိနားမလည်တော့ မဟုတ်တော့ဘူး။ ဒါ့ကြောင့် အရေးယူရတယ်” ဟု ဆိုသည်။

    မော်လမြိုင်ဘိလပ်မြေစက်ရုံသည် လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်းကိုထိခိုက်စေမည့် အကြောင်း ပြချက်ဖြင့် နယ်မြေခံပြည်သူများ ဆန့်ကျင်နေသည့် စက်ရုံလည်းဖြစ်သည်ဟု ဗိုလ်မှူးကြီး ဝင်းနိုင်ဦး ဆက် လက်ရှင်းပြသည်။

    ၁၉၄၈ ခုနှစ် နိုင်ငံခြားသားများမှတ်ပုံတင်ရေး နည်းဥပဒေ ၁၄(၃)နှင့် ၁၈(၅) အား လိုက်နာရန်ပျက်ကွက်ခြင်း ကြောင့် အဆိုပါ နိုင်ငံခြားသားများအား ကျိုက်မရောမြို့နယ်တရားရုံးမှ ရာဇဝတ်ကြီးအမှုအမှတ် ၁၈၄/၂၀၁၆၊ နိုင်ငံခြားသားများ မှတ်ပုံတင်ရေး အက်ဥပဒေ ၅(၁) အရ အရေးယူဆောင်ရွက်ထားခြင်းရှိသည်။

    လက်ရှိအချိန်တွင် မော်လမြိုင်ဘိလပ်မြေစက်ရုံ၌ တရုတ်နိုင်ငံသား ၂၈၁ ဦးနှင့် ထိုင်းနိုင်ငံသား ၈၀ စုစုပေါင်း နိုင်ငံခြားသားဦးရေ ၃၆၁ ဦးရှိကြောင်း မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks