Homeသတင်းမော်လမြိုင်ဘိလပ်မြေစက်ရုံ MCL လာမည့်နှစ်လယ်ပိုင်းတွင် စတင်လည်ပတ်မည်ဟုဆို

မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL လာမည့်နှစ်လယ်ပိုင်းတွင် စတင်လည်ပတ်မည်ဟုဆို

-

မော်လမြိုင်ဘိလပ်မြေစက်ရုံ Mawlamyine Cement Ltd. (MCL) တည် ဆောက်မှု ပြီးစီးတော့မည် ဖြစ်သည့်အတွက် သတ်မှတ်ချိန်အတိုင်း ၂၀၁၆ ခုနှစ် နှစ်လယ်ပိုင်းတွင် စတင်လည်ပတ်နိုင်မည်ဟု MCL ၏ အုပ်ချုပ်မှုဒါရိုက်တာ Mr.Wijit Terasarun က မွန်သတင်းအေဂျင်စီသို့ ပြောကြားသည်။

လက်ရှိတွင် စက်ရုံဆောက်လုပ်နေဆဲဖြစ်ရာ ကုမ္ပဏီအနေဖြင့် လုပ်ငန်းလည်ပတ်မှုများအတွက် လိုအပ်သည့် စက်ပစ္စည်းများ၊ ကရိယာများနှင့် ကျောက်မီးသွေးများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်တို့ထံမှ ခွင့်ပြုချက်ရယူခဲ့ပြီး သင်္ဘောများဖြင့် တင်ပို့နေပြီဖြစ်သည်။

အုပ်ချုပ်မှုဒါရိုက်တာ Mr.Wijit Terasarun က “MCL အနေဖြင့် စက်ရုံတွင် အသုံးပြုရန် ကျောက်မီးသွေး မစ် ထရစ်တန် ၃ သောင်း တင်ပို့ဖို့စီစဉ်ထားတယ်” ဟု ဆိုသည်။

ကျောက်မီးသွေးများကို သင်္ဘောဖြင့် တင်ပို့နေစဉ် (မင်းအာနွန်)
ကျောက်မီးသွေးများကို သင်္ဘောဖြင့် တင်ပို့နေစဉ် (မင်းအာနွန်)

ထို့အပြင် မကြာခင်အချိန်တွင် စက်ရုံစမ်းသပ်လည်ပတ်မှုသည်လည်း လုပ်ငန်းစဉ်တွင်ပါဝင်သည့်လုပ်ဆောင်ချက်များဖြစ်သည် ဟု Mr.Wijit Terasarun က ပြန်လည်ဖြေကြားခဲ့သည်။

ယခုအချိန်တွင် စက်ရုံအတွင်းသို့ လိုအပ်သည့် ကျောက်မီးသွေးများကို အတ္ထရံမြစ်ကြောင်းကို အသုံးပြု၍ ဖေ ဖော်ဝါရီလ ၂ရ ရက်နေ့ကစပြီး သင်္ဘောများဖြင့် သယ်ဆောင်လှျက်ရှိသည်ဟု ဒေသခံများ၏ပြောပြချက်အရ သိ ရသည်။

“ကျောက်မီးသွေးသင်္ဘော ဆိုက်ရောက်လာရင် ကျွန်တော်တို့က ကားနဲ့ တဆင့်ပြန်သယ်ရတယ်၊ တစ်ခေါက်ကို ၇၅၀၀ ကျပ်၊ (၁၀) ဘီးကားကို အပြည့်တင်မှ အဲဒီကျောက်မီးသွေးက အလေးချိန် ၆ တန်လောက်ပဲရှိတယ်။ သဲ၊ ကျောက်တို့နဲ့ယှဉ်လိုုက်ရင် ကျောက်မီးသွေးအလေးချိန်က အများကြီးပေါ့နေတယ်” ဟု အဆိုပါ ကျောက်မီး သွေးသယ်ဆောင်သည့် လုပ်ငန်းခွင်တွင် လုပ်ကိုင်နေသည့် ကားမောင်းဆရာတစ်ဦးက ပြောသည်။

MCL ဘိလပ်မြေစက်ရုံသည် စက်ရုံလည်ပတ်ခါနီးမှ ကျောက်မီးသွေးနှင့် လည်ပတ်မည်ဟု သိရှိရသည့်အပေါ် ဒေသခံများက သဘောမတူ ဆန့်ကျင်ကြောင်း ကန့်ကွက်လက်မှတ်များ ကောက်ခံလှျက်ရှိသည်။

MCL အနေဖြင့် ၄င်တို့စက်ရုံလည်ပတ်နိုင်ရန်အတွက် ကျောက်မီးသွေးနှင့် ဇီဝစွန့်ပစ်ပစ္စည်းများမှ (၄၀) မဂ္ဂါဝပ် လည်းကောင်း၊ စက်ရုံမှ စွန့်ပစ်သော လေပူ Waste Heat Generator (WHG) မှ (၉) မဂ္ဂါဝပ်ကို လည်း ကောင်း စုစုပေါင်း လှျပ်စစ်ဓါတ်အားပမာဏ (၄၉) မဂ္ဂါဝပ် ထုတ်ယူနိုင်ရန် ဆောင်ရွက်လှျက်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts