spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းရွှေ့ပြောင်းအိမ်ထောင်စုစာရင်းအပေါ် SNLD မှ လွှတ်တော်သို့တင်ပြကန့်ကွက်မည်ဟုဆို

    ရွှေ့ပြောင်းအိမ်ထောင်စုစာရင်းအပေါ် SNLD မှ လွှတ်တော်သို့တင်ပြကန့်ကွက်မည်ဟုဆို

    -

    အစိုးရသစ်၏ ရက် ၁၀ဝ စီမံချက်တွင် ပါဝင်သည့် ရွှေ့ပြောင်းအလုပ်သမားများနှင့် ရွှေ့ပြောင်း အခြေချနေထိုင်သူများကို အိမ်ထောင်စုစာရင်းထုတ်ပေးမည့် အစီအစဉ်ကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ ့ချုပ် SNLD မှ လွှတ်တော်သို့တင်ပြကန့်ကွက်မည်ဟု သတင်းရရှိသည်။

    ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က “ယာယီမှတ်ပုံတင်ဆိုရင် မပြောလိုပါဘူး၊ ဒါပေမဲ့ အခုက သန်းခေါင်စာရင်းပါထုတ်ပေးမယ်ဆို တော့ အဆင်မပြေဘူး၊ ဒီလိုဆို သူက အဲ့ဒီဒေသက လူဖြစ် သွားမယ်၊ ဒါကို ကျနော်တို ့ ပါတီအနေနဲ ့ လွှတ်တော်မှာ တင်ပြပြီး ကန် ့ကွက်သွားဖို ့ရှိတယ်’ ဟု ဆိုသည်။

    SNLD ခေါင်းဆောင်များ(Internet)
    SNLD ခေါင်းဆောင်များ(Internet)
    အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD လွှတ်တော်ကိုယ်စားလှယ်များ ပြန်လည်စတင်မည့်လွှတ်တော် အစည်းအဝေးတွင် တင်ပြကန့်ကွက်သွားမည် ဖြစ်ကြောင်း သိရသည်။

    အလားတူ အစိုးရသစ်၏ ရက် ၁၀ဝ စီမံကိန်းတွင် ပါဝင်သော ရွှေ့ပြောင်းအလုပ်သမားများနှင့် ရွှေ့ပြောင်း အခြေချနေထိုင်သူများအား အိမ်ထောင်စု စာရင်း ထုတ်ပေးမည့် ကိစ္စနှင့် ပတ်သက်ပြီး ရဟန်းသံဃာ တော်များနှင့် မွန်တိုင်းရင်းသားအင်အားစုများကလည်း ပြန်လည်သုံးသပ်ပေးရန် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မွန်ပြည်နယ်ဝန်ကြီးချုပ်ထံ တောင်းဆိုထားကြသည်။

    အဆိုပါ မွန်ပြည်နယ်ဝန်ကြီးချုပ်ထံသို ့ စာရေးသားပေးပို့ရာတွင် ရွှေ့ပြောင်းနိုင်ငံသားများ ရောက်ရှိလာပြီးနောက် ဒေသအတွင်း၊ အေးချမ်းတည်ငြိမ်မှုပျက်ပြားကာ ရာဇဝတ်မှုများ မကြာခဏဖြစ်လာခြင်း ၊ ပိုင်ရှင်ရှိမြေနေရာနှင့် လမ်းနယ်နိမိတ်တို့တွင် ကျူးကျော်နေထိုင်ခြင်းတို့ကြောင့် ဒေသခံများ ထိခိုက်နစ်နာရသည်ဟုလည်း ဖော်ပြထားသည်။

    ထို့အပြင် ရွှေ့ပြောင်းနေထိုင်သူများကို နေရာတစ်ခုတွင် ခြောက်လ(သို့) ရှစ်လ ကြာနေထိုင်ပြီးသည့် အခါယာယီအိမ်ထောင်စုစာရင်းထုတ်ပေးသည့် ကိစ္စသည် စိတ်ဝင်စားစရာဖြစ်သော်လည်း အဆိုပါစီမံချက်နှင့်ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများကို အများပြည်သူအလွယ်တကူသိရှိနိုင်ရန် ထုတ်ပြန်ပေးခြင်းမျိုး မတွေ့ရသည့်အတွက် ပြည်နယ်အတွင်းရှိ တိုင်းရင်းသား ညီနောင်များက အထူးစိုးရိမ်နေကြကြောင်း ဖော်ပြထားသည်။

    အဆိုပါ ရွှေ့ပြောင်းများအနေဖြင့် အိမ်ထောင်စုဇယားရရှိပါက ပြည်နယ်ဒေသများတွင်ပင်မဲပေးခွင့်ရရှိမည်ဖြစ်ရာ အချို့မှာ ရွေးကောက်ပွဲအတွက် ပြင်ဆင်ခြင်းလောဟု SNLD အထွေထွေအတွင်းရေးမှူးက မေးခွန်းထုတ်လိုက်သည်။

    လက်ရှိတွင် သျှမ်းပြည်နယ်မြို့တော်တောင်ကြီး၊ လားရှိုး၊ မူစယ်၊ တာချီလိတ်မြို့ တို့တွင်လည်း ဇာတိလူမျိုးများထက် အောက်ပြည်နှင့် အခြားဒေသက လာရောက်နေထိုင်သည့် ဧည့်လူမျိုးများအရေအတွက် ပိုမိုများလျက်ရှိနေသည်ကို တွေ့ရှိနေရသည်။

    ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် သျှမ်းပြည်နယ်၌ ပြည်ခိုင်ဖြိုးပါတီ USDP က မဲအများဆုံးဖြင့်အနိုင်ရရှိပြီး သျှမ်းတိုင်းရင်း သားများဒီမိုကရေစီအဖွဲ့ချုပ် SNLD က ဒုတိယ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က တတိယ မဲအများ ဆုံး ရရှိခဲ့သည်

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks