spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်သစ်များနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းတို့တွေ့ဆုံ

    မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်သစ်များနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းတို့တွေ့ဆုံ

    -

    မွန်ပြည်နယ်မှ ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အနိုင်ရလွှတ်တော်ကိုယ် စားလှယ်သစ်များနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ တွေ့ဆုံမိတ်ဆက်ပွဲတစ်ရပ်ကို မော်လမြိုင်မြို့ စျေးကြို အဝေးပြေးမော်တော်ကားဝင်းရှိ ကုန်စည်ဒိုင်ခန်းမ၌ ဇန်နဝါရီ(၂၁) ရက်တွင် ကျင်းပခဲ့သည်။

    မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်သစ်များနှင့် CSO များတွေ့ဆုံစဉ်(MNA)
    မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်သစ်များနှင့် CSO များတွေ့ဆုံစဉ်(MNA)

    လာမည့် လွှတ်တော်သစ်သက်တမ်းတွင် မွန်ပြည်နယ်အစိုးရနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်မှုအခန်းကဏ္ဍ မြှင့်တင်နိုင်ရန်အတွက် ယင်းတွေ့ဆုံမိတ်ဆက်ပွဲကို ပြုလုပ်ခြင်းဖြစ်သည်ဟု ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့မှ မင်းဝင်းဗိုလ်က ပြောသည်။

    မင်းဝင်းဗိုလ်က “မျှော်လင့်ချက်ကတော့ ဒီပွဲတစ်ခုထဲမဟုတ်ဘူး၊ အရပ်ဘက် လူမှုအဖွဲ့ အစည်းတွေက ဘာသာရေး လူမျိုးရေး ပါတီရေးကိစ္စတွေရဲ့ လွှမ်းမိုးမှုမရှိဘူး၊ သီးခြား လွတ်လပ်တယ်။ ပြည်သူ့အတွက်ပဲ အလုပ်လုပ်မယ်ဆိုတဲ့ အဖွဲ့တွေ လွှတ်တော်ကိုယ်စားလှယ်တွေ အစိုးရအဖွဲ့တွေက မြင်သွားတယ် သိသွားတယ်ဆိုတော့ သူတို့ရဲ့ ယုံကြည်မှုပိုရလာတယ်” ဟု ပြောသည်။

    အဆိုပါတွေ့ဆုံပွဲမှတဆင့် လာမည့်အစိုးရ၊ လွှတ်တော်နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများအကြားတွင် ပူးပေါင်း ဆောင်ရွက်မှုကဏ္ဍများနှင့် ပြုပြင်ပြောင်းလဲရေးကဏ္ဍများတွင် အထောက်အကူဖြစ်စေမည်ဟုလည်း ၄င်းက ဆက်ပြောသည်။

    အခမ်းအနားတက်ရောက်သူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက “ကျနော် ပြီးခဲ့တဲ့ ငါးနှစ်သက်တမ်းမှာရော အခုသက်တမ်းရောပဲ ကျနော်စိတ်က ပြည်သူတွေက လိုချင်နေတဲ့ အုပ်ချုပ်မှု အပိုင်းမှာ တရားမျှတမှုရှိဖို့အတွက် ရပ်တည်ဆောင်ရွက်သွားမယ်၊ နောက်ပြီးတော့ စီမံကိန်းတွေအနေနဲ့ မွန်ဒေသ မွန်ပြည်သူတွေကြားမှာ ပြုလုပ်ဆောင်ရွက်နေတာတွေ တကယ်လို့များ ထိခိုက်ပျက်စီးမှုတွေရှိရင် မထိခိုက် မပျက်စီးရအောင် ရပ်တည်ဆောင်ရွက်သွားမယ်” ဟု ပြောသည်။

    မွန်ပြည်နယ်တွင် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် (၄၅) ဦးရှိရာ အဆိုပါတွေ့ဆုံပွဲ အခမ်းအနား သို့ အားလုံးဖိတ်ကြားထားသော်လည်း လွှတ်တော်ကိုယ်စားလှယ် (၄) ဦးသာ တက်ရောက်နိုင်ခဲ့သည်ကို တွေ့ရှိရသည်။

    အလားတူတွေ့ဆုံပွဲကို ယခုလအတွင်း မော်လမြိုင်မြို့ မြိုင်သာယာ ရပ်ကွက်တွင်ရှိ ဖွံ့ဖြိုးရေးမဏ္ဍိုင် (LRC) ရုံး၌ ပထမအကြိမ်ပြုလုပ်ခဲ့ပြီး ယခုတွေ့ဆုံပွဲသည် ဒုတိယအကြိမ်ဖြစ်သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks