Homeသတင်းသဘာဝဘေးအန္တရာယ်ပူးပေါင်းကာကွယ်ရေး မော်လမြိုင်မြို့ပေါ်ရှိ အရပ်ဘက်လူမှုအဖွဲ့စည်းများ ပူးပေါင်းဖွဲ့စည်း

သဘာဝဘေးအန္တရာယ်ပူးပေါင်းကာကွယ်ရေး မော်လမြိုင်မြို့ပေါ်ရှိ အရပ်ဘက်လူမှုအဖွဲ့စည်းများ ပူးပေါင်းဖွဲ့စည်း

-

သဘာဝဘေးအန္တရာယ်များ ပူးပေါင်းကာကွယ်နိုင်ရန် မော်လမြိုင်မြို့ပေါ်ရှိ အရပ်ဘက်လူမှုအဖွဲ့စည်း များက မတ်လ (၂၉)ရက်၊ မွန်ပြည်နယ်အရပ်ဘက်လူမှုအဖွဲ့စည်းများကွန်ရက်ရုံးတွင် ပူးပေါင်း ဖွဲ့စည်းလိုက်ပြီဟု တာဝန်ရှိသူမှ သိရသည်။

မော်လမြိုင်မြို့အရပ်ဘက်လူမှုအဖွဲ့အစည်း ဥက္ကဋ္ဌ ဦးဗိုလ်ဝင်းက “ရှေ့ဆက်သဘာဝဘေးအန္တရာယ်တွေနဲ့ ပတ်သက်ပြီးတော့ မော်လမြိုင်အရပ်ဘက်လူမှုအဖွဲ့စည်းတွေ ပူးပေါင်းဆောင်ရွက်ပြီး၊ အခုလက်ရှိအခြေနေကတော့ အယ်နီညိုရာသီဥတုကြောင့် ရေရှားနေတဲ့အရပ်ဒေသအတွက်ကို ကျွန်တော်တို့ပူးပေါင်းဆောင်ရွက်နိုင်အောင် စီစဉ်တာပေါ့ နောက်ပိုုင်း အခြားလုပ်ငန်းတွေကိုလည်း ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားဖို့ ကျွန်တော်တို့ ဒီအဖွဲ့ကို ဖွဲ့စည်းတာပါ” ဟု ပြောသည်။

မော်လမြိုင်မြို့အရပ်ဘက်လူမှုအဖွဲ့စည်းသည် မြင့်မြတ်စေတနာအဖွဲ့ နှင့်ပူးပေါင်းပြီး မော်လမြိုင်မြို့ပေါ် ရေရှားပါးသည့်နေရာများမှာ လှူဒါန်းမည့်အစီစဉ်ကို ဆက်လက်လုပ်ဆောင်သွားရန်နှင့် အခြားရေရှားပါးသည့်ဒေသများ၏ သတင်းအချက်အလက်များရရှိရန် လုပ်ဆောင်နေပါသည်ဟု သူကဆက်ပြောသည်။

မော်လမြိုင် အရပ်ဘက်လူမှုအဖွဲ့စည်းများကွန်ရက်(MNA)
မော်လမြိုင် အရပ်ဘက်လူမှုအဖွဲ့စည်းများကွန်ရက်(MNA)
မွန်ပြည်နယ် လူမှုကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဋ္ဌာန ဦးစီးမှူး ဒေါ်ခင်သန္တာရွှေက“ကျွန်မတို့က လက်တလောလောက်ပဲ့ ထောက်ပံ့နိုင်တယ် ရေရှည်စာသုံးဖို့က မထောက်ပံ့နိုင်ခဲ့ဘူး ဥပမာ ကျွန်မတို့က လူတစ်ဦးကို ဆန် (၃)ရက်စာပဲ့ ထောက်ပံ့နိုင်တာ၊ ဒီလူမှုအဖွဲ့စည်းတွေက ဒီထက်မကထောက်ပံ့နိုင်တာ ကျွန်မတို့က နိုင်ငံတော်ဘက်ဂျက်ရဲ့အတိုင်းအတာလောက်ပဲ ထောက်ပံ့နိုင်တာ တစ်နိုင်ငံလုံးအတိုင်းအတာအထိ ဖြစ်နေတာ ဆိုတော့လေ”ဟု ပြောသည်။

သဘာဝဘေးဖြစ်သည့်အခါ ပြည်သူများ လက်တလောအဆင်ပြေရန်အတွက် ငွေကြေး ပစ္စည်းများကို ထောက်ပံ့ပေးသည့်အပြင် ဘေးအန္တရာယ်ကာကွယ်ရန် သင်တန်းများကိုလည်း ပို့ချခဲ့သည်ဟု သူကဆက်ပြောသည်။

မော်လမြိုင်မြို့အရပ်ဘက်လူမှုအဖွဲ့စည်းတွင် သစ္စာမဏ္ဍိုင်ကူညီမှုအသင်း၊ မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ ၊ နာရေးကူညီမှုအသင်းများ၊ လူမှုရေးကူညီမှုအသင်း၊ ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့နှင့် အခြား NGO အဖွဲ့များ ပါဝင်သည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts