Homeသတင်းမွန်ပြည်နယ် စည်ပင်သာယာရေးဥပဒေ ပြန်လည်သုံးသပ်ရေးကော်မတီ ဖွဲ့စည်း

မွန်ပြည်နယ် စည်ပင်သာယာရေးဥပဒေ ပြန်လည်သုံးသပ်ရေးကော်မတီ ဖွဲ့စည်း

-

မွန်ပြည်နယ် စည်ပင်သာယာရေးဥပဒေကို ပြန်လည်ပြင်ဆင်ခြင်း (သို့မဟုတ်) အသစ် ပြန်လည်ရေးဆွဲခြင်း သင့်/မသင့်ကို မွန်ပြည်နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ ဥပဒေပြန်လည်သုံးသပ်ရေးကော်မတီ ကို သြဂုတ်လ (၁၆) ရက်တွင် ဖွဲ့စည်ခဲ့သည်။

မွန်ပြည်နယ် လွှတ်တော် ဒုက္ကဌ ဒေါက်တာ အောင်နိုင်ဦးက “လူထုတွေက ပြည်နယ်စည်ပင်က လုပ်စားနေ တယ်လို့ မြင်နေကြတယ်။ ပြီးတော့ရန်ကုန်စည်ပင်နဲ့ မန္တလေးက စည်ပင်အဖွဲ့တွေကိုလည်း အသစ်ပြန်ရွေးချယ် နေတာရှိတယ်ဆိုတော့ အဲ့တာကြောင့် မွန်စည်ပင်ဥပဒေကို ပြန်လည်သုံးသပ်ရတယ်” ဟု ဆိုသည်။

မွန်ပြည်နယ် စည်ပင်သာယာရေးဥပဒေစာအုပ်မျက်နှာဖုံး(Copy)
မွန်ပြည်နယ် စည်ပင်သာယာရေးဥပဒေစာအုပ်မျက်နှာဖုံး(Copy)

စည်ပင်ဥပဒေကို အရင်သုံးသပ်မှာဖြစ်ပြီး ပြင်ရန်/မပြင်ရန်ကို ဆုံးဖြတ်မည် မဟုတ်သေးကြောင်း၊ အများ၏ဆန္ဒကို ရယူပြီး ပြင်ဆင်သင့်ရင်ပြင်ပြီး ပြင်ဆင်ရန်အချက်အလက်များရှိပါက အသစ်ပြန်လည် ရေးဆွဲသွားမည်ဟု ဒေါက်တာအောင်နိုင်ဦး က ဆက်ရှင်းပြသည်။

မြို့နယ်စည်ပင်သာယာရေးအဖွဲ့သည် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊အမိန့်များ၊ ညွှန်ကြားချက်များနှင့် အညီ အကောင်ထည်ဖော်ဆောင်ရွက်ရမည်ဟု မွန်ပြည်နယ်စည်ပင်သာယာရေး ဥပဒေတွင် ပြဌာန်ထားသည်။

လက်ရှိစည်ပင်သာယာရေးကော်မတီသည် လွှတ်တော်မှ ရေးဆွဲထားသည့် ဥပဒေအတိုင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြည်နယ်စည်ပင်ဥပဒေကို ပြည်နယ်လွှတ်တော်ကသာ ပြန်လည်ပြင်ဆင်ခြင်း (သို့မဟုတ်) အသစ် ပြန်လည်ရေးဆွဲခြင်း သင့်/မသင့် ကို လွှတ်တော်ကသာ ဆုံဖြတ်ပိုင်ခွင့်ရှိသည်ဟု မွန်ပြည်နယ်စည်ပင်သာယာရေးကော်မတီ ပြည်နယ်ညွှန်ကြားရေးမှူး ဦးမြင့်အောင် ဆက်ပြောသည်။

ဦးမြင့်အောင်က “စည်ပင်ဥပဒေမှာက စည်ပင်ကော်မတီရဲ့သက်တမ်းက ၅ နှစ်ဆိုတော့ လက်ရှိဥပဒေကိုပြင် ဆင်မှသာ လက်ရှိဖွဲ့စည်းထားသည့် စည်ပင်ကော်မတီကို အသစ်ပြန်လည်ဖွဲ့စည်းလို့ရမယ်” ဟု ဆိုသည်။

ပြည်နယ်စည်ပင်သာယာရေးကော်မတီကို ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးအား ဥက္ကဌအဖြစ်လည်းကောင်း၊ ညွှန်ကြားရေးမှူးသည် ပြည်နယ်စည်ပင်သာယာရေးကော်မတီ၏ အတွင်းရေးမှူးအဖြစ် ဖွဲ့စည်းထားပြီး မြို့နယ် စည်ပင်သာယာရေးကော်မတီကို မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ အိမ်ထောင်စု များ၏ဆန္ဒဖြင့် ရွေးချယ်သော ပုဂ္ဂိုလ် (၅) ဦးနှင့် အစိုးရအဖွဲ့မှ တာဝန်ပေးသည့် ပုဂ္ဂိုလ် (၂) ဦးဖြင့် ဖွဲ့စည်းရမည် ဟု ၂၀၁၅ ခုနှစ် မွန်ပြည်နယ်စည်ပင်ဥပဒေတွင်ပြဌာန်းထားသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍနှစ်တွင် မွန်ပြည်နယ် စည်ပင်နယ်နိမိတ်ရှိ စည်ပင်သာယာရေးအဖွဲ့မှ ငွေကျပ်သန်းပေါင်း ၅,၁၃၆,၇၀ဝ ကောက်ခံရရှိထားသည်ဟု ပြည်နယ်စည်ပင်သာယာရေးစာရင်းအရ သိရသည်။

ပြန်လည်သုံးသပ်ရေးကော်မတီကို (၁၅) ဦးဖြင့် ဖွဲ့စည်းထားရာ သထုံမဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ဥက္ကဌ အဖြင့်တာဝန်ယူပြီး အစီရင်ခံစာတွေ့ရှိချက်ကို မွန်ပြည်နယ်လွှတ်တော်ဥက္ကဌအား တင်ပြရမည် ဖြစ်သည်။

၂၀၁၂ ခုနှစ် မွန်ပြည်နယ်လွှတ်တော်ဥပဒေအမှတ် (၆) မွန်ပြည်နယ်စည်ပင်သာယာရေးဥပဒေနှင့် ၂၀၁၃ ခုနှစ် မွန်ပြည်နယ်လွှတ်တော် ဥပဒေသမှတ် (၅) မွန်ပြည်နယ်စည်ပင်သာယာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကို ၂၀၁၅ ခုနှစ် မွန်ပြည်နယ်လွှတ်ဥပဒေအမှတ် ၇ ဖြင့်ရုပ်သိမ်းလိုက်ပြီ ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts