Homeသတင်းပျားတောင်ဒေသတွင် ဘိလပ်မြေစက်ရုံသစ်တစ်ခု ထပ်မံအကောင်အထည်ဖော်နေ

ပျားတောင်ဒေသတွင် ဘိလပ်မြေစက်ရုံသစ်တစ်ခု ထပ်မံအကောင်အထည်ဖော်နေ

-

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မယ်ကရို-ကော့ဒွန်းကျေးအနီရှိ ပျားတောင်ဒေသတွင် ဘိလပ်မြေ တစ်နေ့ တန်ချိန် ၅၀ဝ၀ ထုတ်လုပ်နိုင်ရန် June Cement Industry Ltd. ကုမ္မဏီက မြန်မာရင် နှီးမြှပ်နှံ ရေး ကော်မရှင်မှ ခွင့်ပြုချက်ရရှိထားပြီ ယခုလပိုင်းတွင် လုပ်ငန်းစတင်ဖော်ဆောင်နေပြီဟု ကုမ္ပဏီအလုပ်သမား များမှ သိရသည်။

ပျားတောင်ဒေသတွင် ဘိလပ်မြေစက်ရုံသစ်တည်ဆောက်ရန် ပြင်ဆင်နေပုံ(MNA)
ပျားတောင်ဒေသတွင် ဘိလပ်မြေစက်ရုံသစ်တည်ဆောက်ရန် ပြင်ဆင်နေပုံ(MNA)

ကုမ္မဏီဆောက်လုပ်ရေး အလုပ်သမားတစ်ဦး က “အခုသဲတွေကိုစုနေတယ်၊ အဆောက် အဦးကတော့ သည်မှာရှိတဲ့ယာဉ်တွေထားဖို့နဲ့ အလုပ်သမားတွေ နေထိုင်ဖို့အတွက် တည်ဆောက်နေပါတယ်။ ကျနော်က အောက်ခြေအလုပ်သမားဖြစ်နေတော့ ဘယ်တော့ စက်ရုံလည်ပတ်နိုင် မယ်ကိုတော့ မသိပါဘူး” ဟု ဆိုသည်။

June Cement Industry Ltd.. ကုမ္မဏီမှ ဘိလပ်မြေစက်ရုံတည်ဆောက်နိုင်ရန် ဒေသခံများနှင့် ညှိနှိုင်းဆောင် ရွက်ခြင်း မရှိသလို စက်ရုံ၏ ဆိုကျိုး/ကောင်းကျိုးများကိုလည်း ရှင်းလင်းခဲ့ခြင်းမရှိဟု ဒေသခံများကဆိုသည်။

မယ်ဂရိုရွာသား နိုင်ထွန်းကြည် က “စက်ရုံတည်ဆောက်မယ့်အကြောင်းကိုတော့ ဒေသခံတွေကို ရှင်းပြတာမျိုး မရှိသေးဘူး။ ကျနော်တို့က ဘိလပ်မြေစက်ရုံ ကျောက်မီးသွေးနဲ့သုံးမယ်လို့ကြားရပါတယ်။ ဒါ့ကြောင့် ဒီစက်ရုံက ထွက်လာတဲ့ ရေဆိုးတွေဟာ ဒီအတ္ထရံချောင်းထဲကို စီးဝင်သွားရင် ချောင်းထဲမှာရှိနေတဲ့ ငါးတွေက အန္တရာယ် ရှိနိုင်တယ်။ ပတ်ဝန်းကျင်မှာရှိနေတဲ့ လူတွေလဲ အန္တရာယ်ရှိနိုင်တယ်” ဟု ဆိုသည်။

အဆိုပါ June Cement Industry Ltd.. ကုမ္မဏီသည် ဘိလပ်မြေစက်ရုံတည်ဆောက်ရန်အတွက် ၂၀၁၀ ခုနှစ် မတိုင်မီက ကျိုက်မရောမြို့နယ်ရှိ မယ်ဂရိုကျေးရွာနှင့် ကော့ဒွန်း/ ကော့ပနော့ ကျေးရွာကြားရှိ လယ်မြေဧက ၇၀ဝ ခန့်ကို ကြိုတင်ဝယ်ယူထားသည်ဟု ဒေသခံများက ဆိုသည်။

ပျားတောင်ဒေသ ဖွံဖြို့ရေးအသင်းမှ နိုင်ရွှေဝင်း က “ကုမ္မဏီက ဘယ်ကစွမ်းအင်နဲ့ စက်ရုံလည်ပတ်မယ် ကိုတော့ ဒေသခံတွေကို ချပြတာမျိုးမရှိသေးဘူး။ ကျနော်တို့က ကျောက်မီးသွေးနဲ့ဆိုရင်တော့ လုံးဝ ကန့်ကွက် တယ်” ဟု ဆိုသည်။

ဘိလပ်မြေစက်ရုံတည်ဆောက်မည်ဆိုပါက ဒေသခံများအတွက် လူမှုရေး၊ ကျန်းမားရေး၊ စိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်စေနိုင်ကြောင်း၊ ကျောက်မိုင်းဖောက်ခွဲရသဖြင့် ပျားတောင်နှင် မယ်ကရိုတောင်ရှိ ရှေ့ဟောင်းဘုရားစေတီ များအပါအဝင် ဘုန်းတော် ကြီးကျောင်း၊ စာသင်ကျောင်းများနှင့် ဒေသခံတို့၏ အိုးအိမ်များ တုန်လှုပ်ပျက်စီးနိုင်ကြောင်း နိုင်ရွှေဝင်း ဆက်ပြောသည်။

အဆိုပါ June Cement Industry Ltd.. ကုမ္မဏီကို မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံ့ကော်မရှင်က ၂၀၁၆ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့တွင် အစည်းအဝေးအမှတ်စဉ် ၁၁/၂၀၁၆ ဖြစ် ခွင့်ပြုမိန့် ရရှိခဲ့သည်။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ဘိလပ်မြေတစ်ရက်တန်ချိန် ၅၀ဝ၀ ကျထုတ်လုပ်မည့် MCL မော်လမြိုင်ဘိလပ်မြေစက်ရုံ လာမည့်နှစ်လည်ပိုင်တွင် စတင်လည်ပတ်ရန်စီစဉ်ထားပြီး June Cement Industry Ltd.. ကုမ္မဏီအနေဖြင့် ယခုလတွင် စက်ရုံစတင်တည်ဆောက်မည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts