Homeသတင်းမွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌအဖြစ် ဦးအောင်ကြည်သိန်း ရွေးချယ်ခံရ

မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌအဖြစ် ဦးအောင်ကြည်သိန်း ရွေးချယ်ခံရ

-

မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ USDP ဥက္ကဋ္ဌအဖြစ် ၂၀၁၅ ရွေးကောက်ပွဲတွင် ချောင်းဆုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဦးအောင်ကြည်သိန်း ကို ရွေးချယ်လိုက်ကြောင်း သိရသည်။

ယခင် မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ USDP ဥက္ကဋ္ဌဟောင်းဖြစ်သည့် မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအုန်းမြင့် နေရာသို့အစားထိုး ရွေးချယ်ခံရခြင်း ဖြစ်သည်။

မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးအောင်ကြည်သိန်း(Internet)
မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးအောင်ကြည်သိန်း(Internet)

“ကျနော်တို့မွန်မှာ ဗဟိုကော်မတီဝင် ၁၀ ဦးနဲ့ အရံကော်မတီဝင် ၃ ဦးတင်တယ်၊ ပါတီရဲ့ စည်းမျဉ်းစည်းကမ်း လုပ်ငန်းအတိုင်း အဲဒီတင်တဲ့လူတွေကနေ ရွေးတာပေါ့” ဟု ညီလာခံတက်ရောက်သူ မော်လမြိုင်ခရိုင် USDP ပါတီဥက္ကဌ ဦးစိုးထွန်းက ပြောသည်။

ထို့အတူ သြဂုတ်လ ၂၁ ရက်မှ ၂၄ ရက်နေ့ထိ နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပါတီညီလာခံအစည်းအဝေးမှ မွန်ပြည်နယ် USDP အတွင်းရေးမှူးအဖြစ် ဦးဝင်မော်ဦးတို့ ရွေးချယ်ခံရကြောင်း ဦးစိုးထွန်းက ပြောသည်။

ပြည်ခိုင်ဖြိုးပါတီညီလာခံသို့ မွန်ပြည်နယ်မှ ကိုယ်စားလှယ် ၂၇ ဦး တက်ရောက်ခဲ့ပြီး ဗဟိုကော်မတီဝင် ၁၀ ဦးနှင့် အရံကော်မတီဝင် ၃ ဦး ရွေးချယ်ခံရသည်ဟု သိရသည်။

ဦးအောင်ကြည်သိန်းသည် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဘီလူးကျွန်းချောင်းဆုံမြို့နယ် ကွမ်ရိုက်ရွာဇာတိဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ချောင်းဆုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအဆင့်တွင် ဥက္ကဋ္ဌ ဦးသန်းဌေး၊ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ အတွင်းရေးမှူးများအဖြစ် ဦးပိုက်ထွေး၊ ဦးသန်းထွန်း၊ ဦးကျော်ကျော်ဌေး၊ ဦးတင်အောင်ချစ်တို့ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,100SubscribersSubscribe

Latest posts