Homeသတင်းမွန်ပြည်နယ်အတွင်း ယာဉ်မတော်တဆမှုပိုလာသလို သေဆုံးသူလည်းများ

မွန်ပြည်နယ်အတွင်း ယာဉ်မတော်တဆမှုပိုလာသလို သေဆုံးသူလည်းများ

-

မွန်ပြည်နယ်၊ ၁၀ မြို့နယ်အတွင်း ယာဉ်မတော်တဆမှုများ၌ ယမန်နှစ် ဇန်နဝါရီလမှ ဇူလိုင်လထိ ၄၀၃ မှုတွင် သေဆုံးသူ ၁၆၀ ဦးရှိခဲ့ပြီး ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လထိ ၄၈၆ မှုတွင် သေဆုံးသူ ၂၀၁ ဦး ရှိသောကြောင့် မတော်တဆမှုပိုလာသလို သေဆုံးသူလည်းများလာသည်ဟု အမှတ် (၁၂) မော်တော်ယာဉ်ထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။

မော်တော်ယာဉ်ထိန်းသိမ်းရေးအဖွဲ့ ဒုရဲမှုး ဌေးရွှေက “ယာဉ်အက်ဆီးဒင့်ဖြစ်ပြီးဆိုရင် ဆိုင်ကယ်ချင်းပဲတိုက် တိုက်၊ ဆိုင်ကယ်နဲ့ကားပဲတိုက်တိုက် ဆိုင်ကယ်သမားပဲသေဆုံးတာတွေ့ရတယ်။ သေဆုံးရတဲ့ အကြောင်း ရင်းက သတ်မှတ်ချက်နဲ့ပြည့်ညီတဲ့ ဆိုင်ကယ်ဦးထုတ်ကို မေးသိုင်းကြိုးတတ်ထားမယ်ဆိုရင် ရုတ်တရက် သေဆုံးစရာ အကြောင်းမရှိဘူး” ဟု ဆိုသည်။

မော်တော်ယာဉ်ထိန်းသိမ်းရေးအဖွဲ့ ဒုရဲမှုး ဌေးရွှေ(GS)
မော်တော်ယာဉ်ထိန်းသိမ်းရေးအဖွဲ့ ဒုရဲမှုး ဌေးရွှေ(GS)
မော်လမြိုင်-မုဒုံ-သံဖြူဇရပ်-ကျိုက်ခမီ လမ်းပိုင်းသည် အခြားလမ်းကြောများထက် ကောင်းမွန်သောကြောင့် ယာဉ်မတော်တဆမှု ပိုမိုဖြစ်ပွားခဲ့သည်ဟု ဒုရဲမှုး ဌေးရွှေက ဆက်ပြောသည်။

စည်းကမ်းပျက်ယာဉ်များကို ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လထိ ဖမ်းဆီးအရေးယူခဲ့ရာတွင် မော်တော်ကား ၃၆၀ စီး၊ မော်တော်ဆိုင်ကယ် ၇၂၆ စီး၊ ဘေးတွဲယာဉ် ၃၁ စီးရှိပြီး လိုင်စင်မဲ့ယာဉ် ၆၈ စီး အရေးယူခဲ့ရသည်ဟု ဆိုသည်။

ယာဉ်မတော်တဆမှု လျော့ကျရေးအတွက် ၂၀၁၆ ခုနှစ်အတွင်း မွန်ပြည်နယ်၌ အသိပညာပေးဟောပြောပွဲများ ၂၅၄ ကြိမ်ပြုလုပ်ခဲ့ရာ ကျောင်းသား/ကျောင်းသူများ၊ ပြည်သူ၊ ဝန်ထမ်း၊ စစ်သည်အပါအဝင် ယာဉ်မောင်းနှင့် ယာဉ် နောက်လိုက် ၁၄၆၉၇ ဦး တက်ရောက်ခဲ့သည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts