spot_img
Saturday, March 7, 2026
More
    spot_img
    Homeသတင်း၂၁ ရာစုပင်လုံရည်ရွယ်ချက်ကို မွန်ပြည်နယ်ဝန်ကြီးချုပ်အား နိုင်ဟံသာမေးမြန်းခဲ့ဟုဆို

    ၂၁ ရာစုပင်လုံရည်ရွယ်ချက်ကို မွန်ပြည်နယ်ဝန်ကြီးချုပ်အား နိုင်ဟံသာမေးမြန်းခဲ့ဟုဆို

    -

    မွန်ပြည်နယ်အစိုးရသစ်နှင့် မွန်ပြည်သစ်ပါတီတို့၏ နှစ်ဖက်ခေါင်းဆောင်များ မေလ ၁၉ ရက်နေ့ ပထမဆုံးအကြိမ်တွေ့ဆုံမှုတွင် ၂၁ ရာစုပင်လုံညီလာခံ၏ ရည်ရွယ်ချက်ကို ဝန်ကြီးချုပ် ဦးမင်းမင်းဦးအား မေးမြန်းခဲ့ကြောင်း မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာက ပြောသည်။

    ဓါတ်ပုံ - မွန်ပြည်သစ်ပါတီနှင့် မွန်ပြည်နယ်အစိုးရ တွေ့ဆုံပွဲ (War War Zin Oo Facebook)
    ဓါတ်ပုံ – မွန်ပြည်သစ်ပါတီနှင့် မွန်ပြည်နယ်အစိုးရ တွေ့ဆုံပွဲ (War War Zin Oo Facebook)

    နိုင်ဟံသာက “တစ်ကြိမ်တစ်ခါမှ မတွေ့ဖူးတဲ့ မွန်ပြည်နယ်အစိုးရသစ်နဲ့ ကျွန်တော်တို့ကြား အချင်းချင်းမိတ်ဆက်ကြတဲ့ သဘောပါပဲ၊ နောက်တစ်ခုက လက်ရှိ NLD က ချမှတ်ထားတဲ့ ၂၁ ရာ စုပင်လုံညီလာခံနဲ့ ပတ်သက်ပြီး မေးမြန်ခဲ့တယ်၊ ဘယ်လိုလုပ်မှာလဲ၊ ဘာရည်ရွယ်ချက်နဲ့လဲပေါ့၊ ဒီအပေါ်မှာ ဝန်ကြီးချုပ်က သူအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ရသေးလို့ ဘာမှလည်း အဖြေမပေးနိုင်ဘူးလို့ပဲ ပြန်ပြောခဲ့တယ်” ဟု ဆိုသည်။

    ၂၁ ရာစုပင်လုံညီလာခံကို ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်မည်ဆိုပါက သဘောထားထပ်တူ ဖြစ်ကြောင်း၊ တိုင်းရင်းသားအရေးကိစ္စရပ်များတွင် တန်းတူညီမျှရေး၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်းတီးခွင့်ရှိရေးသည် အဓိကဖြစ်ကြောင်းနှင့် တိုင်းရင်းသားတို့၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုကဏ္ဍ မြှင့်တင်ပေးနိုင်ရေး အရေးကြီးကြောင်း မွန်ပြည်သစ်ပါတီဘက်မှ ဆွေးနွေးခဲ့ဟု သူက ဆက်ပြောသည်။

    ယင်းတွေ့ဆုံပွဲကို မော်လမြိုင်မြို့ရှိ ပြည်နယ်အစိုးရရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ ဝန်ကြီးချုပ်ဦးမင်းမင်းဦး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦး၊ သယံဇာတနှင့် သဘာဝပတ်ဝန်ကျင်းထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်း၊ ကရင်၊ ဗမာ၊ ပအိုဝ် တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဇော်လင်းထွန်းတို့ တက်ရောက်ခဲ့ပြီး မွန်ပြည်သစ်ပါတီဘက်တွင်လည်း ဒုဥက္ကဌ နိုင်ဟံသာ၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်လယီကောင်း အပါအဝင် စုစုပေါင်းကိုယ်စားလှယ် ၇ ဦးခန့် ပါဝင်တက်ရောက်ခဲ့သည်။

    မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးက “အဓိကကတော့ တစ်ယောက်နှင့်တစ်ယောက် မိတ်ဆက်စကားပြော ရင်းနဲ့ ကျန်တဲ့အပိုင်းကတော့ သူတို့သွားလာလှုပ်ရှားတဲ့အခါ လွယ်လင့်တကူသွားလာဖို့ပါပဲ၊ တစ်ချို့ကိစ္စက ကိုယ်တို့နဲ့သိပ်မဆိုင်ဘူးလေ၊ ပြည်ထောင်စုနဲ့ပဲ ဆွေးနွေးရမဲ့ကိစ္စတွေပေါ့နော်၊ ကိုယ်ကပြည်နယ်ဝန်ကြီးချုပ်ဆို ပေမယ့် ပြည်နယ်နှင့်တာဝန် အကန့်လေးတစ်ခုပဲရှိတာပါ” ဟု ပြောသည်။

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစုပင်လုံညီလာခံကို တစ်လ၊ နှစ်လအတွင်း ကျင်းပသွားမည်ဟု ထုတ်ဖော်ပြောဆိုပြီး NCA လက်မှတ်မရေးထိုးရသေးသည့် အဖွဲ့အစည်းများ ပါဝင်လာနိုင်ရေး ကြိုးပမ်းသွားမည်ဟု ဆိုထားသည်။

    မွန်ပြည်သစ်ပါတီသည် ယခင်အစိုးရဟောင်းလက်ထက်နှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးခဲ့ပြီးသော်လည်း တစ်နိုင်ငံလုံပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်မရေးထိုးရသေးသော မြန်မာပြည်တောင်ပိုင်းရှိ တစ်ခုတည်းသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks