Homeသတင်းMCL မော်လမြိုင်ဘိလပ်မြေစက်ရုံ အိပ်သွပ်စက်စမ်းသပ်လည်ပတ်ပြီ

MCL မော်လမြိုင်ဘိလပ်မြေစက်ရုံ အိပ်သွပ်စက်စမ်းသပ်လည်ပတ်ပြီ

-

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကော့ဒွန်း၊ ကော့ပနော့ဒေသရှိ MCL မော်လမြိုင်ဘိလပ်မြေ အိပ်သွပ်စက် စမ်းသပ်လည်ပတ်ခြင်း အခန်းအနားကို မတ်လ (၂၆) ရက်နေ့တွင် စတင်ကျင်းပခဲ့သည်။

၎င်းအခန်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအုန်းမြင့်နှင့် ဝန်ကြီးအဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ကျိုက်မရောမြို့နယ်မဲဆန္ဒနယ် (၂) မင်းအောင်မွန်၊ အစိုးရဌာနမှ တာဝန်ရှိသူများနှင့် ဖိတ်ကြား ထားသော ဒေသခံတချို့တက်ရောက်ခဲ့ကြသည်။

အိပ်သွပ်စက် စတင်စမ်းသပ် အခန်းအနားဖွင့်ပွဲကို ပြည်နယ်ဝန်ကြီးချုပ်ဦးအုန်းမြင့်က “ကျွန်တော်ဆောင်ရွက် ခဲ့တာတွေ ပြီးပြီ။ ကျန်တဲ့အပိုင်းတော့ ခင်ဗျားတို့ဘာသာ ဆက်လက်ဆောင်ရွက်သွားကြပါ” ဟု MCL ကုမ္ပဏီတာဝန်ရှိသူများအား စက်ခလုတ်ဖွင့်အပြီးတွင် မှာကြားခဲ့သည်။

မော်လမြိုင်ဘိလပ်မြေစက်ရုံကို (၂၀၁၆) နှစ်လည်ပိုင်းတွင် စတင်လည်ပတ်မည်ဟု MCL က ထုတ်ပြန်ထားသည်။

MCL ဘိပ်လပ်မြေအိပ်ကို မွန်ပြည်နယ်ဝန်ကြီးချုပ်လာရောက်ကြည့်ရှုစဉ်(MNA)
MCL ဘိပ်လပ်မြေအိပ်ကို မွန်ပြည်နယ်ဝန်ကြီးချုပ်လာရောက်ကြည့်ရှုစဉ်(MNA)

ကော့ဒွန်းဒေသခံ မင်းသန်းဦးက “ဝန်ကြီးချုပ်ဦးအုန်းမြင့် ဦးဆောင်တဲ့ မွန်ပြည်နယ် အစိုးရသက်တမ်း မကုန်ခင် ရက်ပိုင်းအလိုမှာ ဖွင့်ပြလိုက်တဲ့ သဘောပါပဲ။ ဒါရှင်းရှင်းပြောရရင် မရိုးသားဘူ့းပေါ့။ ကျွန်တော်တို့ဒေသခံတွေကလဲ အမျိုးသားဒီမိုရေစီအဖွဲ့ချုပ် အစိုးရသစ်မှာ ဒီစက်ရုံကိစ္စကို ဆန့်ကျင်ကန့်ကွက်ဖို့ လုပ်ငန်းစဉ်တွေ ချထားပါတယ်” ဟု ဆိုသည်။

၄င်းစက်ရုံအတွက် လိုအပ်လျှပ်စစ်ပမာဏ (၄၀) မဂ္ဂါဝပ်ကို ကျောက်မီးသွေးအသုံးပြုလည်ပတ်မည်ဖြစ်သည့်အတွက် သဘာဝဝန်းကျင်ဆိုးကျိုးများခံစားရမည်ကို ဒေသများစိုးရိမ်သဖြင့် ကန့်ကွက်လှုပ်ရှားမှုများ ပြုလုပ်နေကြသည်။

အဆိုပါ MCL ဘိလပ်မြေစက်ရုံကို ထိုင်းနိုင်ငံ Siam Cenment Group-SCG က အမေရိကန်ဒေါ်လာ သန်း 272.56 ရင်းနှီးမြှုပ်နှံထားပြီး တနေ့လျှင် ဘိလပ်မြေတန်ချိန် ၅၀ဝ၀ ထုတ်လုပ်သွားမည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts