Homeသတင်းမော်လမြိုင်ကမ်းနားလမ်းစီမံကိန်းသဘောတူညီချက်အတိုင်း ပြည်နယ်အစိုးရသို့ ငွေပေးသွင်းရန် လွှတ်တော်ဆုံးဖြတ်

မော်လမြိုင်ကမ်းနားလမ်းစီမံကိန်းသဘောတူညီချက်အတိုင်း ပြည်နယ်အစိုးရသို့ ငွေပေးသွင်းရန် လွှတ်တော်ဆုံးဖြတ်

-

မော်လမြိုင်ကမ်းနားလမ်းစီမံကိန်းအဆင့် (၆) ကိစ္စအတွက် မွန်ပြည်နယ်အစိုးရနှင့် လုပ်ငန်းဆောင်ရွက်သူ စုန် ရေကုမ္ပဏီတို့ အကြား ယခင်ပြည်နယ်အစိုးရနှင့် သဘောတူညီခဲ့သော ကျပ်သိန်းပေါင်း နှစ်သောင်းငါးထောင် (၂၅၀ဝ၀) ပေးသွင်းရန် မွန်ပြည်နယ် လွှတ်တော်က ဆုံးဖြတ်ကြောင်း သိရသည်။

လုပ်ငန်းဆောင်ရွက်သူ စုန်ရေကုမ္ပဏီမှ ပြည်နယ်အစိုးရသို့ ငွေကျပ်သိန်းပေါင်းတစ်သောင်းငါးထောင် (၁၅၀ဝ၀) သာ ပေးသွင်းရန် တင်ပြလာသည့်အပေါ် မွန်ပြည်နယ်လွှတ်တော်က စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းဝေး (ပထမနေ့) အောက်တိုဘာလ (၃) ရက်နေ့တွင် ယခင်က သဘောတူညီချက်အတိုင်းသာ အပြည့်အဝပေးသွင်းရန် မွန်ပြည် နယ်လွှတ်တော်မှ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

သံလွင်မြစ်ရေ မြင်တက်ချိန်တွင် ကမ်းနားလမ်း၌ရေလွှမ်း(MNA)
သံလွင်မြစ်ရေ မြင်တက်ချိန်တွင် ကမ်းနားလမ်း၌ရေလွှမ်း(MNA)
“ဒီ ကမ်းနားလမ်းစီမံကိန်းအစီရင်ခံစာကို ကျွန်တော်တို့က တင်တယ်။ အရင်ဆုံး ဒီအစီရင်ခံစာကို ကျွန်တော် တို့အဖွဲ့က လက်ခံတယ်။ ဒီအစီရင်ခံစာအတိုင်း လွှတ်တော်က လက်ခံရင်၊ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက် ဖြစ်သွား ပြီ။ ဒါကို အစိုးရက မဖြစ်မနေ အကောင်အထည်ဖော်ရမယ်” ဟု မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

ကမ်းနားလမ်းအဆင့် (၆) စီမံကိန်း၏ ပြန်လည်လေ့လာစိစစ်အဖွဲ့ အစီရင်ခံစာတွင် လုပ်ငန်းသဘောတူစာချုပ်ပါ အချက်များတွင် ငွေကြေးနှင့် ပါတ်သက်ပြီး ညှိနှိင်းဆောင်ရွက် ခွင့်ပြုထားခြင်း လုံးဝမရှိပါသဖြင့် မူလသဘောတူ ညီချက်အတိုင်း ကျပ်သိန်းပေါင်း (၂၅၀ဝ၀) အတိုင်းသာ အပြည့်အဝပေးသွင်းရန် ဆုံးဖြတ်ပါသည်ဟု ဖော်ထား သည်။

ထို့အပြင် ကမ်းနားလမ်းအဆင့် (၆) နေရာရှိ ရေလွမ်းမိုးမှု ဖြစ်ပေါ်နေသော လမ်းပိုင်းများကိုလည်း မြစ်ရေကျော် နင်းဝင်ရောက်ခြင်းမရှိစေရေး ပင်လယ်ရေ မျက်နှာပြင် တိုင်းတာချက်များအတိုင်း လိုက်လျောညီထွေစွာ ထပ်မံ ပြုပြင်ဆောင်ရွက်ပေးရန်လည်း လွှတ်တော်ဆုံးဖြတ်ချက်တွင် ပါဝင်ခဲ့သည်။

သို့သော် စုန်ရေကုမ္ပဏီမှ စည်ပည်သာယာရေးဌာနသို့ ပေးသွင်းရန် မြေ (၁ ဒသမ ၅) ဧကမှ (ဝ ဒသမ ၇၅) ဧကသာ ပေါ်သွင်းခြင်းအပေါ် လွှတ်တော်က သဘောတူပေးခဲ့သည်။

မော်လမြိုင် ကမ်းနားလမ်း အဆင့် (၆) စီမံကိန်းကို စုန်ရေကုမ္ပဏီမှ ကျပ်သိန်းပေါင်းခုနှစ်သောင်း (၇၀ဝ၀ဝ) ကျော် ကုန်ကျခံ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခင်အစိုးရ သက်တမ်းမကုန်ဆုံးမီအချိန်တွင် မွန်ပြည်နယ်ဝန်ကြီးချုပ်(ဟောင်း) ဦးအုန်းမြင့် ဖွင့်လှစ်ပေး၍ လုပ်ငန်းအပ်နှံခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts