spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းNCA လက်မှတ်ထိုးအဖွဲ့များ နိုင်ငံရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပနေ

    NCA လက်မှတ်ထိုးအဖွဲ့များ နိုင်ငံရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပနေ

    -

    NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့မှ ခေါင်းဆောင်များသည် ၂၀၁၆ ခုနှစ်၊ မေ ၁၈ ရက်မှ ၂၂ ရက်နေ့အထိ ၅ ရက်ကြာ နိုင်ငံရေးအလုပ်ရုံ ဆွေးနွေးပွဲ တစ်ရပ်ကို ရန်ကုန်မြို့၊ အင်းယားလိတ်ဟိုတယ်တွင် ကျင်းပနေသည်ဟု သိရသည်။

    NCA လက်မှတ်ထိုးအဖွဲ့များ နိုင်ငံရေးအလုပ်ရုံဆွေးနွေးပွဲ(MNA)
    NCA လက်မှတ်ထိုးအဖွဲ့များ နိုင်ငံရေးအလုပ်ရုံဆွေးနွေးပွဲ(MNA)

    ပြည်ထောင်စုပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့် ကြည့်ရေးကော်မတီ(JMC-U) မှ အတွင်းရေးမှူး ဒေါက်တာဆလိုင်းလျန်မှုန်း “ကျွန်တော်တို့ ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ အတွေ့အကြုံအရ ပြောရမယ်ဆိုရင် အဲဒီတုန်းက အစုအဖွဲ့ အသီးသီးကနေ ကဏ္ဍကြီး ငါးခုမှာ တင်ပြမှုတွေလုပ်တယ်။ အဲဒီ တင်ပြမှုတွေကို ကျွန်တော်တို့ ပြန်သုံးသပ်မယ် ဆိုရင် တပ်မတော် အစုအဖွဲ့ သေသေချာချာ ပြင်ဆင်ပြီးတော့ စနစ်တကျနဲ့ တင်ပြတာကို ကျွန်တော်တို့ တွေ့ရ တယ်။ ကျွန်တော်တို့ကလည်း ပြင်ဆင်မှု တော်တော်လေး အားနည်းခဲ့ကြတယ်” ဟု ဆိုသည်။

    အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသို့ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့မှ တစ်ဖွဲ့ လှျင် ခေါင်းဆောင် ၅ ဦးစီ၊ စုစုပေါင်း ကိုယ်စားလှယ် ၄၀ ဦး နှင့် အခြားသော လူမှုရေးအသင်း၊ အဖွဲ့များမှ ကိုယ်စားလှယ်များ ပူးပေါင်း၍ ကျင်းပလှျက်ရှိကြောင်း သိရသည်။

    “ကျွန်တော်တို့ အခု နိုင်ငံရေးကဏ္ဍ အလုပ်ရုံဆွေးနွေးပွဲမှာ ကဏ္ဍကြီး ငါးခုကို ဆွေးနွေးကြမယ်။ နိုင်ငံရေး၊ လူမှုရေး၊ လုံခြုံရေး၊ သံယဇာတ နှင့် သဘာဝပတ်ဝန်းကျင်၊ ပညာရေး စတဲ့ ကဏ္ဍကြီးတွေကို ဆွေးနွေးကြမယ်။ အရင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံက အတွေ့အကြုံကို အခြေခံပြီးတော့ ဆွေးနွေးသွားကြမှာပါ”ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)ဥက္ကဌ ဦးခွန်မြင့်ထွန်း ကပြောသည်။

    ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ပြီးခဲ့သည့် နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်နေ့တွင် ကျင်းပခဲ့ပြီး အထက်ပါ ကဏ္ဍကြီး ငါးခု ကို အစုအဖွဲ့ အသီးသီး ခွဲခြား၍ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

    ဒေါက်တာဆလိုင်းလျန်မှုန်းက “ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းက ဆိုလို့ရှိရင်လည်းဘဲ နိုင်ငံရေးကဏ္ဍမှာ ဖယ်ဒရယ် စနစ်ကို အခြေခံတဲ့ အခြေခံမူ ၈ ချက်ကို ကျွန်တော်တို့ တင်ပြနိုင်ခဲ့တယ်။ အဲဒါက ကျွန်တော်တို့ ၂၀၀၅ မှာ သဘောထူထားပြီးသားရှိလို့ပါ၊ ကျန်တဲ့ ကဏ္ဍမှာ ကျွန်တော်တို့ စာနဲ့ပေနဲ့ စနစ်တကျ တင်ပြနိုင်ခဲ့တာမရှိဘူး။ ထိုကြောင့် ကျွန်တော်တို့က နှစ်ပေါင်း ၆၀ ကျော်ပြီး ဖြစ်တဲ့ ပြည်တွင်း စစ်ကို ချုပ်ငြိမ်းရေးနဲ့ငြိမ်းချမ်းတဲ့ ပြည်ထောင်စု ကြီး ထူထောင်ဖို့အတွက် တိုင်းရင်းသားတွေ တောင်းဆိုခဲ့တဲ့ ဖယ်ဒရယ် ပြည်ထောင်စု ထူထောင် နိုင်ဖို့အတွက် ကျွန်တော်တို့ ပြင်ဆင်ဖို့လိုတယ်ဆိုတဲ့ အတွက်ကြောင့် ဒါကိုလုပ်တာဖြစ်ပါတယ်”ဟု ပြောသည်။

    အဆိုပါ ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံညီလာခံမှ ထွက်ဖော်လာသော အခြေခံ မူဝါဒများကို နောက်အစိုးရ (ယခု)အစိုးရသို့ လွှဲပြောင်းပေး၍ အစိုးရသစ်မှ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားရန် အားလုံးက သဘောတူညီခဲ့ကြသည်ဟု သိရသည်။

    လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရသစ်အနေဖြင့် ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပပေးရန် တာဝန်ရှိနေသည်ဟုဆိုသော်လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တစ်လ၊ နှစ်လ အတွင်း ၂၁ ရာစု ပင်လုံညီလာခံကို ကျင်းပသွားမည်ဟု ဧပြီ ၂ရ ရက်က ပြောကြားထားပြီး ဖြစ်သည်။

    သို့သော် ၂၁ ရာစု ပင်လုံ ညီလာခံဆိုသည်မှာ “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအစား ကျင်းပသွားမည့်ညီလာခံလော (သို့မဟုတ်) သီးသန့် ကျင်းပသွားမည့် ညီလာခံလော” မသဲကွဲသေးဟု NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ဆိုသည်။

    ပြီးခဲ့သည့် သမ္မတ ဦးသိန်းစိန် အစိုးရနှင့် တစ်နိုင်ငံလုံးဆိုင်ရာပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားသော အဖွဲ့ ၈ ဖွဲ့မှာ ကရင်အမျိုးသားအစည်းအရုံး KNU၊ ချင်းအမျိုးသားတပ်ဦး CNF၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA၊ KNU/KNLA-PC၊ ရှမ်း ပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF တို့ ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts