Tuesday, March 31, 2026
More
    spot_img
    Homeသတင်းသံလွင်၊ အတ္ထရံနှင့် ဂျိုင်းမြစ်အတွင်းရှိ ငါးဖမ်းပိုက်ချက်များကို တင်ဒါရောင်းချတော့မည်

    သံလွင်၊ အတ္ထရံနှင့် ဂျိုင်းမြစ်အတွင်းရှိ ငါးဖမ်းပိုက်ချက်များကို တင်ဒါရောင်းချတော့မည်

    -

    ၂၀၁၆-၂၀၁၇ ခုနှစ်လုပ်ငန်းရာသီအတွက် သံလွင်မြစ်၊ အတ္ထရံမြစ်နှင့် ဂျိုင်းမြစ်အတွင်းရှိ တင်ဒါငါးဖမ်းပိုက်ချက်များကို ဇူလိုင်လ ၂၅ ရက်နေ့တွင် တင်ဒါစတင်ရောင်းချသွားမည်ဟု မော်လမြိုင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

    “အတ္ထရံမြစ်ရယ် သံလွင်မြစ်ရယ် နောက် ဂျိုင်းမြစ်ရယ် မွန်ပြည်နယ်ဧရိယာအတွင်းက တင်ဒါပိုက်ချက်တွေကို တင်ဒါရောင်းချမယ်၊ ဇူလိုင်လ ၂၅ ရက်နေ့မှာ စတင်ရောင်းချမယ်၊ တင်ဒါကို ၅ ခါရောင်းချသွားမှာဖြစ်တယ်” ဟု မော်လမြိုင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးဌာနမှူး ဦးဝင်းမြင့်က ပြောသည်။

    သံလွင်မြစ်အတွင်းရှိ ရေလုပ်သားမိသားစု (MNA)
    သံလွင်မြစ်အတွင်းရှိ ရေလုပ်သားမိသားစု (MNA)

    ရောင်းချမည့် အထူးတင်ဒါပိုက်ချက်များအနက် မော်လမြိုင်ခရိုင်အတွင်းရှိ မော်လမြိုင်မြို့နယ်တွင် ပိုက်ချက် ၅၀၊ ကျိုက်မရောတွင် ၂၀ ၊ မုဒုံတွင် ၃ ချက်နှင့် ချောင်းဆုံတွင် ပိုက်ချက် ၂၄ ချက်နှင့် သထုံခရိုင် ပေါင်မြို့နယ်တွင် ပိုက်ချက် ၅ ချက် စုစုပေါင်း ၁၀၂ ချက်ရှိသည်ဟု မော်လမြိုင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

    အထူးတင်ဒါပိုက်ချက် တင်ဒါရောင်းချခြင်းကို မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် ဇူလိုင်လ ၂၅ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း တင်ဒါချက်အလိုက် ကြိုတင်ပေးသွင်းရမည့်ငွေများကိုလည်း ဇူလိုင်လ ၂၂ ရက်နေ့ နောက်ဆုံးထားကာ မြန်မာ့စီးပွားရေးဘဏ်(မော်လမြိုင်) သို့ ပေးသွင်းရမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက ကြေညာထားသည်။

    ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၁၆-၂၀၁၇ ခုနှစ် အထူးတင်ဒါပိုက်ချက်များ တင်ဒါရောင်းချခြင်းနှင့် ပတ်သက်သည့် တင်ဒါစည်းမျဉ်းစည်းကမ်းများကိုလည်း တင်ဒါဝယ်သူများ သိရှိနားလည်ရန်အတွက် ဇူလိုင်လ ၁၈ ရက်နေ့က ရှင်းလင်းခဲ့ပြီးဖြစ်သည်ဟု ဦးဝင်းမြင့်က ပြောသည်။

    ပိုက်ချက်တင်ဒါဆွဲမည့် ရေလုပ်သားများအနေဖြင့် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ပိုက်ချက်တည်နေရာများကို မှန်ကန်သည့်အမှတ်အသားဖြင့် စနစ်တကျသတ်မှတ်ပေးစေခြင်ကြောင်း၊ ပိုက်ချက်တည်နေရာကြောင့် ပြဿနာဖြစ်မည်ကို စိုးရိမ်ကြောင်း ရေလုပ်သားတစ်ဦးက ပြောသည်။

    ၂၀၁၅-၂၀၁၆ ခုနှစ်လုပ်ငန်းရာသီမှာတော့ မွန်ပြည်နယ် မော်လမြိုင်ခရိုင်အတွင်းရှိ မော်လမြိုင်၊ ကျိုက်မရော၊ မုဒုံနှင့် ချောင်းဆုံမြို့နယ်တို့မှ စုစုပေါင်း ပိုက်ချက် ၉၈ ချက် တင်ဒါရောင်းချခဲ့ပြီး တင်ဒါရောင်းရငွေ စုစုပေါင်း ကျပ်သိန်းပေါင်း ၆၀ဝ၀ နီးပါးရရှိခဲ့သည်ဟု မော်လမြိုင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနရုံးမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks