spot_img
Tuesday, June 18, 2024
More
    spot_img
    Homeဆောင်းပါးရပ်/ကျေး အုပ်ချုပ်ရေးမှူး ဥပဒေ အားနည်းနေဆဲ

    ရပ်/ကျေး အုပ်ချုပ်ရေးမှူး ဥပဒေ အားနည်းနေဆဲ

    -

    အစိုးရ၏အုပ်ချုပ်ရေးယန္တရားတစ်ခုဖြစ်ပြီး အောက်ခြေလူထုတို့၏ အနီးကပ်ဆုံးအုပ်ချုပ်ရေးအဖွဲ့အစည်းသည် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ ဖြစ်သည်။ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ ဥပဒေကို အသစ်ပြန် လည်ပြဌာန်းထားသော်လည်း အားနည်းနေဆဲဖြစ်ကြောင်း ၎င်းအရေးနှင့်ပတ်သက်ပြီး ဦးဆောင်လှုပ်ရှားနေတဲ့ လူမှုအဖွဲ့အစည်းက တာဝန်ရှိတဲ့သူတွေ သုံးသပ်ပြောဆိုနေကြပါသည်။

    ဒီမိုကရေစီစနစ်၏ အနှစ်သာရတစ်ခုဖြင့်သော လှျုိဝှက်မဲစနစ်ဖြင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးကို ရွေးချယ်တင် မြှောက်နိုင်ရန် ဥပဒေပြဌာန်းထားသော်လည်း ယင်းဥပဒေသည် ဒီမိုကရေစီစံချိန်စံညွန်းနှင့် ကိုက်ညီခြင်း မရှိဟု ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးဥပဒေကို ကျေးရွာလူထုအတွင်း ပညာပေးရေးလုပ်ငန်းဆောင်ရွက်နေသည့် Rainmaker အဖွဲ့က ဆိုပါသည်။

    Rain Maker အဖွဲ့၏ Rain Maker အဖွဲ့မှ အကြံပေးနှင့် (Myanmar Election Observation Network – MEON) ဥက္ကဋ္ဌ ဦးသန့်ဇင်အောင်(Forward Institute အဖွဲ့) က “လင်ရယ်၊ မယားရယ်ဆိုတောင်မှ အကြိုက်ခြင်း မတူကြဘူး။ မိဘနဲ့သားသမီးကလည်း အကြိုက်တွေ မတူနိုင် ပါဘူး။ ဒီမိုကရေစီစံနှုန်းဆိုတာဟာ (၁၈) နှစ်ပြည့်ရင် မဲထည့်လို့ရမဲ့ အခွင့်အရေး ရှိရမယ်” ဟု ဆိုပါသည်။

    ရပ်ကျေးဥပဒေထုတ်ပြန်ချက်(Copy)
    ရပ်ကျေးဥပဒေထုတ်ပြန်ချက်(Copy)

    ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ခြင်း၏ အောက်ခြေအဆင့်ဖြစ်သော ဆယ်ဦးမှူးရွေးချယ်ရာတွင် အိမ် ထောင်ဦးစီး (သို့မဟုတ်) (၁၈) နှစ်ပြည့်ပြီးသော အိမ်ထောင်စုကိုယ်စားလှယ်တစ်ဦးကသာ ဝင်အရွေးခံခြင်း မဲ ပေးခြင်း ပြုလုပ်နိုင်သည်။ ကျန်ရှိသောမိသားစုဝင်များ ဆန္ဒပြုခွင့် မဲပေးပိုင်ခွင့် မရှိပါ။ အုပ်ချုပ်ရေးမှူး ရွေးချယ်ရာ တွင်လည်း (၁၀) အိမ်စုမှူးကသာ မဲပေးရွေးချယ်ခွင့်ရှိပြီး ပြည်သူလူထုက တိုက်ရိုက်မတင်မြှောက်နိုင်ပါ။

    ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့မှ မင်းဝင်းဗိုလ်က “တစ်အိမ်ထဲမှာ မိသားစုဝင် (၁၀) ယောက်ရှိတယ်။ (၁၈) နှစ်အထက်က (၈) ယောက်ဆိုပါတော့ အဲဒီ (၈) ယောက်ကနေ မဲတစ်မဲပဲ ထည့်လို့ရမယ်။ လူတိုင်းမဲပေးပိုင်ခွင့် မရဘူး” ဟု ပြောသည်။

    ရပ်ကွက်၊ ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးများက လူမှုရေးလုပ်ငန်းများ ကူညီဆောင်ရွက်ရန်နှင့် ဒေသအတွင်း ဆော်သြနိုင်ရန်အတွက် ဆယ်အိမ်မှူးများထဲတွင် ရာအိမ်မှူးဟု သတ်မှတ်ကာ အုပ်ချုပ်ရေးလုပ်ငန်းများကိုထမ်း ဆောင်ရွက်လှျက်ရှိနေသည်။

    “အုပ်ချုပ်ရေးမှူးကို ကူညီဖို့ ရာအိမ်မှူးဆိုတာ ရှိတယ်။ အဲဒီရာအိမ်မှူးဆိုတာက ဥပဒေအထဲမှာ မရှိဘူး။ ဥပဒေအ ထဲမှာ ပါတာက ဆယ်အိမ်မှူးပဲ။ ရာအိမ်မှူး မပါဘူး။ ဥပဒေမှာ မပါတဲ့သူတွေနဲ့ အလုပ်လုပ်နေရတယ်” ဟု ဦးသန့်ဇင်အောင်က ဝေဖန်ထောက်ပြသည်။

    အုပ်ချုပ်ရေးမှူးကို တာဝန်မှရပ်ဆဲခြင်း ရုတ်သိမ်ခြင်းကို ဥပဒေတွင်ပြဌာန်းပါရှိသော်လည်း ဆယ်အိမ်စုမှူးကို ပြောင်းလဲတာဝန်ပေးခြင်း၊ လိုအပ်ပါက ထပ်မံရွေးချယ်ရန် ဥပဒေပြဌာန်းချက် မရှိသေးပါ။

    “ဆယ်အိမ်မှူးတစ်ယောက်က အလုပ်မလုပ်ဘူး၊ အကျိုးမပြုတော့ဘူး ဆိုရင် ကျွန်မတို့ပြောင်းလဲ အစားထိုးပိုင် ခွင့် မရှိဘူး။ ငါးနှစ်အထိ စောင့်နေရတာတော့ မဖြစ်သင့်ဘူး”ဟု ရပ်ကွက်နေအမျိုးသမီးတစ်ဦးက ဆိုပါတယ်။

    အုပ်ချုပ်ရေးယန္တရား၏ အခြေခံကျဆုံးမဏ္ဍိုင်ဖြစ်သော ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို အောက်ခြေ လူတန်းစား ပြည်သူလူထုကို ကိုယ်စားပြုလျက်ရှိပြီး အုပ်ချုပ်ရေးမှူးရွေးချယ်ရန်အရွက် လက်ရှိပြဋ္ဌာန်းထားသော ဥပဒေများသည် လိုအပ်ချက်များရှိနေသကဲ့သို့ ပိုနေသောအချက်များလည်း ရှိနေပါသည်။

    ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးဥပဒေနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးက ချမှတ်ပေးထားသော လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင်၊ အချိန်ကန့်သတ်ထားခြင်းနှင့် စည်းမျဉ်းစည်းကမ်းများကို အကောင်အထည်ဖော်ရာတွင် အချို့အပိုင်း၌ အားနည်းမှုရှိခဲ့ကြောင်း ရပ်မိရပ်ဖ (၅) ဦး ကော်မတီအဖွဲ့ဝင် တစ်ဦးက ဝန်ခံပြောကြားခဲ့သည်။

    ရပ်ရွာကလေးစားကြည်ညိုပြီး သြဇာတိက္ကမရှိသော ရပ်မိရပ်ဖ (၅) ဦးကို မြို့နယ်အုပ်ချုပ်ရေးမှူးက ကြီးကြပ်ရေး အဖွဲ့ကို ရွေးချယ်တန်ဝန်ပေးရမည်ဟု ဥပဒေက ပြဌာန်းပါရှိသော်လည်း ကြီးကြပ်ရေးအဖွဲ့ကို လက်ရှိကျေးရွာ အုပ်ချုပ်ရေးမှူးကသာ မြို့နယ်ကို စာရင်းပေးပြီး မြို့နယ်၊ ခရိုင်တို့မှ အတည်ပြုခန့်အပ်တာဝန်ပေးခဲ့သည်။

    ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲမတိုင်မီ ဆယ်အိမ်စုအစုဖွဲ့ခြင်း၊ ဆယ်အိမ်မှူးရွေးချယ်ခြင်းများ လက် ရှိအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာစာရေးတို့၏ အကူအညီဖြင့်သာ ပြုလုပ်ခဲ့သည်။ ဆယ်အိမ်မှူးများထဲမှ အုပ်ချုပ်ရေး မှူး ဝင်ရောက်အရွေးခံရန်ဆန္ဒရှိသူနှင့် အရင်အုပ်ချုပ်ရေးမှူးဟောင်းအများစုက လာဘ်ပေးလာဘ်ယူမှု၊ မဲဆွယ် စည်းရုံးမှု၊ မဲမသမာမှုမျာလည်း ပြုလုပ်ခဲ့ကြသည်။

    “သူမဲဆွယ်တာကို မဆွယ်ပါနဲ့လို့ ကျွန်တော်တို့ တားပိုင်ခွင့် မရှိဘူး။ ဥပဒေလဲ မရှိဘူးပေါ့။ ဒီလိုမဲဆွယ်တာ မဲ ဝယ်တာ မဲမသမာမှုလုပ်တာတွေ ထိရောက်တဲ့ဥပဒေတစ်ခု ပြဌာန်းသင့်တယ်” ဟု ရပ်မိရပ်ဖ (၅) ဦးကော်မတီ တွင် ပါဝင်ဆောင်ရွက်ခဲ့သူ ကိုသန်းဇော် (Community Observer Association) က ဆိုပါသည်။

    အုပ်ချုပ်ရေးနှင့်တရားဥပဒေစိုးမိုးရေးကို အဓိကဇောင်းပေးပြီး လုံခြုံရေးအတွက် ဆောင်ရွက်နေရသည်။ အုပ် ချုပ်ရေးမှူး၏ လုပ်ငန်းတာဝန်များ (၃၂) ချက်ရှိပြီး အစိုးရဝန်ကြီးဌာန၏ အောက်ခြေသိမ်းအလုပ်ဖြစ်သော ဖွား သေစာရင်း၊ ကျောင်းဆရာစာရင်းအပြင် မြေခွန်နှင့် အစိုးရချေးငွေတွေကိုလည်း ကောက်ခံပေးရမည်။

    “ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ယောက်အနေနဲ့ ဝန်ကြီးဌာနအားလုံးရဲ့ အောက်ခြေလုပ်ငန်းတွေကို ဆက်စပ်ဆောင်ရွက်ရတဲ့ အနေထားရှိတဲ့အတွက်ကြောင့် လုပ်ငန်းတော်တော်ကျယ်ပြန့်ပါတယ်။ အားလုံးကို မလုပ်နိုင်ဘူး။ အပြည့်အဝမလုပ်နိုင်တဲ့အတွက်ကြောင့် ငြိုငြင်မှုတွေ ခံနေရတယ်။ ဝန်ပိရင်မနိုင်ဘူး” ဟု မော်လမြိုင်မြို့၊ သီရိ မြိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖြင့် (၈) နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သူ ဦးသောင်းဝင်း (တစ်သီးပုဂ္ဂလလွှတ် တော်ကိုယ်စားလှယ်အဖြင့် ယှဉ်ပြိုင်ခဲ့သူ) ပြောဆိုသည်။

    ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးကို ရွေးချယ်ရာတွင် ပြည်သူ့တို့၏ဆန္ဒမဲအရ ခန့်ထားတာဝန်ပေးအပ်သော် လည်း မြို့နယ်နှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးမျာကို ပြည်ထဲရေးဝန်ကြီးဌာနမှ အစိုးရဝန်ထမ်းများသာ ခန့် အပ်တာဝန်ပေးထားသောကြောင့် ပြည်သူ့ဆန္ဒမပါဝင်ပဲ အစိုးရကသာ အုပ်ချုပ်ရေးယန္တရားကို စီမံခန့်ခွဲနေသည်။

    “အုပ်ချုပ်ရေးမှူးတွေဟာ ကျေးရွာဖွံ့ဖြိုးဖို့အတွက် လုပ်ရတဲ့ဟာက နည်းနည်း၊ မလုပ်ချင်လည်း ရတယ်။ အထက် က တာဝန်ပေးတာကို ကျေပွန်ရင် ပြီးပြီဆိုတဲ့ ပုံစံမျိုးကို တွေ့ရတယ်။ နောက်ပြီး တာဝန်ယူမှု တာဝန်ခံမှုအပိုင်း ကလည်း အထက်ကိုပဲ တာဝန်ယူ တာဝန်ခံတာ လုပ်တယ်။ ကျေးရွာလူထုရဲ့အကျိုးစီးပွားကို တာဝန်ယူ တာဝန် ခံရတဲ့အပိုင်းကိုလည်း ယူရမှာပေါ့” ဟု ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့မှ မင်းဝင်းဗိုလ်က ပြောသည်။

    ရပ်/ကျေးဥပဒေတွင် ပါဝင်သော ပြစ်မှုနှင့် ပြစ်ဒဏ်များ ပြဌာန်းချက်တွင်လည်း ကျေးရွာလူထုတွေအပေါ်၌သာ အရေးယူဆောင်ရွက်ရန် ပါရှိသော်လည်း ယင်းအုပ်ချုပ်ရေးမှူးအတွက် ပြစ်မှူနှင့်ပြစ်ဒဏ်များ ရေးဆွဲဖော်ပြထား ခြင်း မရှိကြောင်း သိရသည်။

    အုပ်ချုပ်ရေးမှူးတစ်ဦး၏ အရည်အချင်းသတ်မှတ်ချက်တွင် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာတွင် တစ်ဆက် တည်း အနည်းဆုံး (၁၀) နှစ် နေထိုင်သူဖြစ်ပြီး လက်ရှိတွင်အမှန်တကယ်နေထိုင်သူဖြစ်ရမည်။ ခြွင်းချက်အနေ ဖြင့် ဒေသခံအငြိမ်းစားဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုအတွင်း နေထိုင်သည့်ကာလကို လှျော့ပေါ့စဉ်းစာနိုင်သည်။

    “လှျော့ပေါ့လို့ရတယ်ဆိုတဲအခါကျတော့ တစ်နှစ်လား၊ နှစ်နှစ်လား၊ အဲဒါ တိတိကျကျ မပါဘူး။ ဖြစ်နိုင်ရင် တန်း တူဖြစ်ဖို့ လိုတာပေါ့” ဟု မင်းဝင်းဗိုလ်က ဆိုပါသည်။

    ရပ်ကွက်/ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးကို ရပ်ရွာကကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိသည့် ပုဂ္ဂိုလ်တစ်ဦးဦး အား ဥပဒေနှင့်အညီ ခန့်အပ်တာဝန်ပေးဆောင်ရွက်စေပြီး အုပ်ချုပ်ရေးလုပ်ငန်းများကို ထိရောက်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရမည်ဟု ဥပဒေတွင် ပြဌာန်းထားသည်။

    “ကျွန်တော်တို့ လုပ်ချင်တဲ့အလုပ်က ကျေးရွာနေပြည်သူလူထုရဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးနဲ့ လမ်းပန်း ဆက်သွယ်ရေးနဲ့ အဓိကကျတဲ့ လုပ်ငန်းတွေကို စေတနာထားပြီး လုပ်ချင်လို့ မဲအရွေးခံရတာပါ” ဟု ကျိုက်ထိုမြို့ နယ် စစ်တောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဖြင့် ရွေးချယ်ခြင်းခံရသူ ဦးသန်းဝင်းက ပြောသည်။

    ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက ခေတ်အဆက်ဆက်မှ ပုံစံအမျိုးမျိုးထားရှိခဲ့ပြီး မြို့များအက်ဥပဒေ (၁၉၀ရ မြန်မာနိုင်ငံအက်ဥပဒေအမှတ် ၃) နှင့် ကျေးရွာအက်ဥပဒေ (၁၉၀ရ မြန်မာနိုင်ငံအက်ဥပဒေ အမှတ် ၆) တို့ကို အသုံးပြုခဲ့ပြီး ဦးသိန်းစိန်အစိုးရလက်ထက်တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကို (၂၀၁၂) ခုနှစ်တွင် ပြဌာန်းခဲ့သည်။ ပြန်လည်ပြင်ဆင်သည်း ဥပဒေတွေလည်း ပြဌာန်းခဲ့သည်။

    “ရပ်/ကျေးဥပဒေကို ပြည်ထောင်စုလွှတ်တော်ကပဲ ရေးဆွဲပြဌာန်းလို့ရတယ်။ အဲဒီမှာ ပြင်ဆင်တာတို့ အသစ်ရေး တာတို့ လုပ်နိုင်တယ်။ ပြည်နယ်လွှတ်တော်မှာက အားနည်းချက်တွေကို တင်ပြဆွေးနွေးကြပြီးတော့ ရလာတဲ့ ဆုံးဖြတ်ချက်၊ အတည်ပြုချက်တွေကို အကြံပြုချက်နဲ့ ပြည်ထောင်စုလွှတ်တော်ကို သဝဏ်လွှာပို့ပေးလို့ရတယ်” ဟု မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ဆိုပါသည်။

    မွန်ပြည်နယ်တွင် ခရိုင် (၂) ခု၊ မြို့နယ် (၁၀) မြို့နယ်၊ မြို့ (၁၆) မြို့၊ ရပ်ကွက် (၁၀၀)၊ ကျေးရွာအပ်စု (၃၆၈) အုပ်စု၊ ကျေးရွာပေါင်း (၁၁၄၇) တို့ဖြင့် ဖွဲ့စည်းထားပြီး အိမ်ထောင်စု (၄၁၀၄၀၀) လူဦးရေ စုစုပေါင်း (၂) သန်းကျော် ရှိပါသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    25,200SubscribersSubscribe
    spot_img

    Latest posts